Sunday, July 12, 2009

စိတ်မညစ်နဲ့ အားလုံးကောင်းသွားမှာ

လူတစ်ယောက်နဲ့ တစ်ယောက်သည် အရည်အချင်း၊ အထုံဝါသနာ၊ မျိုးရိုးဗီဇ၊ ကြီးပြင်းရာပတ်ဝန်းကျင် စတာတွေ မတူကြဘူး။ ဒီတော့ လူနှစ်ယောက် ဘာသာရပ်တစ်ခုကို လေ့လာချိန်တူရင်တောင် တတ်မြောက်ဖို့ ကြာမြင့်ချိန်အတိုင်းအတာ မတူကြဘူး။ တိုးတက်မှုကို ဂရပ်ဆွဲကြည့်ရင် learning graphs တွေ မတူနိုင်တာကို တွေ့ရတယ်။

Learning curves

A useful phenomenon to understand as a prelude to mnemonics, is that of learning curves. These are best explained with the aid of a diagram.



အခုပုံမှာဆိုရင် ဘာသာတစ်ခုကို စလေ့လာတဲ့အချိန်မှာ curve A လိုမျိုး တတ်မြောက်မှုနှုန်း မြန်ဆန်သလောက် ပြီးခါနီးလေ တတ်မြောက်မှုနှေးလေပဲ။ curve B ကျတော့ ပထမပိုင်း သိပ်မတိုးတက်ဘူး။ လေ့လာတာ ကြာလာတာနဲ့ အမျှ တိုးတက်မှုမြန်လာတာမျိုး ဖြစ်တယ်။

ကာလအချိန်ယူ လေ့လာရတဲ့ အခါမျိုးကျတော့ curve C လိုမျိုး လှိုင်းတွေ ဖြစ်လာတယ်။ တိုးတက်မှုက နှေးလိုက်၊ တခါတရံ ရပ်တန့်လိုက် ဖြစ်နေတဲ့ ကာလက ရှိလာတယ်။ ထိုကာလကို Plateauလို့ ခေါ်တယ်။ လှိုင်းအသွင်ဖြင့် မှတ်ဥာဏ်စွမ်းရည်ဆိုပြီးရေးဖူးတယ်လေ။ ဒီလိုမျိုး ဖြစ်လို့များ စိတ်မညစ်ပါနဲ့တဲ့ ဘယ်လောက်တော်တဲ့သူပဲ ဖြစ်ဖြစ်၊ ထိုကာလကတော့ ရှိပါတယ်။


ဖြစ်ရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုး ရှိတယ်။ အချိန်ကြာလာတော့ ခန္ဓာကိုယ်ပင်ပန်းလာလို့၊ စိတ်ဝင်စားမှုလျှော့နည်းလာလို့ (ဘယ်လောက်စိတ်ဝင်စားတဲ့ အရာပဲဖြစ်ဖြစ် စိတ်မပါတဲ့ တချိန်ချိန်တော့ ရှိတာပဲ။ ဒါကြောင့် အမြဲချစ်တယ်ဆိုတိုင်း စိတ်မချလိုက်နဲ့ မယုံနဲ့လို့ ( နှစ်သက်ခြင်း နှင့် မနှစ်သက်ခြင်း)မှာ ပြောဘူးတယ်။ မှတ်မိတယ် ဟုတ် :P)၊ ဘာသာရပ်နဲ့ ကျက်မှတ်လေ့လာနည်းကသိပ်မကိုက်တော့လို့၊ ဘာသာရပ်က အလွယ်အခက်က ပုံမှန်မရှိလို့ စသည်တို့ ကြောင့် ဖြစ်နိုင်ပါတယ်။

အဲဒီကာလက မင်းလေ့လာနေသမျှ ကာလပတ်လုံး တွေ့နေရမှာပါ။ ဘာသာရပ်တစ်ခု စသင်ပြီး သိပ်မကြာခင်တွေ့ရတဲ့ ပထမဆုံး အကြိမ်က ပိုကြာတတ်တယ်။ပထမဆုံး အကြိမ်မှာ မင်းစိတ်လျှော့လိုက်တာနဲ့ ထိုဘာသာရပ်ဟာအစမှာတင် ရပ်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အကြိမ်မှာ မင်း စိတ်မပျက်ပဲ ကြိုးစားလိုက်ရင် မင်းရဲ့ ဂရပ်က တိုးတက်မှုဘက်ကို ဦးတည်နေမှာပါ။

အကြိမ်ပေါင်းများစွာ တက်လိုက်ကျလိုက် ရှိနေမဲ့ မင်းရဲ့ တိုးတက်မှု့ကို စိတ်ဓါတ်မကျပဲ လူတိုင်းဒီလိုပဲ ဖြစ်နေကျပဲလို့ မင်းနားလည် လက်ခံလိုက်ပါ။ ပြီးရင် အဲဒီဘာသာရပ်ကို ဇွဲနဲ့ လေ့လာလိုက်ပါ။ တနေ့မှာ မင်းပန်းတိုင်ကို ရောက်မှာပါ.။ လောကကြီးမှာ အခက်ဆုံးဘာသာရပ်မရှိပါဘူး။ အလွယ်ဆုံး ဘာသာရပ်လည်း မရှိပါဘူး။ မင်းကြိုးစားမှုအပေါ်မူတည်တာပါ...တဲ့။

ကဲ.. ဇွဲမလျှောနဲ့။ လသာညလည်း Plateauကာလကနေ လွတ်အောင် အခုကို ကြိုးစားနေရတယ်။ \\(^v^)//

လသာည ဖြစ်ပါသည်။

မှတ်ချက် မာစတာ ၀င်ခွင့်စာမေးပွဲဖြေတုန်းက အတွေ့အကြုံနှင့် ကျက်မှတ်ခဲ့သော မှတ်ဥာဏ်အကြောင်း လေ့လာချက်များကို ပြန်ရေးထားခြင်းသာ ဖြစ်ပါသည်။ စာကျက်မရလို့ စိတ်ညစ်နေချိန် ဒါလေးဖတ်လို့ အားပေးရာ ရောက်မယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။ အားလုံး အဆင်ပြေပျော်ရွှင်ချမ်းမြေ့ကြပါစေ။

3 comments:

Unknown said...

ဟုတ်တယ်နော်...

လူ့စိတ်က ပြောရခက်သားဗျ....

ကိုယ့်ကိုကိုယ် ပြန်အားပေးတဲ့သဘောပေါ့နော်....

အခုလို အတွေ့အကြုံလေးတွေကို မျှဝေတာ ကျေးဇူးပါဗျာ...

ခင်တတ်တဲ့
ပြည့်စုံ

နေ့အိပ်မက် said...

နေ့အိပ်မက်က စကျက်မရရင်ပစ်ထားလိုက်တာ.. အမှတ်နည်းလည်း ငါမကျက်လို့မရတာ. ကျက်ရင် အခုအမှတ်အများဆုံးလူထက်တောင်များတယ်လို့ တွေးပြီးနေပစ်လိုက်တယ်.. :P ပြီးမှ သူများမရတတ်တဲ့ဘာသာမျိုးကျရင် အသည်းအသန်လုပ်(ကိုယ်လည်းကြိုက်တယ်ဆိုရင်ပေါ့) အဲတော့ နေ့အိပ်မက်အမှတ်တွေက တအားရယ်ရတယ်. ကျောင်းတုန်းကဆို သဒ္ဒါက ဆပ်ပလီထိတယ်.. စာစီစာကုံးက garde 4ရတယ်... ခွိ..

နေ့အိပ်မက် said...

စာကျက်ပြောတာ စကျက်ဖြစ်သွားတယ်.. ရှောတီး...