Tuesday, October 6, 2009

ဂျပန်က ပစ်တိုင်းထောင်လေးများ

ပစ်တိုင်းထောင်လေးတွေကို ကျွန်မအရမ်းနှစ်သက်ပါတယ်။ ဘယ်နေရာကနေ ပစ်လိုက်ပစ်လိုက် ပစ်လိုက်တိုင်း အမြဲထောင်နေတတ်တယ်။ ဘယ်လိုကျကျ လဲမသွားတာလေးကို အရမ်းသဘောကျပါတယ်။ ကျွန်မတို့ မြန်မာတွေက ဘ၀မှာ အနိမ့်အမြင့် သဘောလေးတွေ ကြုံတိုင်း စိတ်ဓါတ်မကျဖို့အတွက် ပစ်တိုင်းထောင်လေးနဲ့ တင်စားကြတယ်။

ဂျပန်မှာလည်း ပစ်တိုင်းထောင်လေးတွေ ရှိတယ်။ ရောက်စကတဲက ပစ်တိုင်းထောင်လေးတွေကို တွေ့တိုင်း ကျွန်မအံ့သြစွာ အမြဲရပ်ကြည့်တတ်ပါတယ်။ ပစ်တိုင်းထောင်ကို ဂျပန်လို daruma(だるま)လို့ ခေါ်ပါတယ်။မြန်မာ ပစ်တိုင်းထောင်နဲ့ မတူတာက မြန်မာပစ်တိုင်းထောင်ရုပ်လေးတွေက ကလေးမျက်နှာ ချစ်စဖွယ် အသွင်အပြင် ရှိပြီး၊ ဂျပန်က ပစ်တိုင်းထောင်ကတော့ အများအားဖြင့် ယောင်္ကျားကြီးတစ်ယောက်လို့ နှုတ်ခမ်းမွေးနဲ့ ( ခန့်ခန့်ညားညား ? :P ) ရှိနေပါတယ်။

ဝယ်ရင် ဈေးနှုန်းကတော့ အရမ်းကြီးတဲ့ပစ်တိုင်းထောင်တစ်ခုကို ယမ်း ၄ သောင်းကနေ ၅ သောင်းထိ ရှိတတ်ပြီး ဈေးချိုတဲ့ ပစ်တိုင်းထောင်လေးတွေက ယမ်း၁၂၀၀ လောက်ရှိပါတယ်။ ဟန်းဖုန်းချိတ်တဲ့ ဟန်းချိန်းကြိုးလေးလောက် ပိစိကွေး ချစ်စရာလေးတွေက ယမ်း၄၀၀ လောက်ရှိတတ်ပါတယ်။

နောက်တစ်ခုက ကိုယ့်လိုအင်အလိုက် ပစ်တိုင်းထောင် အမျိုးမျိုးကို အဆောင်အဖြစ် ရောင်းတာလည်း ရှိပါတယ်။ အပေါ်က လှလှပပလေးတွေကတော့ ကြင်သူ ဇနီးမောင်နှံလေးတွေကို ပေးတတ်တာဖြစ်ပြီး လာဘ်ကောင်းခြင်းနဲ့ ချစ်ခြင်းကို ရစေတယ်လို့ ဆိုပါတယ်။

အောက်ပုံကလို မျက်လုံး တစ်ဖက်လပ်နဲ့ ပစ်တိုင်းထောင်တွေကတော့ ကိုယ့်လိုအင်တွေက အဲဒီလပ်နေတဲ့ မျက်လုံးနေရာကနေ ၀င်လာတယ်လို့ အယူရှိတယ်တဲ့..။ အများအားဖြင့် ညာမျက်လုံးလပ်တာက များတယ်။ ဘယ်မျက်လုံးလပ်နဲ့ ပစ်တိုင်းထောင်က လွတ်လပ်ခြင်း၊ ကိုယ့်အားကိုယ်ကိုးနိုင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တယ်။ ဒါပေမဲ့ တချို့က ဘယ်မျက်လုံးလပ်တာက ညာမျက်လုံးကနေ ပြန်ထွက်နိုင်တယ်လို့ ယူဆပြီး မကြိုက်ဖူး..။
ဒါလေးကတော့ မျက်လုံး နှစ်ဖက်လုံး မျက်ဆန်မရှိရှာဘူး။ လာဘ်ဝင်စေတဲ့ အဆောင်ပါ။ မျက်လုံး နှစ်လုံးစလုံးက လာဘ်ဝင်စေတယ်တဲ့..။ တခါတခါ ရင်ဘတ်မှာ “အောင်ခြင်း 合格”ဆိုတာရေးထားရင် စာမေးပွဲအောင်ဖို့ အဆောင်အဖြစ်သုံးတာလေးပါ..။

ပစ်တိုင်းထောင် ရောင်းတဲ့ နေရာပေါ့။ ရောင်းရတာ လက်မလည်ဘူးတဲ့..။
ဒါပေမဲ့လည်း ၀ယ်လို့ တစ်နှစ်ကျော်သွားရင်တော့ သူတို့က ပြန်ရောင်းကြပြန်ရော။

တချို့မြို့တွေကျတော့လည်း ပြန်မရောင်းစေပဲ ပွဲတော်လုပ်လို့ အောက်ကလို့ မီးရှို့ပူဇော်လိုက်ကြတယ်။
သွားလေရော.. ပစ်တိုင်းထောင်ရယ် တနှစ်စာကြုံခဲ့သမျှ အဆိုးတွေ ဒီမှာတင်ပဲ ကြေပါစေတော့ ဒီဘ၀ဒီမျှသာပေါ့လေ..
လာဘ်ဆိုးတွေ သွားလို့ လာဘ်ကောင်းတွေ လာစေဖို့ ပစ်တိုင်းထောင် မီးရှို့ပွဲလေးပါ..။

လသာညအနေနဲ့တော့ ကိုယ်နှစ်သက်တဲ့ ပစ်တိုင်းထောင်လေးတွေ မီးရှိုပစ်တာ မြင်ရတော့ တမျိုးပဲ ခံစားရတယ်။ အင်း..ဒါပေမဲ့လည်း. လူမျိုးတစ်မျိုး ယုံကြည်မှု့တစ်မျိုးပေါ့နော်။ ကောင်းတယ်ဆိုးတယ် ဝေဖန်လို့ မရဘူးမို့လား..။

ဒီနေ့ သူငယ်ချင်း တစ်ယောက်ဆီကနေ အောက်က ပစ်တိုင်းထောင် ရုပ်ကလေးကို လက်ဆောင်ရခဲ့တယ်။ ဒါလေး ဘယ်လိုလဲ ချစ်စရာကောင်းတယ်မို့လား...။ ဒီပစ်တိုင်းထောင်လေးကို သဘောတကျ ကြည့်ပြီး ဂျပန်ပစ်တိုင်းထောင်အကြောင်းတွေ လျှောက်ဖတ်ဖြစ်သွားတယ်။ ဒီအကြောင်းတွေမသိသေးတဲ့ သူငယ်ချင်းလေးတွေအတွက် ဗဟုသုတမျှဝေဖြစ်သွားပါတယ်။ စာသားတွေချည်းဆိုတော့ ဖတ်ရတာ ပျင်းမောဖြစ်သွားပြီလား.. :P ကော်ဖီသောက်သွားနော်..။

လသာည..ဖြစ်ပါတယ်။။
ဒီနေရာလေးက ပုံလေးတွေကို ယူသုံးထားပါတယ်။

10 comments:

rose of sharon said...

ဇနီးမောင်နှံတွေကို ပေးတဲ့ပစ်တိုင်းထောင်စုံတွဲလေး ဘဲကြိုက်တယ်... တခြားဟာတွေက ရုပ်လဲမချောဘူး

Lucifer said...

ပစ်တိုင်းထောင်လေးတွေကိုတော့ ချစ်ပါတယ်..ဒါပေမယ့် မမီးကတော့ ပစ်တိုင်းထောင်လေးလိုတော့ မနေနိုင်ဘူး... ခဏတိုင်းလဲးတတ်တယ်

မိဆိုးလေး said...

မီးမီးက လွန်ခဲ့တဲ့၉နှစ်လောက်က လူတစ်ယောက်စီကနေ လက်ဆောင်ရဘူးတယ်..။မှတ်မှတ်ရရ အလုပ်စာမေးပွဲသွားဖြေတော့ မယ်လမုဘုရားကိုသွားရင်းနဲ့ ။တစ်ရုပ်ရချင်တယ်ဆိုတော့ တစ်စုံယူတဲ့။ ဘာလို့ ကြိုက်တာလဲ ဆိုတော့ သူ့ ကိုကြည့်ရတာ စိတ်ဓါတ်စွမ်းအားရတယ်လို့ ။အမ တင်လိုက်တော့ လွမ်း...သွားတယ်။ဘာကြောင့်မှန်းမသိဘူး။အဲဒီအရုပ်လေး၂ ခုကို သွားလေရာ(အလုပ်ပြောင်းလေရာသယ်မိတယ်၊အရုပ်ကလေးရဲ့ တန်ခိုးရချင်လို့ နေမှာပါနော် :Pကောင်လေးနဲ့ ကောင်မလေးကတော့ ချစ်သူတွေဖြစ်သွားကြလေရဲ့။ဒန် တန့် တန်:P:P:P)။ခုလဲ သယ်လာတယ။် အမ ရချင်ရင် ဓါတ်ပုံရိုက်ထားတာလဲရှိတယ်။:D

အိစံ said...

မိဆိုးလေးေုက်ာငြာဝင်ပါတယ်ဗျို့ ..လသာညကလေ ၈ျပန်ကပစ်တိုင်းထောင် ရုပ်အေူကာင်းပြောတာလားလို့  အဟိ

နု said...

ဟားဟားဟား ကြော်ငြာခ.... ရတော့မယ်ထင်တယ်.....

Anonymous said...

i like couple one.

:)

plz send to me if u want to give sth to me.



momiji

မင်းအိမ်ဖြူ said...

မြန်မာပြည်ကနေ သယ်ရောင်းပါလား P:

မင်းအိမ်ဖြူ

မိုးသီတာ said...

မီးတော့ ဗမာပြည်က ပစ်တိုင်းထောင်တွေပဲ ချစ်တယ်။ ဒီက ပစ်တိုင်းထောင်တွေ မြင်ရတာ ရှုပ်နေတာပဲ။... ဂျပန်ပစ်တိုင်းထောင်က အဂါင်္စုံလင်ပြီး မျက်နှာလေးက ချစ်စရာဆိုလဲ ပုနေပြန်ရော... :D :D ကျေးဇူး ပါ လသာညရေ။ ဗဟုသုတများ။

နေ့အိပ်မက် said...

ဒါလည်းမသိဘူး.. နေ့အိပ်မက်တို့ ပိန်းလိုက်တာနော်... ကျေးဇူးမမ.. မမလုပ်လို့ ဗဟုသုတတိုးတာ..

seesein said...

လလ........ပစ်တိုင်းထောင်လလဖြစ်ပါစေ.ဗဟုသုတလေးတွေအပြည့်အ၀နဲ့စာကောင်းပေကောင်းလေးတွေ အများကြီးရေးပေးနိုင်ပါစေ.......
ခင်မင်တဲ့
စစ