Tuesday, July 21, 2009

ဟာ..အသက်တစ်နှစ်ကြီးပြန်ပြီ

သြော်..ဘာမှသာ မဖြစ်မြောက် မတိုးတက်သေးတာ အသက်ကအသက်တစ်နှစ်ကြီးပြန်ပြီနော်..။ (><) ဟုတ်တယ်လေ အသက်က တစ်နှစ်ပြီး တစ်နှစ်ကြီးလာတာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာသေးဘူးးး။

အသက်၂၀ ကျော်ပြီးကတဲက မွေးနေ့ဆိုတာ အသက်တစ်နှစ်ကြီးပြန်ပြီလို့ ကြေငြာတဲ့ပွဲမိုလို့ သိပ်မကြိုက်သလိုပဲ။ ဒါပေမဲ့ မွေးနေ့ကိတ်ကိုတော့ အသေကြိုက်..။မွေးနေ့ဆုတောင်းပို့တဲ့သူက ဂရုတစိုက်ပို့ပေးမှ သတိရတယ်။ ကော်ဖီနဲ့ မုန်တိုက်ဖို့လေ မေ့နေတာ ဟဲဟဲ။ ဧည့်ခံ နောက်ကျသွားတာ ဆောရီးနော်.. မိဆိုးလေး။ဒါကြောင့် မိဆိုးလေးကို ...လဘုလဘု (ဂျပန်လို ပြောတာ၊ ဟားဟား)။။
ချောကလက်ကြိုက်သူအတွက်နော်။
ဖယောင်းတိုင်က သက်စေ့လေ ဟဲဟဲ။ ဟော ..ပြောမှ သူရေကြည့်တောမယ် :P
မမှားနဲ့နော်။ အလုံးလေးတွေက သက်စေ့လုပ်တာမဟုတ်ဘူးရယ်။ ဒီဇိုင်းသက်သက်...
ဒါကတော့ အရမ်းကောင်းတာ စိတ်ကူးနဲ့တင် အိုအိရှိ.....။

တကယ်ပါကွာ။ ဒီနှစ်မွေးနေ့မှာ ဘယ်သူမှ အနားမှာ မရှိကြဘူး။ ကိုယ်လေတစ်ယောက်တည်း အထီးကျန်.အဲ အမကျန်နေ..တယ်။

ကိုယ်ကသာ နည်းနည်းပျင်းနေတာ lab ထဲက ဆရာနဲ့သူငယ်ချင်းတွေက မွေးနေ့ပွဲလေးလုပ်ပေးမလို့ စီစဉ်နေကြလေရဲ့။ ဆရာက ဂရုစိုက်ရင်လည်း ....အဲလို။ ခိုင်းရင်လည်း မျက်နှာတောင် မကြည့်ဘူး ခိုင်းတာ။ ဒါပေမဲ့ မွေးနေ့ပွဲလုပ်ပေးတာမို့ ကျေလိုက်ပါတယ်။ ထုံးစံအတိုင်း ကိတ်မုန့်လေးစားပြီး မပြန်မချင်း နှစ်နာရီလောက် ခေါင်းလေးတညိတ်ညိတ် လုပ်ရမယ်။ ဒါပေမဲ့ ပြောလို့ပြောရတာ ဒီက ကိတ်မုန့်တွေက ဘယ်လောက်စားစား မအီဘူးရယ်။ တအားစားကောင်းတာ။

ညွှန်းပြီးပြီ..နော်။ လာနိုင်တဲ့သူဆို တကယ်ပဲ ကျွေးချင်ပါတယ်။ လာမလား..အားလုံးကို ၀က်လက်ကမ်းနော်။ :P

လသာည၏ လတ်တလော ဆန္ဒတစ်ခု အမြန်ဆုံး ပြည့်ဝနိုင်ပါစေလို့ နည်းနည်းလောက် ကူဆုတောင်းပေးသွားပါဦးနော်။

အားလုံး အဆင်ပြေရွှင်လန်းကြပါစေ။

3 comments:

kyalkalay said...

happy birthday
ပျော်ရွှင်ပါစေ

rose of sharon said...

Happy Birthday Latharnya:
with all best wishes,
Rose of Sharon :)
(ပြည့်စုံဘလော့ကတဆင့်ရောက်လာတာ... နောက်လဲလာလည်မယ်)

စည်သူ said...

ဟာ...

ဟိုဘက်ကိုသွားလိုက်
ဒီဘက်ကိုသွားလိုက်
သွားရင်းနဲ့ ဆင်းလိုက်....အဲဟုတ်ပေါင်
သွားရင်းနဲ့စားလိုက်
စားရင်းနဲ့သွားလိုက်

...အဲလို သီချင်းလေးတကြော်ကြော်နဲ့ လိုက်ဆင်းနေတာ
ဟီးဟီ ဒီတစ်ခါတော့ပွပြီး..။

ပထမဆုံးအကြိမ်ဆိုပေမယ့်
ပျော်တတ်သူမို့
ဘာ...ဘာ...ဘာ...အို အိ ရှိ
စားမယ်..။

ပျော်ရွှင်စွာဖြင့်
စည်သူ။