Sunday, July 26, 2009

သူငယ်ချင်းဆိုတာ-

သူငယ်ချင်း ရဲ့ အဓိပ္ပါယ် ကို အမျိုးမျိုး ဖွင့်ဆိုကြပါတယ်.။

Aristotle က Friendship အကြောင်းကို အချက်-၃ချက်နဲ့ ဖွင့်ဆိုခဲ့တယ်။
၁) ကိုယ့်အတွက် ကောင်းကျိုးတစ်ခုခု ရနိုင်လို့ (ဥပမာ..သူက ချမ်းသာနေလို့ သူနဲ့ပေါင်းရင် ကိုယ်အတွက်တစ်ခုခု အကျိုးရနိုင်တယ် ၊ အနည်းဆုံး ကိုယ်ပါ နာမည်ကြီး လာနိုင်တယ်။)
၂) ကိုယ်ကို ပျော်အောင် လုပ်ပေးတဲ့သူမိုလို့ (ဥပမာ..သူနဲ့ရှိနေတဲ့ အချိန် ကိုယ့်ကိုအလိုလိုက်တယ်။ ကိုယ်က တစ်ခုခုကို လုပ်ချင်ရင် သူက ကိုယ်ဆန္ဒအတိုင်း ရအောင်လုပ်ပေးတယ်။)
၃) ကိုယ်နှင့် သူ အပြန်အလှန် ခံစားနားလည်ပေးနိုင်လို့ (ကိုယ်စိတ်ညစ်ရင် သူကလည်း လိုက်စိတ်ညစ်သူဖြစ်တယ်)

Aristotleက အမျိုးအစား (၁)နှင့်(၂)မိတ်ဆွေမျိုးက မြဲမြံမှုမရှိနိုင်ဘူး၊။ ကိုယ်အတွက်ကောင်းကျိုးမရတဲ့ အခါ၊ ကိုယ့်စိတ်ကြိုက် ကိုယ့်ကို ပျော်အောင်မထားတဲ့အခါ မိတ်ဆွေအဖြစ် မသတ်မှတ်နိုင်ကြလို့ဖြစ်တယ်။ ဒါကြောင့် (၃)ကတော့ ထာဝရမိတ်ဆွေဖြစ်နိုင်တယ်.လို့ဆိုပါတယ်..။


နောက်ပိုင်းကျ အတွေးအခေါ် ပညာရှင်တွေက (၃) ရဲ့ အားနည်းချက်ကို တွေ့လာကြတယ်။ ကိုယ်စိတ်ညစ်တိုင်း သူလည်း စိတ်ညစ်နေရင် ဘာမှအကျိုးမရှိနိုင်ဘူး။ အဲလိုအချိန်မှာ ကိုယ့်ပြဿနာကို ကူညီဖြေရှင်းပြီး ကိုယ်ကောင်းကျိုးကို လိုလားမှ ကူညီဖို့ ကြိုးစားမှ မိတ်ဆွေစစ်ဖြစ်တယ်.လို့ဆိုလာကြတယ်။

အခုခေတ်မှာတော့ သူငယ်ချင်း အကြောင်းဖွင့်ဆိုချက် အများကြီးဖြစ်နေပြီ..forwarding mailsမှာ လည်း အမြဲတွေ့ရတယ်.။အထူးဖွင့်ဆိုနေစရာမလိုတော့ပါ.။

ဒါပေမဲ့ ဒီသူငယ်ချင်းဆိုတဲ့ စိတ်ထားလေးက ဘယ်အချိန်က စပြီး ခံစားမိကြတာလဲ..ဆိုတဲ့ အချက်၊ သူငယ်ချင်းဖြစ်ဖို့ အရင်းခံစိတ်က ဘာလဲ ဆိုတာကို ပိုစိတ်ဝင်စားမိတာနဲ့ နည်းနည်းလေ့လာခဲ့ပါတယ်။


အူဝဲဘ၀က ကိုယ်ဆာလောင်တဲ့အခါ အမေက ကိုယ့်ကို နိုချိုတိုက်ကျွေးတယ်.။ အမေ(အမေ မရှိရင် အဖေ၊မောင်နှမ၊ထိန်းသိမ်းသူစသည်..) က ကိုယ့်ကို ခြင်၊ယင်မနားအောင် စောက်ရှောက်တယ်။ ကိုယ်နေမကောင်းတဲ့အခါ ပျာယာခတ်ပြီး ဂရုစိုက်ပေးတယ်။ အဲဒါတွေကို ကလေးက ခံစားသိလာတယ်။

ဒါနဲ့ ကလေးက မိခင်ကို သံဃောဇဉ်တွယ်လာတယ်။ ဒီလိုနဲ့ မိခင်က ကလေးဘ၀ရဲ့ ပထမဆုံး သူငယ်ချင်း ဖြစ်လာပါတယ်.။

နောက် တဆင့်က အဖေ၊မောင်နှမ၊ အိမ်သူအိမ်သား ကိုပါ သူခင်တွယ်လာတယ်။ နေစဉ် သူအနားက လူတွေကို ခင်တွယ်စိတ်နှင့် အတူ အားကိုးစိတ်ဖြစ်လာတယ်.။

သူကိုယ်တိုင် လှုပ်ရှားနိုင်လာတဲ့ အခါ (ဥပမာ.လေးဘက်သွားစမှာ) လျှောက်တွားသွားရင်း သူနဲ့မရင်းနှီးတဲ့ သက်ရှိ၊သက်မဲ့ပစ္စည်းတစ်ခုခုနှင့် တွေ့တဲ့အခါ သူအနားရှိ အိမ်သူအိမ်သားတယောက်ယောက်ဆီကို သူပြန်ပြေးတယ်။ ဒီအပြုအမှုလေးဟာ psyမှာ အရမ်းကို အရေးပါလှပါတယ်။ ဒီအပြုအမှုလေးရဲ့ အဓိပ္ပါယ်ကတော့ ငါတစ်ခုခု ဖြစ်တိုင်းသူက ငါ့ရှေမှာ ရပ်ပေးမှာလို့ ယုံကြည်စိတ်ကလေး (sense of security) ရလာလို့ ဖြစ်ပါတယ်။

ဒီယုံကြည်ချက်ကလေးက၊ ဒီယုံကြည်စိတ်ကလေးက သူအတွက် ခိုင်မာတယ်လို့ သူခံစားသိရှိပြီးတဲ့နောက် ပတ်ဝန်းကျင်ကမ္ဘာကို စိတ်တိုင်းကျ သူစူးစမ်းလေ့လာပါတော့တယ်.။ စူးစမ်းလိုစိတ်နဲ့ ရှေ့ကို လှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာသတ္တိအပြည့်နဲ့။ ရဲရဲဝင့်ဝင့် သူလျှောက်လှမ်းပြီပေါ့။ ကိုယ်နောက်မှာ မားမားမတ်မတ်ရပ်မယ်သူတွေ ရှိနေပြီလေ။

ဒီယုံကြည်စိတ်ကလေး ကြောင့် လူလောကအလယ်ကို ဖြတ်သန်းဖို့အားအင်တွေဖြစ်လာတယ်၊ လောကထဲကို သတ္တိရှိရှိ နှင့် ကျော်ဖြစ်ရဲလာခဲ့တယ်..။

လောကအလယ်မှာ နောက်ထပ်နောက်ထပ် ကြုံတွေလာတဲ့သူတွေနှင့် လည်း ယုံကြည်စိတ်ကလေးကို အခြေခံလို့ သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။

လူတွေရဲ့ မသိစိတ်မှာ (သိစိတ်မှာလည်း) တခြားလူတစ်ယောက်ဟာ ကိုယ်တကယ် ၀မ်းနည်းတဲ့အချိန် ကိုယ်ကို အားပေးမဲ့သူ၊ ကိုယ်အထီးကျန်ဆန်နေချိန် ကိုယ့်ကို အဖော်ပြုသူ၊ ကိုယ် ရှုံးနိမ့်ချိန် ပျက်ရယ်မပြု အားပေးသူဖြစ်တယ်လို့ ကိုယ်ယုံကြည်မိသွားချိန်ဟာ သူဟာ ကိုယ့်ရဲ့ သူငယ်ချင်းအဖြစ်အသိအမှတ်ပြုချိန်ပဲ ဖြစ်ပါတယ်။။။


လသာညလည်း .. မိဘသူငယ်ချင်း၊ မောင်နှမသူငယ်ချင်း၊ အပေါင်းအသင်းသူငယ်ချင်း၊ ချစ်သူသူငယ်ချင်း.အားလုံးဆီမှ ရရှိနေတဲ့ ယုံကြည်ချက်တွေနှင့် ဘ၀ကိုရှင်သန်နေခဲ့တယ်..။ ယခုထိ ယုံကြည်ချက်တွေပေးခဲ့တဲ့ ၊ပေးနေဆဲ သူငယ်ချင်းအားလုံးကို ကျေးဇူးအရမ်းတင်တယ်။

လသာည ဖြစ်ပါသည်။။

5 comments:

kyalkalay said...

111111111111111

kyalkalay said...

ဖတ်ရတာကြည်နူးလိုက်တာ
ပုံနဲ့စာ တွဲတတ်တယ်နော်

လ နဲ့ကြယ်လေးတွေ လက်တွဲဖော်နော်

rose of sharon said...

ယုံကြည်စိတ်ကလေးရယ် ခံစားနားလည်မှုလေးရယ် ပုံလေးတွေရယ်ပေါင်းလိုက်တော့ သူငယ်ချင်းရဲ့အဓိပါယ်လေး ရလိုက်တယ်

Lucifer said...

အခုတော့ မိဘ အနားမှာရှိတော့ ရေထဲးဆင်းမယ့် ကလေးလေးလို ယုံကြည်မှုရှိတယ်.. နောင်တစ်ယောက်ထဲး ဘဝ ခရီးလမ်းကိုလျှေက်ဖို့တော့ ကြိုးစားလိုက်အုံးမယ်..

Anonymous said...

ဒီပိုစ်ကို အခုမှ ဖတ်မိတယ်။ ကျေးဇူးဗျာ။ ကြိုက်တယ်။

စာဖတ်ပိတ်သတ်လေး ဖြစ်ပါတယ်