Tuesday, July 14, 2009

တောင်ပေါင်းများစွာ

ဒီနေ့ပေါ့။ ဒီအပတ်အတွင်း first semester က အတန်း ၃-ခု ပြီးမယ်၊ နောက်တပတ်မှာ ၂ -ခု၊ လကုန်မှာ ၅-ခု ပြီးမယ်၊ လို့ ကျောင်းပိတ်ရက်ကို တွက်ပြီး အရမ်းပျော်နေတာ။ အဲဒါ အခု ညနေမှာ ဆရာက နောက်ထပ် အင်္ဂလိပ်လို ရေးထားတဲ့ test theory စာအုပ်တစ်အုပ်ကို လာပေးပြီး “ဒါကို ဂျပန်လို ပြန်ပြီး ၈-လပိုင်းထဲမှာ အပြီးတင်ရမယ်”တဲ့။ စိတ်ပိန်တယ်။ တော်တော်ရက်စက်တဲ့ဆရာ။

အဲလောက် ဂျပန်စာ ကျွမ်းနေရင် ဘာသာပြန်ပဲ လုပ်စားတော့မှာပေါ့။ မြန်မာလိုဆိုလဲ တော်သေးတယ်။ အဲလိုဆို စာကို လုပ်ကိုမလုပ်ချင်ဘူး။ ကျောင်းပိတ်ခါနီးလို့ တိုကျိုမှာ ၂ ပတ်လောက်နားမယ်။ ပြီးရင် မိဆိုးလေးတို့ဆီ လျှောက်လည်မယ်လို့ စဉ်းစားထားတာကို။ (:-.-;)။

အင်း. မောသွားတာပဲ။ ဘယ်တတ်နိုင်မလဲလေ။ ကဗျာလေးတောင် ရှိတယ်မို့လား။ တတောင်ပေါ် တတောင်ဆင့် တောင်အမြင့် ပတ်ခြာရံ၊ တတောင်ဆုံးပြန်တော့ တလုံးကျန်ပြန်လေသမို့၊.....အဲ.. ..မရတော့ဘူး။ အီး..ဟီးး။

အခု သီချင်းလေးပဲ နားထောင်ရင်း


လာလည်တဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကောင်းကောင်းမကောင်းကောင်း လာဖတ်ပြီး အားပေးနေတာ တကယ်ကျေးဇူးတင်ပါတယ်။
ဒီအပတ်ထဲ စာရေးဖြစ်မှာ မဟုတ်သေးဘူးရယ်။
ခင်မင်စွာဖြင့်
လသာည ဖြစ်ပါသည်။

3 comments:

Lucifer said...

နောက်တစ်တောင်ရှိတော့လည်း ဆက်တတ်ပေါ့...
ကောင်းတာမကောင်းတာ အရေးမှ မကြီးတာ .. စာကိုရေးနိုင်တဲ့ အစွမ်းကပို တန်ဖိုးရှိတယ်လေ....

nyocho said...

ဒီသီချင်းလေးအဓိပ္ပါယ်တော်တော် လေးနက်တာပဲ။ ကြိုက်တယ်။ စိတ်မညစ်ပါနဲ့။ nyochoတို့ ရှိပါတယ်။ အခုရက်နည်းနည်း မအားလို့ မလာဖြစ်တာပါ။ တောင်အတူတူတက်ကြတာပေါ့။

Unknown said...

နေ့ပေါင်းများစွာ ညပေါင်းများစွာ .....
တတောဝင်၍ တတောင်ကျော်.... တပင်မှာနား... ဟိဟိ... ရဘူး.. ၀ါးကြည့်တာ...

သူငယ်ချင်း ဆရာမလေးရေ...
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်တဲ့.... ငါပြောတာမဟုတ်နော်.. ကြားဘူးတာ...
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲရှိတယ်တဲ့... ဟိဟိ.. ငါပြောတာမဟုတ်ပြန်ဘူးနော်... နပိုလီယံနော်...

သူငယ်ချင်းရေ...
အားမငယ်ပါနဲ့ တနေ့တလံ ပုဂံဘယ်မှ မရွေ့ဘူး..

ဒါပေမယ့် ငါ့သူငယ်ချင်း ဆရာမလေး ဒီအတောအတွင်း အလုပ်များနေမယ် မအားဘူးဆိုတော့လည်း ပျင်းသားဟ...

အစစ အဆင်ပြေပါစေ...

သူငယ်ချင်း ဆရာမလေးရေ..
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)