Sunday, October 25, 2009

မစ္စခိန

အားလပ်ရက်မှာ မိုးအေးအေးနဲ့ ဇိမ်နဲ့ ဖတ်လို့ရအောင် ဘာသာပြန်စုံထောက်ဝတ္တုရှည်ရှည်လေးကို တင်လိုက်တယ်။ (ဟိ ရှည်ရှည်မကြိုက်တဲ့ သူငယ်ချင်းလေးများ ဆောတီး နော် ဒီတခါခွေးလွှတ်ပါ။ .. :D)

ဒီပို့စ်ကတော့ တကယ်က အသစ်မဟုတ်ပါဘူး။ လသာည ဆိုတဲ့ဒီဘလော့ကို စဖွင့်ဖွင့်ချင်းတုန်းက မြန်မာစာ မရိုက်တတ်သေးလို့ လက်ညိုးနဲ့ စာလုံးတစ်လုံးချင်းရိုက်လို့ ရေးခဲ့တဲ့ ပထမဆုံးဘာသာပြန်ပို့စ်ပါ။ ဂျပန်စာလည်း မကျွမ်းသေးတော့ အဘိဓါတ်စာအုပ်နဲ့ ၅ရက်ဆက်တိုက် ဘာသာပြန်ခဲ့ရတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ အားစိုက်ဘာသာပြန်မှုလေးကို အားပေးလက်ခုပ်တီးခဲ့သူစာဖတ်ပရိတ်သတ်က ၃-ယောက်ကြီးများတောင် ရှိခဲ့တယ်။ (နာမည်ပြောတော့ဘူး.. သက်ဆိုင်ရာသူတွေက သိပြီးသားဆိုတော့.. :D)။ အဟား....၀တ္တုကြော်ငြာဝင်တာ များသွားပြီ အရင်တုန်းက အကြောင်းတွေကို ပြန်လွမ်းမိလို့ပါ။

အပိုင်းခွဲမတင်ချင်လို့ အကုန်တင်လိုက်တော့ နည်းနည်းတော့ ရှည်သွားတယ်။ တကယ်ဆောရီးနော်။ အချိန်မရရင် နောင်အေးအေးဆေးဆေး ရှိမှ လာဖတ် သိလား။ ရတယ်.. အခု ကော်ဖီသောက်သွား.... :D

အပိုင်း(၁)

တနေ့မှာ ပရော်ဖဆာတစ်ယောက်သည် ကျောင်းသင်င်္ခန်းစာကို စိတ်ပါလက်ပါ သင်ကြားနေရင်းမှ မိမိရဲ့အတန်းသားများကို ဂရုစိုက်ကြည့်လိုက်တယ်။ သူကသာ စိတ်ပါလက်ပါ သင်ကြားနေတာ ကျောင်းသားတွေကတော့ စကားပြောတဲ့သူကပြော၊ အိပ်တဲ့သူကအိပ်၊ မုန့်စားတဲ့သူကစား၊ ဆော့တဲ့သူကဆော့နေကြလို့ပါလား.. သူ ခေါင်းကို ခါရမ်းလိုက်တယ်။ “ဒီပုံစံအတိုင်းသာဆိုရင် လူတွေရဲ့အနာဂတ်ဟာ မလွယ်ပါလား၊”

နောက်များမကြာခင်နေ့တနေ့မှာပဲ မြို့ ကြီးတစ်မြို့  ရဲ့ မြို့ လယ်ခေါင်က ရုပ်ရှင်ရုံကြီးတစ်ရုံရှေ့  မှာ လူတစ်ယောက်သည် လမ်းလျှောက်နေရင်းမှ အင်္ကျီကို အလိုလိုမီးစွဲလောင်ပြီး လဲကျသွားတယ်။ ရုပ်တရက်အဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများသည် အံအားသင့် ငေးကြောင်ကြည့်နေစဉ်မှာပဲ ထိုသူသည် ကြီးမားတဲ့ မီးတောက်ထဲမှာ “ကယ်ကြပါ၊ ကယ်ကြပါ”လို့ ကြောက်လန့်တကြား အော်ဟစ်ရင်း သုံးမိနစ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ မမျှော်လင့်သော အဖြစ်အပျက်ကြောင့် လူများအံအားသင့်သွားကြတယ်။

ပရော်ဖက်ဆာလည်း သွားကြည့်လိုက်တယ်။ လမ်းသွားလမ်းလာ ပတ်ဝန်းကျင်ကို ကြည့်ရင်း မမျှော်လင့်တဲ့ အဖြစ်အပျက်ကြောင့် လူတွေအနည်းငယ်တုန်လှုပ်သွားကြရှာမှာပဲလို့ သူတွေးတောနေမိတယ်။

ဒါပေမဲ့ နောက်တစ်ပတ်ခန့်ကြာပြီးနောက် ၎င်းမြို့ မှ လူ၃၀၄ယောက်သည် အလိုလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သက်ဆိုင်ရာ မိသားစုများမှာ နည်းမျိုးစုံဖြင့် ရှာဖွေပါသော်လည်း သတင်းအစအနမှ မရခဲ့ကြပါ။ မြို့ ၏ သက်ဆိုင်ရာအာဏာပိုင်များ၊ ရဲစုံထောက်များမှာလည်း ခရီးသွားကုမဏီများ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး နှင့်စုံစမ်းရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့် လူ၃၀၄ယောက်ရဲ့ သတင်းကို ပိုက်စိတ်တိုက် ရှာဖွေနေခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ၂ ရက်တိတိ ကြာသွားခဲ့တယ်။ လူ၃၀၄ ယောက်ကိုတော့ သတင်းအစအနပျောက်လို့ ရှာမတွေ့ခဲ့ဘူး။
“လူ ၃၀၄ ယောက်ဘယ်ကို ရောက်သွားတာလဲ”

အပိုင်း (၂)
စုံထောက်ကျော် မစ္စခိနဖြစ်ပါတယ်။ သူမက ရုပ်ရှင်ရုံတစ်ရုံထဲမှာ ဒီတစ်ပတ်ပြသခဲ့သော ရုပ်ရှင်ကားတွေကို တစ်ကားပြီး တစ်ကားထိုင်ကြည့်နေခဲ့တယ်။

“အင်း..ဒီတစ်ပတ်ပြသခဲ့သော ရုပ်ရှင်ကားတွေထဲက အက်ရှင်ကားကနှစ်ကား၊ အိမ်ထောင်ရေးကားက တစ်ကား နှင့် သဘာဝပတ်ဝန်းကျင်ကားက တစ်ကားပဲ”

သူ့နောက်လိုက်က “မစ္စခိန ကျွန်တော်တို့ ဟိုကိစ္စစုံစမ်းဖို့ ကြန့်ကြာနေမယ် ခင်ဗျ။” သူမက“အဲဒါအသာထားစမ်းပါ။ ဒီကားကို အရင်ဖွင့်စမ်း။ ဒီကားက ရယ်ရတယ်။ ဟာသကား”
ဇာတ်လမ်းက သူမကို တ၀ါးဝါး ပွဲကျစေခဲ့ပါတယ်။ တ၀ါးဝါး ရယ်နေတဲ့သူ ကို သူနောက်လိုက်က စိတ်ပျက်လက်ပျက် ခေါင်းခါနေလိုက်တယ်။
အင်း.... ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ သူမိုလို့ ရယ်နေနိုင်တယ်နော်။

နောက်ကား၂နှစ်ကားကိုလည်း သူမဆက်ကြည့်ပါတယ်။ နောက်၂ကားက အလွမ်းအဆွေးကား၊ ဒီကားမှာတော့ စုံထောက်နှင့်အတူ သူနောက်လိုက်ပါ မျက်ရည်သုတ်ရင်း ဇာတ်ကားကို ဆုံးအောင် ကြည့်လိုက်ကြပါတယ်။

၎ ကားမြောက် နောက်ဆုံးကားကတော့ သဘာဝပတ်ဝန်းကျင် အကြောင်း ကို ပြသထားခြင်းဖြစ်ပါတာယ်။ တောတောင်ရေမြေ သဘာဝအကြောင်း နှင့် သတ္တ၀ါတွေရဲ့ ဖြစ်စဉ်ကို ပြသထားတာဖြစ်ပါတယ်။

ပထမ၃ကားလောက် စွဲဆောင်မှု မရှိခဲ့ပါဖူး။ နောက်လိုက်ကတော့ ကြည့်ရင်းမှ အိပ်ပျော်သွားခဲ့ပါတယ်။

ဒါပေမဲ့ စုံထောက်မစ္စခိနကတော့ ဒီဇာတ်ကားက သူမအတွက် စွဲဆောင်မှုအရှိဆုံးလို့ မှတ်ချက်ချလိုက်တယ်။ “ကောင်းလိုက်တဲ့ ဇာတ်ကား”
သူမက နောက်လိုက်ဖက်ကို လှည့်လို့ “ ဒီဇာတ်ကားကို တည်းဖြတ်သူ ဟာ ဘယ်သူဖြစ်တယ် ဆိုတာကို လိုက်လံစုံစမ်းပြီး၊ ဖမ်းလိုက်ပါ။ အဲဒါ လူ၃၀၄ယောက် ပျောက်ဆုံးမှု့ အတွက် အဓိကတရားခံပဲ”။
“ဗျာ”

ဟုတ်ပါတယ်။ ထိုတရားခံဆိုသူကို ဖမ်းလိုက်ပြီးသိပ်မကြာခင်မှာပဲ နာရီပိုင်းအတွင်း ပျောက်ဆုံးနေသော လူ၃၀၄ ယောက် ကို မြို့လယ်ခေါင် ရုပ်ရှင်ရုံကြီးဘေးရှိ မြေအောက်အခန်းကြီးအတွင်းမှာ ပြန်တွေ့ခဲ့ပါတော့တယ်။ လူ၃၀၄ ယောက် ပျောက်ဆုံးမှု တရားခံကတော့ ပရော်ဖက်ဆာ မစ္စတာ တနက ဖြစ်ပါတယ်။

အပိုင်း (၃) ပရော်ဖက်ဆာမစ္စတာတနကရဲ့ လူသားနှလုံးသားကို ထိန်းချုပ်ခြင်း သုတေသနစီမံကိန်း

ပရော်ဖဆာ မစ္စတာ တနက ရဲ့ အမြင်မှာ လူတွေဟာ ဘာကိုမှ အလေးအနက် ထားကြတာမတွေ့ဖူး။
သဘာဝလောကကြီးရဲ့ ဖြစ်စဉ်တွေကို တကယ်ဆို လူသားတွေက ဖန်ဆင်းနေတာ။ သဘာဝလောကကြီးက တကယ်ဆို အရမ်းလှပတာပါ။ တောတောင်ရေမြေ အားလုံးက လူသားတွေအတွက် လိုတရအိုးကြီးဆိုရင်လည်း မမှားဖူး။ လူသားတွေအတွက် ရှင်သန်ဖို့ ရေ၊လေ၊မြေတွေ ပေးထားတယ်။ လူသားတွေအတွက် စားနပ်ရိက္ခာအဖြစ် သဘာဝသီးနှံနဲ့ သားကောင်တွေ ဖန်းတီးပေးထားတယ်။ အလှအပအဖြစ် သဘ၀ရှုခင်း၊ တောတောင်ပန်းမန် တွေ ပေးထားတယ်။

ဒါပေမဲ့ တချို့ လူတွေက လောဘတက်ပြီး ပိုလှအောင်၊ ပိုကောင်းအောင် ဆိုပြီး သူဘာသာလှနေတဲ့ ဒီကမ္ဘာကြီး ကို ပြုပြင်ဖို့ ကြိုးစားကြတယ်။ ဒီလိုကြိုးစားကြတော့ ကမ္ဘာကြီး မှာ လူအမျိုးမျိုးရဲ့ ဆန္ဒအမျိုးမျိုးအရ အစမ်းသပ်ခံကြီး အဖြစ်နဲ့ ဘ၀အမျိုးမျိုး၊ ဖြစ်စဉ်အမျိုးမျိုး ပြောင်းလဲနေခဲ့ရပါတယ်။ ဒီလိုသာ ဆိုရင်တော့ ဒီလောကကြီးဟာ မကြာခင် လုံးပါးပါးပြီး၊ ပျောက်ကွယ်တော့မယ်။

တကယ်ဆို ဒီကမ္ဘာကြီး ရဲ့ အကောင်းအဆိုးကို လူသားတွေကပဲ လုပ်ပြီး၊ လူသားတွေပဲ ခံစားနေရတာ။ ဒီအချိန်မှာ လူသားအားလုံးက ဒီကမ္ဘာကြီးအတွက် အကောင်းဆုံးကို စိတ်တူကိုယ်တူ နှလုံးသားတူ နဲ့ လုပ်ဖို့အချိန်တန်နေပြီ။ အခုတော့.. ဒီကမ္ဘာကြီး ပျောက်ကွယ်တော့မယ် အရေးကို ဘယ်သူမှ အလေးအနက် မထားကြဖူး။ စားလိုက်၊သောက်လိုက်၊အိပ်လိုက် နဲ့ နေနေကြတယ်။

ဒါကြောင့် ကျုပ်က လူသားအားလုံးကို စိတ်တူကိုယ်တူ နှလုံးသားတူ ဖြစ်အောင် နှလုံးသားကိုထိန်းချုပ်ဖို့အတွက် ပထမဆုံးစမ်းသပ်ချက် ကို လုပ်ဆောင်ကြည့်လိုက်တာပါ၊
ဟားဟားဟား...အောင်မြင်သွားတယ်လေဗျာ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ။

အခု ၃၀၄ ယောက်၊ နောက် အယောက် ၁၀၀၀၊နောက် ၁ သောင်း၊ နောက်..... တစ်ကမ္ဘာလုံးရှိလူသားတွေရဲ့နှလုံးသားကို ထိန်းချုပ်နိုင်ဖို့ ကျုပ်ကြိုးစားရဦးမယ်။

ကျုပ်က လောကကြီးအတွက် လုပ်တာ၊ လူသားအားလုံးအတွက် လုပ်တာ....၊ကျုပ်လုပ်စရာတွေရှိသေးတယ်၊ ကျူပ်ကိုပြန်လွှတ်ကြပါ။

အပိုင်း(၄) တနက၏ စီမံကိန်းကိုအကောင်အထည်ဖော်ခြင်း

မစ္စတာ တနကသည် ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် လူသားအားလုံး၏နှလုံးသားကို ထိန်းချုပ်ရန် ဆိုသော သူ၏မဟာရည်မှန်းချက်အတိုင်း စမ်းသပ်ချက်ပထမအဆင့် ကို လူအများဆုံရာ မြို့လယ်ခေါင် ရုပ်ရှင်ရုံရှေ့  မှာ စတင်ခဲ့ပါတယ်။

ရပ်ရှင်ရုံရှေ့ လူုအများထဲမှ မီးလောင်လွယ်သော သိုးမွှေးအင်္ကျီဝတ်ထားသော လူတစ်ဦးကို ရွေးချယ်၍ သားကောင်အဖြစ် သတ်မှတ်ခဲ့တယ်။ ထိုသူအနားမှ ဖြတ်လျှောက်ရင်း မီးခြစ်နှင့် မီးတို့ခဲ့ပါတယ်။ မီးကချက်ချင်းထမလောင်ခင်၊ ကာယကံရှင်နှင့်တကွ ပတ်ဝန်းကျင်မှလူများ သတိမပြုခင် အလျှင်အမြန် ထွက်ခွါခဲ့တယ်။

ဒါပေမဲ့ ရုပ်ရှင်ရုံရှေ့  ကင်မရာက မှတ်တမ်းတင်မိသွားခဲ့ပါတယ်။ မီးလောင်လွယ်သော သိုးမွှေးအင်္ကျီဝတ်ထားလို့ အရှိန်ရလာတဲ့မီးက လျင်မြန်စွာ လောင်ကြွမ်းခဲ့တာကြောင့်၊ ဘယ်သူမှ မကယ်လိုက်နိုင်ခဲ့ပါဖူး။ ထိုသူသည် ၎င်းမီးဒဏ်ရာနဲ့ပဲ နောက်ဆုံးမှာသေဆုံးသွားခဲ့ရပါတယ်။

၎င်းအဖြစ်အပျက်က မတော်တဆလိုလိုနဲ့ မြို့ နေလူအများရဲ့ရင်ထဲမှာ အမှတ်တမဲ့ ပြီးသွားခဲ့တဲ့အတွက် မကျေနပ်ခဲ့သူက ပရော်ဖဆာ မစ္စတာ တနက ပေါ့။ ဒါကြောင့် ဒုတိယအဆင့်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့တယ်။ ၎င်း၏တပည့်ဖြစ်ခဲ့သူ ရုပ်ရှင်ရုံဝန်ထမ်းမှတဆင့် သူကိုယ်တိုင်တည်းဖြတ်စီစဉ်ထားသော သဘာဝပတ်ဝန်းကျင်နှင့် လူသား အမည်ရ ဇာတ်ကားကို တခြားဇာတ်ကားများနှင့် အတူ ပြသဖို့ စီစဉ်နိုင်ခဲ့ပါတယ်။

ထိုနေ့မှာ မြို့ လယ်ခေါင် ရုပ်ရှင်ရုံကြီး၌ ၎င်း၏ မူရင်းအကြံအစည် အတိုင်း ပထမ ဟာသကားဖြင့် ဖြေဖျော်ခဲ့ပါတယ်။

အပျော်ပြီးရင်၊ ငိုရမယ်ပေါ့...။ နောက် စစ်အက်ရှင်နှင့် အိမ်ထောင်ရေးကား။ စစ်အက်ရှင်ကားက သွေးသံတရဲရဲ ၊ အိမ်ထောင်ရေးကားကလည်း လူရဲ့လောဘ၊ဒေါသ၊မောဟ တိုဖြင့် ဇာတ်နာလှသော သနားစရာ၊ အမိမဲ့ ကလေးတစ်ယောက်ရဲ့ ကား။

ဇာတ်ကား၃ကားအပြီးမှာတော့ ရုပ်ရှင်ကြည့်ပရိတ်သတ်မှာ ခံစားမှုအမျိုးမျိုးဖြင့် အနည်းငယ် မောလျှနေခဲ့ပါပြီ။ ဆက်မကြည့်ပဲ ပြန်လို့ရပေမဲ့၊ အများစုက စိတ်ပြေလက်ပျောက်ဆိုပြီး ဆက်ထိုင်ကြည့်နေခဲ့ကြပါတယ်။ ထိုသို့ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူသား အမည်ရ ဇာတ်ကားကို ဆက်ထိုင်ကြည့်နေခဲ့ကြသူပေါင်းက စုစုပေါင်း၃၀၄ယောက် ပါ။

အပိုင်း (၅)

စုံထောက် မစ္စခိန က ဆက်ပြောတယ်။ ဒီပရော်ဖက်ဆာက လူတွေရဲ့စိတ်ကို နားလည်နေသူဖြစ်နေတော့ ဒီမှုခင်းဖြစ်ပွားရတာပါပဲ..။

လူသားတိုင်းမှာ ပြင်ပ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လုံခြုံမှု နှင်၊့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဆိုတဲ့ ခံစားချက် ၂မျိုး ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုစိတ်အားကောင်းနေခဲ့သ၍ ပြင်ပရှိရန်သူ(ဘေးအန္တရာယ်)ကို ခုခံ ကာကွယ်နိုင်စွမ်းတဲ့ သတ္တိရှိနေမှာပါ။ ခုခံ ကာကွယ်နိုင်စွမ်းတဲ့ သတ္တိနှင့် ကိုယ်ကိုယ်ကို လုံခြုံမှုရှိနေဖို့ အားထုတ်နေမှာပါ။

ဒါပေမဲ့ လူဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုစိတ်မရှိတော့ဖူး.. ဒါမှမဟုတ် လုံခြုံမှုစိတ် အားနည်းသွားပြီဆိုရင်တော့ အဲဒီလူဟာ ဘယ်လောက်လုံခြုံမှုရှိတဲ့နေရာမှာပဲ ရှိနေပါစေ လုံခြုံတယ် လို့ မခံစားရတော့ပါဖူး။ သောကတွေ စိုးရိမ်စိတ် ကြောက်လန့်စိတ်တွေ ရှိနေတဲ့အတွက် သူကို လုံခြုံမှုပေးမဲ့သူ၊ လုံခြုံမှုပေးမဲ့နေရာ၊ အကာအကွယ်ပေးမဲ့သူ၊ အကာအကွယ်ပေးမဲ့နေရာ ကိုပဲ ရှာဖွေတော့မယ်။ ဒီအချိန်မှာ လုံခြုံမှုပေးမယ်၊ အကာအကွယ်ပေးမယ် ဆိုပြီး ထိုလူရဲ့စိတ်နှလုံးကို ထိန်းချုပ်ဖို့ ကြိုးစားရန် အကောင်းဆုံးအချိန်ပါပဲ။

ဒီနည်းကို မစ္စတာ တနက သုံးခဲ့တာပဲ ဖြစ်ပါတယ်။ မူလ “ သဘာဝပတ်ဝန်းကျင်နှင့် လူသား “ ဇာတ်ကား က ရိုးရိုး သဘာဝလောက၏ဖြစ်စဉ် ကိုသာ ရိုက်ကူးထားခဲ့တာပါ။

ဒါကို မစ္စတာ တနက က အကြံအစည်နဲ့ ဇာတ်ကားကိုသူလိုသလို တည်းဖြတ်ပြုပြင်ခဲ့ပါတယ်။ သိပ်အခက်ကြီးတော့ မဟုတ်ပါဖူး။ ကမ္ဘာကြီးရဲ့သဘာဝ၏ဖြစ်စဉ်အကြောင်းထဲမှ ကြီးမားသော ငလျှင်ကြီးများအကြောင်း၊ မီးလောင်မှုကြီးများအကြောင်း စသည်သဘာဝဘေးအန္တရာယ်များအကြောင်းကို ဇာတ်ကားတလျှောက် ကြော်ငြာဝင်သလို “ဒါဟာ တကယ့်အဖြစ်အပျက်တွေ ဖြစ်တယ်၊ ဒါမျိုးတွေ နောက်ထပ် နောက် ထပ် ဖြစ်နိုင်တယ်“ ဆိုတဲ့ စာတမ်းကို မကြာခဏ ပြသခဲ့ပါတယ်။

ဇာတ်ကားအဆုံးမှာတော့..
“အခု ကမ္ဘာကြီးက ပျက်စပြုနေပြီ ဖြစ်တယ်။ အခုတလောမှာ ခန္ဓာကိုယ်ကနေ အလိုလိုမီးထလောင်တာမျိုးတွေ ဖြစ်နေပြီ။ သိပ်မကြာခင် ငလျှင် အကြီးအကျယ် လှုပ်တော့မယ်။ လုံခြုံမှုပေးရှိတဲ့နေရာမှာ မပုန်းခိုနိုင်ရင် လူသားမျိုးနွယ်အားလုံး ပျက်စီးတော့မယ်။ သိပ်မကြာခင် လှုပ်တော့မဲ့ ငလျှင်အတွက် ဆိုရင်တော့ အခု မျှားပြထားတဲ့ နေရာကလွဲရင် ကျန်နေရာအားလုံး ပြိုကျပျက်စီးလိမ့်မယ်။ အဲဒီနေရာကို ဒီနေရာကနေ မြေအောက်လှိုင်ဂူလမ်းနဲ့ သွားလို့ရတယ်” .. ဆိုတဲ့ စာသားနဲ့ မြေပုံ ကို ၁၀မိနစ်ခန့် ပြသပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ထိုနောက်မှာတော့ လူ၃၀၄ယောက်ဟာ မိမိဆန္ဒနှင့်မိမိ မြေအောက်လှိုင်ဂူခန်းထဲမှာ သွားရောက် ပုန်းအောင်း ခဲ့ကြပါတော့တယ်။

ဇာတ်သိမ်းပိုင်း

အင်း....မစ္စတာ တနက၊ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့ ရှင့်ရဲ့စေတနာကို တော့ လေးစားပါတယ်။

ဒါပေမဲ့ ရှင်ရဲ့ နည်းလမ်းကိုတော့ လက်မခံနိုင်ပါဖူး။ တကယ်ဆိုရင် ကမ္ဘာကြီးက သူ့သဘာဝဖြစ်စဉ်နဲ့သူ ဖြစ်ပျက်ပြောင်းလဲနေတာပါ။ လူတွေကြောင့် ကမ္ဘာကြီး ဖြစ်လာတာ မဟုတ်သလို လူတွေကြောင့်ကမ္ဘာကြီးပျက်ရတာ မဟုတ်ပါဖူး။

ဒီသဘာဝဖြစ်စဉ်ထဲမှာ ဖြစ်တည်လာရတဲ့ ကျွန်မတို့ လူသားတွေကသာ ဖြစ်စဉ်ထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားရပ်တည်နေခဲ့ရတာပါ။ အခက်အခဲတွေကို အတူတူ ဖြေရှင်းကြရင်း၊ မှားတဲ့အခါ အတူတူ ခံစား၊ မှန်တဲ့အခါ အတူတူ စံစားရင်း၊ ဘ၀တွေကို ရှင်သန်လာခဲ့ကြတာ အခုအထိပါပဲ။ နောင်လည်း ဒီလိုပဲ အတူတူ ခံစား၊ အတူတူ စံစားကြရင်း ဘ၀တွေကိုကြိုးစားရပ်တည်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ နောက်ဆုံးအဆင့် လူသားအားလုံး အတူတူကြိုးစားရဲ့သားနဲ့ ရပ်တည်မရလို့ သေရရင်တောင်မှ အတူတူသေကြရလည်း ၀မ်းနည်းစရာမရှိပါဖူး။

ဒီလိုမဟုတ်ပဲ ကမ္ဘာကြီးပျက်ရတာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် လို အပြစ်တင်နေပြီး၊ လူသားအချင်းချင်းကို သောကတွေ စိုးရိမ်စိတ်နှင့် ကြောက်လန့်စိတ်တွေ ပေးပြီး စိတ်နှလုံးကိုထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျွန်မတို့အနေနှင့် ခွင့်မလွှတ်နိုင်ပါဖူး။

လူသားတွေဟာ တကယ်ဆိုရင် ကမ္ဘာကြီးရဲ့သူ့သဘာဝဖြစ်စဉ်အပြင် အဲဒီနေ့က ရှင့်ဇာတ်ကားမပြခင် ပြသခဲ့တဲ့ ဇာတ်ကား၃ကားထဲကလို လူလောကရဲ့ အထွေထွေ ဖြစ်စဉ်ထဲမှာပါ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပ်တည်နေကြရရှာတာပါ။ ထပ်ပြီး သောကတွေ စိုးရိမ်စိတ်နှင့် ကြောက်လန့်စိတ်တွေ မပေးပါတော့နဲ့ ရှင်..

“ဒါနဲ့ ကျုပ်တစ်ခုလောက်မေးပါရစေ။ အဲဒီနေ့က ကျုပ်ပြုပြင်ထားတဲ့ သဘာဝပတ်ဝန်းကျင်နှင့် လူသား ဇာတ်ကားကို ရိုးရိုးမူရင်းခွေနဲ့ ပြန်လဲခဲ့ရဲ့သားနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး၊ဒီအမှူကို ခြေရာကောက်နိုင်ခဲ့ရတာလဲ။

သူမက ထုံးစံအတိုင်း မှုန်တေတေမျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။ “ကျွန်မကမစ္စခိန လေ”

ပြီးပါပြီ။
“ခိန“ဟု အမည်ရသော ဂျပန်စုံထောက်ဇာတ်လမ်းကို နားလည်သလို ဘာသာပြန်သည်။

ဘာသာပြန်သူ..... လသာည ဖြစ်ပါသည်။ :P

11 comments:

nyocho said...

လသာညရဲ့ ပရိတ်သတ် ၃ ယောက်က? ။ လသာညရဲ့ လူကြီးရယ်၊ လသာညရယ်.. နောက် က ကွန်ပျူတာရယ်လား.. အားဟားဟား..

နောက်တာပါဗျာ။ ဘာသာပြန်ရတာ မလွယ်ဘူးဆိုတာ သိပါတယ်။ ဇာတ်လမ်းမကောင်းတောင် တကူးတက ဘာသာပြန်ပေးတာတစ်ခုနဲ့တင် ကျေးဇူးတင်စရာ ကောင်းပါပြီခင်ဗျ (ဇာတ်လမ်းက မကောင်းဘူးလို့ ပြောတာဟုတ်ပါဘူးဗျ စာသားများတယ်လို့ ပြောကြည့်တာ အဟီး)
စိတ်ဝင်စားစရာ ကောင်းလိုက်တဲ့ စုံထောက်ဇာတ်လမ်းပါလေးဗျာ။ ..

အင်း.. နှလုံးသားကို ထိန်းချုပ်တတ်ရင် nyochoတော့ သူလေးရဲ့ နှလုံးသားကို ထိန်းထားလိုက်မယ်။ ကိုယ်ကလွဲရင် ဘယ်သူမှမချစ်အောင်လေ.. :D

လသာည said...

အေးပေါ့ကွာ ပြောတော့ ပြောတော့ ပရိတ်သတ် ၃ ယောက်ကလူကြီးရယ်၊ လသာညရယ်.. ကွန်ပျူတာရယ်ဟုတ်နေတာကိုး။ အစ်မအနေနဲ့က စာဖတ်ပရိတ်သတ် “လူကြီး”ရှိနေတာ ပရိတ်သတ် ၁၀ယောက်အားပေးသလို အားရှိပြီးသား.. သိလား.. :D

ဒါပေမဲ့ မောင်လေး ညိုချိုရယ်.. နှလုံးသားထိန်းချုပ်စရာ ချစ်သူလည်းမရှိပဲနဲ့ “သူလေး”ဘာညာနဲ့ လူအထင်ကြီးအောင်ပြောနေတော့ နောက်လာစရာ လာဘ်ပိတ်မသွားဘူးလားကွယ်.. :P

မိဆိုးလေး said...

ဟုတ်ပ နည်းနည်းမှ အထင်ကြီးကြီးဆိုပြီး..ဟေးဟေး :P စတာနော် ထိုင်ငိုမနေနဲ့ ဦး..။:D

pps said...

ဟားဟားဟား.....အမလသာညရယ်...ညိုချိုကိုအဲဒီလောက်အထင်မသေးပါနဲ့ ဗျ...ညိုချိုတို့ ကရှိပြီးသား....ဟားဟားဟား......
အစားကွန့် ပေးသွား....မုန့် မုန့် ကျွေးဖို့ တာပြင်ပေတော့ .....

စုံထောက်ဇာတ်လမ်းတွေကြိုက်တယ်...ဒါပေမဲ့“ကျွန်မကမစ္စခိန လေ”
နဲ့ အဆုံးသတ်သွားတာကိုနားမလည်ဖူး....နားမလည်ဆို..ကျမက pps လေ...ဟေးဟေး

လသာည said...

အေး ကျွန်မလည်း သိဘူး။ ဒါပေမဲ့ ကျွန်မက လသာညဆိုတော့ ဖြီးပြမယ်..ဒီလိုတဲ့....:D

“ကျွန်မက မစ္စခိန”လေဆိုတာက (ရှင်ဘယ်လိုဖုန်းကွယ်နေလည်း ရအောင်စုံထောက်နိုင်တယ်။ သိတယ်မို့လား ကျွန်မက နာမည်ကျော်စုံထောင် မစ္စခိနလေ..ရှင်ထက်တော့လျင်တယ်)..ဂလိုမျိုး ပြောချင်တာနေမှာပေါ့ကွာ..

ဟားဟား အဲလိုဖြီးတတ်တယ် ကျွန်မက လသာညလေ..

kiki said...

{ တကယ်ဆိုရင် ကမ္ဘာကြီးက သူ့သဘာဝဖြစ်စဉ်နဲ့သူ ဖြစ်ပျက်ပြောင်းလဲနေတာပါ။ လူတွေကြောင့် ကမ္ဘာကြီး ဖြစ်လာတာ မဟုတ်သလို လူတွေကြောင့်ကမ္ဘာကြီးပျက်ရတာ မဟုတ်ပါဖူး }

မှန်လိုက်လေ ခြင်း ....
ဒီတော့ ပျော်ပျော်သာနေကြပေရော့ဟေ့
၂၀၁၂ ဒီဇင်ဘာလည်း သူ့ ဟာသူ ရောက်လာမှာပဲ နော့် ....ကြောက်ဖူး ကွ ..ဟွန်းးးးး
ဘာသာပြန်ဝတ္ထုရေးရတာ တကယ် မလွယ်ဘူး နော် ..
အားကျမိတယ် ..
အားပေးလျှက်ပါ လသာည ရေ ...

နေ့အိပ်မက် said...

ဆုံးအောင်မဖတ်ရသေးဘူး.. မနေနိုင်လို့လာပြောတာ စာရေးတာ အပြောနဲ့အရေးနဲ့ ရောနေတယ်ရော်.. သည်ဖြစ်လိုက် တယ်ဖြစ်လိုက်နဲ့... ဖတ်ပြီးမှထပ်လာပြောမယ်နော်

နေ့အိပ်မက် said...

အင်း.. ဒီဂျပန်ဝတ္ထုကိုတစ်ပုဒ်လုံးပြီးအောင်ပြန်ရရင် နေ့အိပ်မက်တော့ ရူးမှာပဲ.. ချီးကျူးပါတယ်... ဖတ်လို့ကောင်းသား.. ကြည့်ရတာ ခိနစံအကြောင်း ၀တ္ထုတွေ ထပ်ရှိဦးမယ်ထင်တယ်။ ထပ်ရေးပါလားဟင်

လသာည said...

ကွန်မန့်လေးများအားလုံးကို ကျေးဇူးတင်ပါတယ်။
မကိရေ..၂၀၁၂ ဒီဇင်ဘာအရငင် ၂၀၀၉ ဒီဇင်ဘာက အရင်ရောက်တော့မယ်။ မကြောက်နဲ့သိလား တို့ရှိတယ်.. အတူတူထွက်ပြေးကြတာပေါ့..။

နေ့အိမ်မက်ရေ.. ဟုတ်တယ် တယ်နဲ့ သည်နဲ့ ရောနေတယ်။ ပြင်လိုက်ဦးမယ်ကွာ :P ကျေးဇူးညီမလေး

မြတ်နိုး said...

{ တကယ်ဆိုရင် ကမ္ဘာကြီးက သူ့သဘာဝဖြစ်စဉ်နဲ့သူ ဖြစ်ပျက်ပြောင်းလဲနေတာပါ။ လူတွေကြောင့် ကမ္ဘာကြီး ဖြစ်လာတာ မဟုတ်သလို လူတွေကြောင့်ကမ ၻာၾကီးပ်က္ရတာ မဟုတ္ပါဖူး }


ဒီလိုမဟုတ္ပဲ ကမ ၻာၾကီးပ်က္ရတာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် လို အပြစ်တင်နေပြီး၊ လူသားအချင်းချင်းကို သောကတွေ စိုးရိမ်စိတ်နှင့် ကြောက်လန့်စိတ်တွေ ပေးပြီး စိတ်နှလုံးကိုထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျွန်မတို့အနေနှင့် ခွင့်မလွှတ်နိုင်ပါဖူး။

time for this post is right.
ちょうど いい!

လသာည said...

အာရိကတိုးးး အားလုံးကျေးဇူးနော်