Monday, July 13, 2009

သီချင်းလေး နှင့် မေ့ခြင်း အကြောင်း

ပျင်းနေလား?
ဒီသီချင်းလေး
နားထောင်သွားနော်။ ဒီနေ့ ဂျာမနီက သူငယ်ချင်းအောင်ပို့ပေးတာပါ။ အောင်ရေ ကျေးဇူးတင်ပါတယ်။

သီချင်းလေးနားထောင်ပြီးသွားရင် ဂျာမနီက စိတ်ပညာရှင် Hermann Ebbinghaus အကြောင်းလည်း ဗဟုသုတ ယူသွားဦးလေ။ (ဘယ်ရမလဲ တခါတည်း စာသင်လိုက်မယ်။ :P ဟုတ်တယ်လေ။ ကိုယ်ချည်းပဲ အသင်ခံနေရတာ)

Hermann Ebbinghaus က ဟိုတနေ့က တင်တဲ့ learning graphကို စတင်သုံးစွဲခဲ့သူပါ။ သူက အဲဒီဂရပ်အပြင် မေ့ခြင်းဂရပ်ကိုပါ တီထွင်ခဲ့ပါတယ်။

မေ့လျော့ခြင်း ဂရပ်ဆိုတာကတော့ အချိန်ကို လိုက်ပြီး မှတ်ဥာဏ်စွမ်းရည် လျော့ကျနှုန်းပြတဲ့ ဂရပ်ကို ဆိုလိုတာပါ။ ၆ ရက်အတွင်းမှာ ကျသွားတဲ့ မှတ်မိနှုန်းကို ပြတာပါ။ ပထမဆုံးနေ့ စမှတ်မှတ်ခြင်းမှာ မှတ်မိနှုန်းဟာ အမြင့်ဆုံးပါ။ အသစ်အသစ်တွေကို လေ့လာရင်း စမှတ်တဲ့နေ့ချင်းမှာတင် မှတ်မိနှုန်းက လျော့ကျသွားနေတာ တွေ့ရမှာပါ။


Hermann Ebbinghaus ၏ အဆိုအရ လူသားတွေဟာ တနေ့ပြီး တနေ့ ရက်တွေလတွေ ကြာလာတာနဲ့အမျှ အသစ်အသစ်သော အသိပညာတွေကို မှတ်ဖို့ ကြိုးစားကြရတဲ့အခါ နောက်ထပ် ဒီစာ(အသိပညာ)တွေကို ပြန်မနွေးခဲ့မိရင် (သိစိတ်နဲ့ review သို့မဟုတ် repitation မလုပ်ခဲ့ရင်) မေ့သွားဖို့ များပါတယ်။

(အဲ..မေ့သွားတာပါ။ brain ထဲကနေ ပျောက်သွားတာတော့ မဟုတ်ပါဘူး။ အဲဒီအကြောင်းတော့ နောက်များမှ ရေးဦးမယ်နော်။)

မေ့တဲ့နှုန်းကတော့ လူတစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ မှတ်ရတဲ့ အကြောင်းအရာပေါ်မှာလည်း မှုတည်ပါတယ်။ မှတ်ရတဲ့ အကြောင်းအရာက အဓိပ္ပါယ်ရှိတဲ့ စကားလုံးလား? အဓိပ္ပါယ်မရှိတဲ့ စကားလုံးလားဆိုတာလဲ ကွာသေးတယ်။

အဓိပ္ပါယ်မရှိတဲ့ စကားလုံးသာဆိုရင် ကိန်းအလွတ် (၅လုံးကနေ ၉လုံးကြား)ကိုပဲ တပြိုင်တည်း မှတ်နိုင်တာလေ။ ဥပမာ ဖုန်းနံပါတ်တွေ ကို မှတ်တဲ့ အခါ သူလာချင်တဲ့ ဂဏန်းလာတာဆိုတော့ စစချင်း မှတ်ရခက်တယ်။ အဲဒီအခါ ဖုန်းနံပါတ်တွေကို ခေါ်တဲ့အခါ ၀၉၅-၀၉-၃၄၇-၆၈၂၁ စသည် ဖြတ်ဖြတ်ပြီး မှတ်ရတယ်။ ကုန်းဘောင်မင်း၁၁ဆက်( လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်၊ဘိုး၊ ဘ၊ သာ၊ ပု၊မင်း၊သီ ) စသည်ကို မှတ်ရလွယ်အောင် ကဗျာစပ်ပြီး မှတ်တာမျိုး။

အဲလို နည်းကိုသုံးခြင်း၊ မသုံးခြင်း အပေါ်မူတည်ပြီးလည်း မှတ်ဥာဏ်ရဲ့ စွမ်းအားက အပြောင်းအလဲရှိတော့ မေ့ခြင်းကလည်း အပြောင်းအလဲ ရှိတာပေါ့။ နောက်တချက်က stress များလို့ ၊ ဒါမှမဟုတ် အိပ်ရေးပျက်လို့ စသည် ခန္ဓာကိုယ်ဇီဝဆိုင်ရာ အချက်အလက်ကြောင့်လည်း မေ့တတ်ပါတယ်။ ဒါတွေကတော့ တစ်ဦးနဲ့တစ်ဦးကတော့ ဘယ်လိုမှမတူနိုင်ဘူးလေ။

မေ့လျော့ခြင်းကို လျော့ကျစေတဲ့ နည်းလမ်းအချို့ ကတော့
၁. Mnemonic techniques လို့ ခေါ်တဲ့ အခုနကလို ကဗျာစပ်ခြင်း၊ စကားလုံးတူဖွဲခြင်း စသည်...
၂. Repetition ပါ။ ဒါကတော့ အများသိပြီးသားပဲ။ အချိန်ကာလ အတိုလေးတွေ ဖြတ်ပြီး ခဏခဏ ပြန်နွေး ကျက်မှတ်ခြင်း ။ ပထမအကြိမ်မှာ အချိန်များများယူပါ။ ပထမအကြိမ်ကျက်မှတ်ပြီးစာကို ဖြစ်နိုင်ရင် ရက်ပိုင်း အတွင်း (၃-၆ရက်အတွင်း) ဒုတိယအကြိမ် ကျက်မှတ်ပေးခြင်းအားဖြင့် မေ့လျော့ခြင်းကို ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်..တဲ့။

(လသာညရဲ့ ပရော်ဖက်ဆာကတော့ အဲဒါကို သုတေသန အများကြီးလုပ်ပြီး မှတ်ဥာဏ်အကြောင်း ဆန့်ကျင်ဖက်သီအိုရီအသစ်တစ်ခု ထုတ်နေလေရဲ့။ :D)

ကျောင်းတွေမှာ လေ့လာချက်အရ ပုံမှန်အားဖြင့် ကျောင်းသားအများစုဟာ လေ့လာပြီး နောက်တကြိမ် repitation မလုပ်မိတဲ့အခါ ၃ ရက်မှ ၆ ရက်အတွင်း မေ့နိုင်တဲ့ပမာဏဟာ သင်ခန်းစာတွေ၏ ၁၀% ဖြစ်တာကို တွေ့ရပြီး ၎င်းနောက်ပိုင်းမှာ ၉၀% ကို မေ့သွားကြတာတွေ့ရပါတယ်လို့လည်း ဆိုပါတယ်။ ကဲ့ မမေ့အောင် ဘာလုပ်ကြမလဲ.. (မမေ့အောင် အစကတဲက မမှတ်ပဲ နေမှထင်တယ်နော၊သဘောတူလား :P)

လသာည ဖြစ်ပါသည်။

6 comments:

DEVIL said...

ကောင်းတယ်ဗျို့ .............

Lucifer said...

အင်း.... အကောင်းဆုံးကတော့ မမေ့အောင် မမှတ်ဘဲးထားတတ်တာဘဲး.. သဘောတူတယ်...

Lucifer said...

မမေ့အောင် အမှတ်တရလေးချန်ခဲ့ရင် မမေ့တတ်ပါဘူး.. အခြေအနေနဲ့အချိန်ခါပေါ်မှာတော့ မူတည်တယ်လေ..

Unknown said...

ဖြစ်ရမယ် ဆရာမရယ်....

မေ့ပင်စိုက်ခိုင်းရင်တောင် မေ့နေတဲ့လူဗျ...
သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ်.. ငါမေ့တတ်တယ်လို့ပြောတော့ သူက မင်းအဲဒါ တခုခုကို မှတ်မယ်ဆိုရင် ဓါတ်ပုံရိုက်သလို ရိုက်ယူထားလိုက်တဲ့ မျက်စိထဲရော ဦးနှောက်ထဲရောတဲ့...

ဒါပေမယ့် တခုတော့ရှိတယ်.. အစွဲအလန်းကြီးတယ်...
ဒါနဲ့ ဆရာမ ကျနော်က အရမ်းမေ့တတ်တယ်
အစွဲအလန်းနဲ့ မေ့တတ်တာနဲ့ ဘယ်လိုကွာလည်း...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

လသာည said...

devil>> လာဖတ်တာ ကျေးဇူးနော်။ စာကြီးပေကြီးတော့ မဟုတ်ပါဘူး။ ဝေဖန်ပေးတာကို ကျေးဇူးအထူးတင်ပါတယ်။ နောက်လည်း လာဝေဖန်ပါ။
ကြယ်လေး>>ဟုတ်တယ်။ ဒါကြောင့် ကြယ်လေး မေ့မှာစိုးလို့ ကြယ်လေး အိမ်မှာ လာလာပြီး ခြေရာချန်ရတာ။ :P
ကိုပြည့်စုံ>> တပည့်လေးရေ မှတ်ဥာဏ်ထဲမှာ ရှိပြီးသားအရာ (ကျက်စာ)တွေကို ပြန်မနွေးနိုင်တဲ့အခါ မေ့တတ်တယ်။ အသစ်သစ်တွေ အမြဲဝင်နေတာကိုး။ အသစ်ကို မှတ်ဖို့အတွက် ခဏမေ့သွားတဲ့ မှတ်ဥာဏ်ကို ပြန်မနွေးရင် သူကတကယ်မေ့သွားနိုင်တယ်။
အစွဲအလမ်းကြီးတယ်ဆိုတဲ့ လူတွေက ဘာလို့ အစွဲအလမ်းကြီးသွားရလဲဆိုတော့ သူက(ဘယ်သူမှ မခိုင်းပဲ)မကြာခဏ ပြန်ပြန်နွေး. အဲ ပြန်ပြန်တွေးနေတာဆိုတော့ မေ့ဖို့ အချိန်မရတော့ဘူးလေ။ အခုလည်း ကိုပြည့်စုံရဲ့ ဇူလိုင်၁၀-ရက်နေ့ဖွားချစ်သူလေးကို ကိုပြည့်စုံက အမှတ်တရ ပို့စ်လေး ရေးပြီး မမေ့မလျော့ကြောင်း အစွဲအလမ်းကြိးပါကြောင်း ဖော်ပြပေးတယ်မဟုတ်လား။ နေရာတိုင်းမဟုတ်ပေမဲ့ ဒိလိုနေရာမျိုးမှာ အစွဲအလမ်းကြီးတာကောင်းပါတယ်။ လသာညလည်း အစွဲအလမ်းကြီးတတ်တယ်။ အခုထိ ကျွန်မကိုကိုနဲ့ စတွေ့တဲ့နေ၊သူဘာပြောခဲ့သလဲဆိုတာ ဘယ်တော့မှမမေ့ဘူး။ ဘယ်မေ့မလဲ အမြဲ ဒါပဲတွေးနေဖြစ်တာလေ။ဟားဟား။နှစ်ယောက်ဆုံရင် ဘယ်သူက ပိုမှတ်မိလဲ ပြိုင်နေကြ။ဒီတော့ မေ့လို့ကိုမဖြစ်ဘူးလေ။ ကိုပြည့်စုံလည်း အစွဲအလမ်းကြိးသူဆိုတော့ သေချာပေါက်နိုင်မှာ သေချာတယ်။
အစားအသောက်ကို အစွဲအလမ်းကြီးတာကျတော့ ဒါကတော့ လူတကိုယ်အကြိုက်တမျိုးဆိုတော့ ရောဂါရမယ့်အစားအသောက်ကို အစွဲအလမ်းကြိးတာကလွဲရင် ဒါလည်း မဆိုးပါဘူး။
ဟားဟား တွေးမိတာတွေ လျှောက်ရေးမိသွားပြီ။ အချုပ်ပြောရရင် အစွဲအလမ်းကြီးတာ ကောင်းပါတယ်လို့။ ခင်မင်စွာဖြင့်

Unknown said...

ကျေးဇူးပါ ဆရာမ

အချိန်တိုင်းပေါ့...
တခါတလေ သတိမရချင်တာတွေပါ သတိရရလာတာဗျ...
ဟဲဟဲ အရင်က ဇာတ်လမ်းတွေမဟုတ်ဘူး အရင်ကဇာတ်လမ်းက ဟန်ထွန်း ကျနော်ဟုတ်ဘူး..
အစွဲအလန်းကြီးလားတော့မသိဘုး..
ခံစားမှုတွေ ကဗျာတွေဖြစ်ကုန်ရော မဟုတ်တာတွေရော မမှန်တာတွေရော... ဟဲဟဲ..

ဒါပေမယ့်ဗျာ...
တခါတလေ ထိတယ်ဗျ.. စွဲလန်းမှုတွေက ကိုယ့်ကို ပြန်ပြီးဝေဒနာပြန်ပေးတယ်နော်....

အမှောင်တွေကို လမ်းပြပေးတဲ့ ဆရာမ လသာညလေးရေ ...
ကျေးဂျူး ကမ္ဘာဆိုင်ရော

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)