Thursday, October 8, 2009

တိုင်ဖုန်း နံပါတ် ၁၈

မနေ့က တိုင်ဖုန်းအမှတ်၁၈ လာနေပြီဆိုတဲ့ သတင်းကြောင့် ကျူတာက “မုန်တိုင်းက အိုခရာမကို ညကြီးဖြတ်မှာ ဂရုစိုက်နေပါ” ဆိုတဲ့ မေးလ်ကို တချိန်လုံးပို့နေလို့ ဂရုစိုက်ပြီး တီဗွီရှေ့က မခွာဖြစ်ခဲ့ပါ။ သတင်းကြည့်တယ်လို့ ယူဆရနိုင်သော်လည်း ဇာတ်လမ်းကြည့်နေခဲ့တယ်။ :D (ဇာတ်လမ်းက ကြော်ငြာဝင်ချိန်တော့ သတင်းပေါ့။ ) မုန်တိုင်းသတင်းကြောင့် ဒီနေ့ လုပ်ရမဲ့ seminarကို နောက်တပတ်ရွေ့ဆိုင်းလိုက်ပြီး၊ မနက်အစောကြီး အတန်းကိုပါ ပိတ်ပေးလိုက်ပါတယ်။ ဒါနဲ့ တီဗွီဇာတ်လမ်းကြည့်ရင်း၊ ပုံပြင်စာအုပ်တစ်အုပ်ကိုဖတ်ရင်း မုန်တိုင်းကို စောင့်နေခဲ့တယ်။

ဒါပေမဲ့ မနက်၃ နာရီမှာ နှစ်ခြိုက်စွာအိပ်ပျော်သွားတယ်။ အိပ်မက်ထဲထိ မုန်တိုင်းကရောက်နေပြီး အိပ်မပျော်သလို ပျော်သလိုဖြစ်နေတုန်း အနားမှာ “ဂီးဂီးဂီး”ဆိုတဲ့ အသံတစ်ခုကြားလိုက်တာနဲ့ အလန်တကြားထထိုင်လိုက်မိတယ်။ မုန်တိုင်းကျပြီထင်တယ်လို့..ပါ။ ကြည့်လိုက်တော့ ဖုန်းမြည်တာပါ။ အိပ်ခါနီး vibratorပေးထားမိပြီး စားပွဲပေါ်မှာထားမိလို့ အသံကအကျယ်ကြီးဖြစ်နေတာ။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာကို သတိထားမိတယ်။ ချက်ချင်း ဒီလိုလည်း တွေးမိတယ် မုန်တိုင်းရဲ့ မျက်စိ (လေဆင်နှာမောင်း မျက်စိနဲ့ မှားတွေးမိတယ်)က အိုခရာမကို ရောက်နေပြီထင်တယ်လို့။

ဖုန်းကိုင်လိုက်တော့ တိုကျိုက သူငယ်ချင်းတစ်ယောက်။ သူက “ ဟင် အခုထိ အိပ်ရာမထသေးဘူးလား။ ဒီမှာတော့ မုန်တိုင်းရောက်နေလို့ ကျောင်းသွားရမလား မသွားရဘူးလား စဉ်းစားနေတာ”တဲ့..။

သြော်... ဒါများ ကိုယ့်ဘာသာအခြေအနေကြည့်သွားလဲ ရတာကို ငါ့ကို လှမ်းဖုန်းဆက်ပြီး စဉ်းစားဆုံးဖြတ်ခိုင်းနေတယ်..ငါလည်း ဒီကနေတိုကျိုကိုမြင်ရတာမဟုတ်.လို့ တွေးပြီး အိပ်ချင်မူးတူးနဲ့ သူကို ဒီလိုပြန်ပြောလိုက်တယ်။ “ အေး မုန်တိုင်းဖြတ်တယ်ဆိုရင် မသွားနဲ့ပေါ့၊ ကျောင်းက အရေးကြီးရင်လည်း သွားချင်သွားပေါ့။ အခြေအနေကို စုံစမ်းပေါ့။ ငါတို့ကျောင်းတော့ပိတ်လို့ ငါတော့ အိပ်ပြီ.. နောက်မှ အခြေအနေ လှမ်းမေးဦးမယ်လို့။ (အားကိုးတကြီး ဖုန်းဆက်တဲ့ သူငယ်ချင်းတော့ တော်တော်စိတ်ပျက်သွားလောက်တယ်။ သူက “တော်ပြီ..နောက်ဖုန်းမဆက်တော့ဘူး.သူငယ်ချင်းအဖြစ် တသက်စာရှင်ခန်းဖြတ်ပဲ”ဆိုရင် ဒုက္ခ။ နောက်မှ တောင်းပန်ရဦးမယ်။ )

အင်း..ဒါဆို မုန်တိုင်းက အိုခရာမကို ဖြတ်ပြီးသွားတာ သေချာသွားတယ်။ (မုန်တိုင်းလမ်းကြောင်းက အိုခရာမပြီးမှ တိုကျိုရောက်တာမိုလို့လေ။) တညလုံးထိုင်စောင့်ခဲ့တဲ့ မုန်တိုင်းက ကိုယ်မအိပ်ခင် အိုခရာမကို မဖြတ်ပဲ ကိုယ်အိပ်ပျော်ချိန်မနက်၎နာရီကျမှ လာသွားတယ်။ ဘာမှတောင်မသိလိုက်ဘူး။ အေးအေးဆေးဆေးပဲ အိုခရာမကို ဖြတ်သွားတယ်။

ဒါပေမဲ့ အခုနက သူငယ်ချင်းရဲ့ဖုန်းကြောင့် တိုကျိုကအခြေအနေကို သိချင်တာနဲ့ ထထိုင်ပြီး သတင်းထကြည့်တယ်။ တိုကျိုမှာက လသာညရဲ့ ချစ်လှစွာသော လူကြီးနဲ့ ချစ်လှစွာသော သူငယ်ချင်းများစွာ (pps အိစံ ညိုချိုကအစ အများကြီး) ရှိနေတယ်လေ။ စိတ်ပူရတာပေါ့ ။ သတင်းအရ တိုကျိုမြို့ပေါ်လည်း တွေးသလောက်တော့ ဘာမှမဖြစ်ပါဘူး။ လေယာဉ်လိုင်း ခဏနားတာရယ်၊ ရထားလမ်း ရပ်ထားတာလောက်တော့ ဖြစ်တယ်။ (မှတ်ချက်။ ။ ပင်လယ်နဲ့ ပိုနီးတဲ့အခြမ်းတော့ ကြမ်းတယ်။ လူအသေအပျောက်နဲ့ ပစ္စည်းအပျက်အစီးအများကြီး ဖြစ်တယ်တဲ့။ အဲဒီက သူငယ်ချင်းတွေ အဆင်ပြေကြလားမသိရဘူး)

မနေ့ကတဲက ဖျားလို့ပါလို့ လာသတင်းပေးသွားတဲ့ အိစံကို သတိထားမိတော့လဲ တချိန်လုံး အွန်လိုင်းမှာ စိမ်းနေလို့ အခြေအနေကောင်းတာတွေ့ပါတယ်။ :P စိတ်အေးသွားပြီမို့ နှုတ်တောင်မဆက်နိုင်ပဲ မနက် ၁၀နာရီလောက် ပြန်အိပ်တယ်။ ပြီးတော့ကျောင်းကို သွားပါတယ်။

ကျောင်းမှာ ဆရာက မုန်တိုင်းပြီးလို့ ရာသီဥတုသာယာသွားတာတောင် ကျောင်းကို မလာပါလားတဲ့ နောက်သလိုလို အတည်လိုလိုနဲ့ ပြောသေးတယ်။ ဒါပေမဲ့ seminarကတော့ နောက်တပတ်ကျမှ ဖြစ်သွားတယ်။ ဒီနေ့ကတော့ အရမ်းကို သက်သာတဲ့ နေ့တနေ့ပါပဲ..။

မုန်တိုင်းက Kyoto, Nigata Sendai Yamagata Fukuoka kyuushuu ဆက်သွားတာမို့ အဲဒီက သူငယ်ချင်းများ ဂရုစိုက်ကြနော်..

လသာည..

5 comments:

အိစံ said...

ဟေးဟေး လသာညရေ အွန်လိုင်းစိမ်းတိုင်းနေကောင်းရောလားကွယ်...

လသာည ရဲ့ သူငယ်ချင်းက လသာည ပြီးတော့ အိစံဆီဆက်တယ် ကျောင်းသွားရမသွားရ အဖော်ညှိတာနေမှာ နေမကောင်းလို့ ဆိုတော့  နင်တို့ ၂ယောက်ကလည်းတဲ့ ...သူလည်း ကျောင်းသွားပုံမရဘူး..

မြတ်နိုး said...

အခုပဲရေးပီးတင်နေတာ..ဟားဟားးး


ကျိုတိုကို ၃နာရီကနေစဖြတ်တာ... မနက်လင်းတော့ တိုကျိုရောက်တယ်။ မုန်တိုင်းကြီးတော့ ဘယ်လိုများနေမလဲဆိုပီး အစောကြီးထတာ (စာလုပ်မလို့ အယောင်ပြတာ)မျက်စိလေးမှိတ်ပီးတော့ တွီေီလေးကြည့်တာ။ ကိုယ့်နေရာ အပြင်မှာ တော်တော်လေးလေကြမ်းတာတောတောင်မသိလိုက်ဘူး အိမ်လုံလို့။
တီဗွီကပဲ ကြည့်လိုက်ရတယ်။

ဒီနေ့မိုးလင်းတော့ ကျောင်းမသွားချင်လို့ မိုးရွာပါစေပြောတာ.. မိုးက မနေ့ကသူမဟုတ်သလိုပဲ..ဟီးးး စိတ်ညစ်ညစ်နဲ့ ကျောင်းသွားရတယ်..

မိဆိုးလေး said...

ဒီမှာလဲ သိပ်မကြမ်းဘူးအမ။တောင်ပေါ်မို့ ထင်တယ်။

မိုးသီတာ said...

မနေ့ကတော့ ကျောင်းဆောင်နားက ထောင်ထားသော စက်ဘီးများ အားလုံးလဲပါ၏။ ဒီလောက်လေးတော့ကျူးရှူးက ဘာမှ မပြောပါ။မနှစ်ကတော့ ၀န်တာက အ၀တ်ခြင်းတောင်းတွေဘာတွေ ပါသွား၏။ ဒီတခါ ကျူးရှူးဘက်က ၀င်တာမဟုတ်ပဲ မီအဲ၊ကျိုတို၊ အိုခါးရာမဘက် က ၀င်တာလို့ မီအဲသား ဖက်ဆစ်ကိုဟိုင်က ပြောတာပဲ။ ...

လသာည said...

ကွန်မန့်လေးများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘယ်သူမှ ဘာမှမဖြစ်လို့ တော်သေးတယ်နော်။ yokkata.