Monday, July 20, 2009

တစ်ခုခုမှားသလား

အခုတလော ကိုယ်မသိတဲ့နိုင်ငံတွေကပါ အလည်ရောက်ရောက်လာတာ သတိထားမိတာနဲ့ googleမှာ latharnya ဆိုပြီး check လုပ်မိတယ်။

တွေ့ပြီ။ မှားတဲ့သူတွေက latharna ဆိုတဲ့ websiteတစ်ခုကို ရှာရင်း ရောက်လာကြတာပါ။ တကယ် ကိုယ့်ဆီလာတာ မဟုတ်ဘူးရယ်။ အဲဒါ ဘာဘာသာစကားလည်း မသိဘူး။ ဘာလဲဆိုတာ သိချင်ပေမဲ့ စိတ်ဝင်စားပေမဲ့ နားမလည်လို့ ပြန်ပိတ်လိုက်တယ်။ ရုပ်ရှင် ကြော်ငြာလိုဟာမျိုးထင်ပါရဲ့။

နောက်ပြီး followerထဲမှာလည်း jw ဆိုတဲ့လူကြီးတစ်ယောက် ရောက်နေတာ ကြာပြီ။ မှားဝင်လာတယ်ထင်ပါရဲ့။ သူ့ဆီမှာ တချို့ မြန်မာဘလော့နာမည်တွေလည်း တွေ့တယ်။ ကိုယ်ဘာမှ အမှားမလုပ်မိဘူးလို့တော့ ထင်တာပဲ။ သိသူရှိရင် ပြောကြပါဦးနော်။

2 comments:

rose of sharon said...

အမဆီကိုလဲကိုယ်မသိတဲ့နိုင်ငံကအဖိုးကြီးတယောက်ကော်မန့် ဝင်ရေးသွားသေးတယ်...

လသာည said...

ဟုတ်လား။ ဘာတွေလည်း မသိဘူးနော်။ သက်သက် အပျော်ဝင်တာဆိုရင်တော့ ကိစ္ဏမရှိလောက်ဘူးထင်ပါရဲ့