Saturday, October 10, 2009
ရာနိုမမို
ရာနိုမမို ဆိုတဲ့ လူမျိုးတစ်မျိုးနဲ့ ပတ်သက်ပြီး လူအများက ပြောကြတယ်။ သစ်တောမှာနေ သစ်တောမှာကြီး သစ်တောကိုစားလို့ သစ်တော့ရဲ့ စားခြင်းကို ခံရတဲ့ လူမျိုးတဲ့.. ဒါပေမဲ့ သူတို့က သဘာဝတရားကို အမှန်အတိုင်း လက်ခံလို့ သဘာဝကို ချစ်တတ်သူတွေလို့ သူတို့ကို သူတို့ယုံကြည်ကြတယ်။ ရာနိုမမိုလူမျိုးတွေက နိုင်ငံတကာက အင်္ဂလိပ်လို Yanomamo Yanomami နှစ်မျိုး ခေါ်ပေမဲ့ ဂျပန်တွေကတော့ ရာနိုမမိ ヤノマミ လို့ပဲခေါ်ပါတယ်။ ရာနိုမမိုဆိုတဲ့ အဓိပ္ပါယ်ကတော့ သူတို့ဘာသာစကားရဲ့ အဓိပ္ပါယ်အတိုင်း ပြောရရင် “လူသား”လို့ ဆိုလိုပါတယ်။
သူတို့ဟာ ဘရာဇီးနိုင်ငံနဲ့ ဗနဲဇွဲလားနိုင်ငံ (စာလုံးပေါင်းမှားရင် ပြင်ဖတ်ပေးပါနော်) ကြား နယ်စပ်က အမေဇုံတောထဲမှာ နေထိုင်ကြတယ်။ ကြီးမားနက်ရှိုင်းလှတဲ့ အမေဇုံတောထဲက ရာနိုမမို လူမျိုးတွေဟာ ၂၀ရာစုအစောပိုင်းအထိ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်မရှိပဲ တသီးတခြား ကမ္ဘာလေးတည်ထောင်ပြီး နေထိုင်ကြီးပြင်းခဲ့ကြတယ်.။ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို အစဉ်အဆက် (အခုထိ) ထိန်းသိမ်းခဲ့ကြတယ်။
၂၀ ရာစုရဲ့ နှောင်းပိုင်း ကာလတွေမှာတော့ ခေတ်သစ်ကမ္ဘာက လူသားတွေက သူတို့ကို တွေ့ရှိသွားပြီး လေ့လာစရာ သတ္တ၀ါတစ်မျိုးကို တွေ့သလို အမျိုးမျိုးလေ့လာသုတေသနလုပ်နေကြတဲ့အတွက် အခုခေတ်မှာတော့ ဒီလူမျိုးတွေဟာ နာမည်ကြီးလာခဲ့တယ်ပေါ့..။
သူတို့စုပေါင်းနေထိုင်တဲ့ ဘဲဥပုံသဏ္ဍန်အိမ်လိုအရာကို shabono လို့ ခေါ်တယ်။ shabonoဆိုတဲ့ ကြီးမားတဲ့ အဆောက်အဦးတစ်ခုထဲအောက်မှာ လူ၅၀ကနေ လူ၄၀၀ အထိ စုပေါင်းနေထိုင်ကြပြီးတော့ အလုပ်တာဝန်ကိုယ်စီကို ခွဲထားတယ်။ အဲဒီ ကြီးမားတဲ့ အိမ်ကို သစ်တောထဲမှာ ရှိတဲ့ သစ်ပင် သစ်ရွက် သစ်ခက်နဲ့ ဆောက်ကြတာ ဖြစ်လို့ မုန်တိုင်းနဲ့ အင်းဆက်ပိုး စသည့်ဒဏ်ကို ခံနိုင်လောက်အောင် တာရှည်မခံကြဘူး။ ဒါကြောင့် အိမ်တခါဆောက်ရင် တစ်နှစ် နှစ်နှစ်ပဲ သုံးပြီး စွန်ပစ်တတ်ကြတယ်။
စားဝတ်နေရေးအတွက်တော့ အမဲလိုက်တယ်။ ငါးဖမ်းတယ်။ မွေးမြူရေးတော့ မလုပ်တတ်ဘူး။ နောက်ပိုင်းမှာ ရွှေ့ပြောင်းတောင်ယာ အလုပ်ကို လုပ်လာကြတယ်လို့ ဆိုပါတယ်။ ပွဲတော်တွေ လုပ်တဲ့အခါ ရွာနားနီးစပ်တွေကို ဖိတ်ပြီး အကြီးအကျယ်လုပ်လေ့ ရှိတယ်။ သမိုင်းအရ သူတို့လူမျိုး သုံးပုံတစ်ပုံလောက်ဟာ စစ်တိုက်ရင်း သေကြရတယ်။ စစ်ပွဲမှာ အောင်နိုင်သူတွေမှာ မိန်းမများများနဲ့ ကလေးများများယူနိုင်တယ်။
လသာည ဖတ်ရင်း မျက်လုံးပြူးသွားရတဲ့ စိတ်ဝင်စားတဲ့ အချက်တစ်ခု သွားတွေ့ပါတယ်။ အဲဒါက မိန်းမကို ယောင်္ကျားက စိတ်တိုင်းကျ ရိုက်ခွင့်ရှိတယ်၊ (ဒါလောက်က မျက်လုံးမပြူးသေးဘူး။ လာမယ်..ဆက်ဖတ်ကြည့်ပါဦး ) အဲဒါကို မိန်းမက ကျေနပ်စွာ ခွင့်ပြုရတယ်၊ ဒါဟာ ချစ်ခြင်းကို ကိုယ်စားပြုတယ်လို့ ခံယူတဲ့အတွက်ကြောင့် ဖြစ်ပါတယ်တဲ့၊ အရိုက်ခံရပြီးရင်လည်း သူတို့အရိုက်ခံရကြောင်း (သူတို့အချစ်ခံရကြောင်း) ပြသဖို့အတွက် သူတို့ဦးခေါင်းကို ကတုံးရိတ်ရတယ်တဲ့ အော်.. အဲဒီလူမျိုးထဲမှာ လူမဖြစ်ခဲ့တာ လသာည. သိပ်ကံကောင်းပါလား... :P
ရာနိုမမိုလူမျိုး အယူတွန် ခလက်နတ်ခ် က ပြောတယ်။ ကျွန်တော်သိတဲ့ ကမ္ဘာကြီးဟာ ရိုးရိုးစင်းစင်း မျဉ်းတစ်ကြောင်း မဟုတ်တာသေချာပါတယ်။ စက်ဝိုင်းတစ်ဝိုင်းလို သံသရာလည် ကျက်စားနေရတဲ့ အိမ်ကြီးပါလို့ ပြောသွားတယ်။ ဒါဟာ ခေတ်နောက်ပြန်ကျနေတယ်လို့ ယူဆရတဲ့ ရှေးဟောင်းကမ္ဘာက လူသားလေးက ကမ္ဘာကြီးဟာ လုံးတယ်ဆိုတာ ကျွန်တော်တို့သိပြီးသားလို့ ပြောချင်တာလား။ ဒါမှမဟုတ် ခင်ဗျားတို့လို တိုးတက်နေတဲ့ လူတွေလည်း တစ်နေ့ ကျွန်တော်တို့လို နေထိုင်စားသောက်ရလိမ့်မယ်လို့ ပြောချင်တာလား စဉ်းစားစရာပါ။ ယခုအထိတော့ သူတို့ဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းနေတုန်းပါပဲ..တဲ့။
မှတ်ချက် : : မယဉ်ကျေးသေးတဲ့ အတွက် ယောင်္ကျားမိန်မ ဘယ်သူမှ အ၀တ်မ၀တ်ပါဘူး။ (ခါးမှာတော့ ကြိုးလိုမျိုး အရာကို စည်းထားတယ်။) ဒါကြောင့် တကိုယ်လုံးပုံ ဓါတ်ပုံလေးတွေကို ပို့စ်မှာ မတင်လိုက်သော်လည်း ဗဟုသုတအလိုဌာ မြင်ဖူးချင်ရင် ဒီနေရာမှာ သွားကြည့်လိုက်ပါနော်။ ရာနိုမမိုသူလေးတွေလည်း ချောတာကို တွေ့ရလိမ့်မယ်။
Reference: ရာနိုမမို လူမျိုးအကြောင်း အကျယ်ဆက်ဖတ်ရန်ဒီနေရာမှာ နဲ့ .ဒီနေရာမှာ (ဂျပန်လို ) ဒီနေရာမှာ ( English လို )
လသာည..ဖြစ်ပါတယ်
9 comments:
Unknown said...
ဝေးးးး ၁ ကွ... No.1 တစ်....
အမရေ... အခုလို ရှာဖွေ တင်ပြပေးတဲ့အတွက် ကျေးဇူး...
ဆက်ဖတ်လိုက်အုံးမယ်... ခဏလေးနော်...
Unknown said...
အင်း... အဲဒီမှာ လူမဖြစ်တာ အင်း... ဟဲဟဲ... ကောင်းပါတယ်လို့...
ကျနော်တခါ ဒစ်ကာဗာရီမှာ တစ်ခါကြည့်ဖူးတယ်....
အမပြောသလိုပဲ.... မယဉ်ကျေးသေးဘူး ဒါပေမယ် သူတို့တွေက သူတို့ယဉ်ကျေးမှုကို သူတို့ထိန်းသိမ်းတယ်နော်....
ပုံမှန်ပွဲတော်တွေလုပ်တယ်.... သူတို့တွေက စည်းလုံးကြတယ်ညီညွတ်ကြတယ်နော်...
အခုလို ခေတ်မျိုးမှာ သူတို့လိုလူမျိုးတွေရှိနေသေးတာ ထူးဆန်းစရာတော့ဖြစ်မိပါတယ်.... ဒါပေမယ့် သူ့လူမျိုး သူ့စရိုက်လေးနဲ့တော့ ချစ်စရာတော့ ကောင်းသားဗျ...
အခုလိုရှာဖွေပြီး စုစည်းတင်ပြပေးတဲ့အတွက် ကျေးဇူးပါဗျာ.....
မောင်လေး ပြည့်စုံ (ဝေါသားလေး)
မိုးသီတာ said...
ရှာဖွေ တင်ပြသူအား ကျေးဇူးတင်ပါ၏။ အမေဇုံထဲ မရောက်အောင်လဲလသာညဆီလည်ရသည်။..:D :D
kiki said...
ဘဝ ဆက်တိုင်း ရာနိုမမို မိန်းမ မျိုးတော့ မဖြစ်ပါရစေ နဲ့  တော်...
ဟိဟိ .. ရာနိုမမို ယောင်္ကျား ဆို ရင် တော်သေး ရဲ့  ..ဟေးဟေး။။
Lucifer said...
လသာညလေးရေ..ကျေးဇူးပဲးနော်..ဗဟုသုတရတာပေါ့
kl said...
ရာနိုမမို မိန်းမတွေရဲ့ ချစ်သတ္တိကတော့ အံမခန်းဘဲနော်။
Anonymous said...
တော်သေးတယ် .. အဲ့နေရာမှာ လူမဖြစ်လို့..
အဲ့နေရာက ယောင်္ကျားလဲ မဖြစ်ချင်ဘူး
မိန်းမလည်း မဖြစ်ချင်ဘူး
သံသရာပြန်ပြန်လည်နေမှာ..။
နေ့အိပ်မက် said...
ဘယ်လိုပြောရမလဲ ရိုးရာကိုထိန်းသိမ်းသင့်တယ်ပြောရမလား အရိုင်းတွေလို့ပြောရမလား... သိတော့ဘူး.. နည်းနည်းတော့ ကျောချမ်းတယ်..
လသာည said...
ကြောက်သွားပြီလား :P အဲဒီကို အ၀တ်ရောင်းသွားမယ့်သူတွေရှိတယ်။ လိုက်ချင်ရင်ပြောနော်