Monday, July 27, 2009

အဖေကမွေး၊ အမေက ကျွေး

တကယ်ပြောတာ။ မယုံဘူးလား။ ဒီဗီဒီယိုလေး ကြည့်လိုက်။ အမေက ကလေးမွေးလို့ မရလို့ အဖေကမွေးပေးတယ်။ အမေကနို့တိုက်တယ်။ မယုံရင်ပုံပြင်မှတ်။ အခုဆို ကလေး နှစ်ယောက်တောင် ရသွားပြီရော။ အားကျတဲ့သူရှိရင် လေ့လာသွားနော်။ :P



အခုခေတ် ဟိုမုန်းဆေးတွေစွမ်းလာပြီနော်။ လသာည သူငယ်ချင်းတွေမှာရော အဲလို မွေးချင်တဲ့လူ မရှိဘူးလား။ သူကတော့ ကလေးမွေးရတာ ပျော်လွန်းလို့ မနှစ်က တစ်ယောက်မွေးတယ်။ ဒီနှစ်တစ်ယောက်မွေးတယ်။ တော်တော်ဟုတ်နေတာ။ ဟားဟား။

သူ့လိုလူတွေများလာရင် ယောကျာ်းများ ကလေးမွေးဆေးရုံ သီးသန်ထားလာကြမယ် ထင်တာပဲ။ သူ့ကြောင့် ဟိုမုန်းဆေးထုတ်ကုမ္ပဏီလည်း တော်တော်နာမည်ကြီးနေပြီ။ ၀ယ်ချင်သူများရှိရင် သူဆီဆက်သွယ်လိုက်နော်။ "(^0^)" ။

သူ့နာမည် Thomas Beatie ။ သူ့မိန်းမနာမည်က Nancy Beatie တဲ့။

သြော်..သူ့အကြောင်း လှို့ဝှက်ချက်တစ်ခုလည်း ရှိသေးတယ်။ ပြောဖို့မေ့သွားတယ်။ ဒါပေမဲ့ အခုဗွီဒီယိုကနေ သိသွားပြီမဟုတ်လား။ မပြောတော့ဘူး။ မသိသေးတဲ့သူတွေကိုတော့ သိတဲ့သူတွေက ပြောပြလိုက်တော့။ :p

သူငယ်ချင်းနဲ့ စာလုပ်နေရင်း သူအပြင်သွားတုန်း ကွန်ပျူတာ ယူသုံးပို့စ်ရေးလိုက်တာ။ အချိန်မရလို့ နောက်မှ :P ။ အခုတော့ တာ့တာ။

4 comments:

kyalkalay said...

မိန်းမမယူတော့ဘူး
ကိုပဲ အဖေ ကိုပဲအမေလုပ်တော့မယ် :P

rose of sharon said...

ဗွီဒီယိုကြည့်လိုက်မှရှင်းသွားတယ်... ဒီလိုဆိုတော့လဲမထူးဆန်းပါဘူး...

Lucifer said...

ဟဟ ကောင်းတာ..

လသာည said...

ကြယ်ကလေးရေ မင်းတစ်ယောက်တည်း ဆို ဖြစ်ပါ့မလား။ သြော် ..ပျင်းစရာကောင်းနေမလားလို့ပါ။

ဟုတ်တယ် အစ်မရိုစ်။။ သူက မိန်းမဘ၀ကနေ ယောက်ျားဘ၀ကို ခွဲစိတ်ပြောင်းထားတာ။ လက်ရှိမိန်းမက ကလေးမွေးလို့မရတော့ သူကတာဝန်ယူမွေးရတာ။ သူ့ဆီမှာ မိန်းမဘ၀ သားအိမ်ကြီးကကျန်နေသေးတော့ တော်သေးတာပေါ့။ ဒါပေမဲံ ကလေးနို့တိုက်စရာ ပစ္စည်းက မရှိတော့ဘူးဆိုတော့ သူ့မိန်းမက ဟိုမုန်းစားပြီး နို့ထွက်အောင်လုပ်လို့ ကလေးကိုနို့တိုက်တယ်လေ။

ကြယ်လေး (မမီး)ကိုပြောတာ)ရေ.. အဲလိုတဲ့ ကောင်မလေးရေ..။ဟားဟား ဘာမှန်းမသိပေမဲ့ ရယ်စရာတော့ကောင်းနေတယ်။ နှုတ်ခမ်းမွေးနဲ့ ဗိုက်ကြီးသည်က လိုက်မှ မလိုက်တာနော :P

:P ။ အိမ်မှာ မရှိတဲ့ရက်ကိုလည်း လာလာပြီး မန့်ပေးကြတာ အရမ်းကို ကျေးဇူးတင်ပါတယ်။