Sunday, October 18, 2009

ကံမကောင်းသေးဘူးဗျာ

လူငယ်တစ်ယောက်က အရက်ဆိုင်ထဲမှာ သူသောက်တော့မယ့် အရက်ခွက်ကို ငုံကြည့်နေတယ်။ သူအရက်ခွက်ကို ငုံ့ကြည့်ရင်း ငိုင်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ ထရပ်ကားမောင်းသမားတစ်ယောက်ဟာ ဆိုင်ထဲဝင်လာပြီး လူငယ်ဘေးမှာ ထိုင်ချလိုက်တယ်။ ပြီးတော့ လူငယ်လက်ထဲက အရက်ခွက်ကိုပါ ယူသောက်ပစ်လိုက်တယ်။ ဒါကို မြင်တဲ့ လူငယ်ဟာ ကလေးတစ်ယောက်လို ချုံးပွဲချငိုရှာတယ်။

ထရပ်မောင်းသမားဟာ လူငယ်ကိုကြည့်ပြီး အရမ်းကို စိတ်မကောင်းဖြစ်သွားပြီး ..
“မငိုပါနဲ့ကွာ၊ မင်းကို သက်သက်နောက်တာပါ။ မင်းအတွက် နောက်တခွက်ဝယ်တိုက်ပါ့မယ်။ ယောက်ျားလေးတွေငိုရင် သိပ်ကြည့်မကောင်းပါဘူးကွာ”

“မဟုတ်ဘူးဗျ။ အဲဒါကြောင့် မဟုတ်ပါဘူး။ ဒီနေ့ကျွန်တော်ကံမကောင်းလွန်းလို့ ငိုမိတာပါဗျာ၊ ဒီမနက်က အိပ်ရာထနောက်ကျလို့ အလုပ်နောက်ကျတယ်။ သူဌေးက ဒီလိုအရေးကြီးတဲ့နေ့ကို နောက်ကျရပါ့မလားဆိုပြီး ရစရာမရှိအောင် ကြိမ်းမောင်းပြောဆိုပြီး အလုပ်ကထုတ်လိုက်တယ်။ ဒါနဲ့ အလုပ်ထဲက ထွက်လာပြီး ကားဆီပြန်လာတော့ ကျွန်တော့်ကားကို သူခိုးခိုးသွားတာတွေ့ရတယ်။ ရဲကိုတိုင်တော့ VIPလူကြီးခရီးစဉ်ကြောင့် အလုပ်ရှုပ်နေလို့ ကျွန်တော့်ကားကို ရှာမပေးနိုင်ဘူးတဲ့ဗျာ။

ဒါနဲ့ ကိုယ့်ကားမရှိတော့လို့ တက္ကစီကားဌားပြန်လာခဲ့တယ်။ အိမ်ဝရောက်မှ သတိရတယ်။ တက္ကစီကားထဲမှာ ပိုက်ဆံအိတ်ကျန်ခဲ့တယ်။ ပိုက်ဆံအိတ်ထဲမှာလည်း ခရက်တစ်ကဒ်တွေပါ ပါသွားတယ်။ ကားသမားကို ကျွန်တော်လှမ်းခေါ်ပေးမဲ့ သူက ကားကို မရပ်တော့ပဲ မောင်းပြေးတယ်။ ဒါနဲ့ အိမ်ထဲဝင်လာတော့ ကျွန်တော့်မိန်းမက တခြားလူတစ်ယောက်နဲ့ အိပ်နေတယ်ဗျာ။

နောက်ဆုံးတော့ ဒီအရက်ဆိုင်ကို ထွက်လာခဲ့တယ်။ ဒီလောက်ကံဆိုးတဲ့ကျွန်တော် သေတာပဲကောင်းတယ်လို့ တွေးမိတယ်။ ဒါနဲ့ အရက်ခွက်ထဲ အဆိပ်ထည့်ပြီး သောက်မလို့လုပ်နေတာကို အခုခင်ဗျားက ယူသောက်သွားတယ်။ သေချင်တာတောင် သေခွင့်မရတဲ့ကျွန်တော် ၊ ဒီလောက်ကံဆိုးတာ ကျွန်တော်မှမ၀မ်းနည်း ဘယ်သူပိုဝမ်းနည်းမလဲဗျာ။ ကျွန်တော့်ကို ငိုခွင့်ပေးကြပါဗျာ... အီး..ဟီးဟီး။။။

“တကယ်တော့ ကံဆိုတာ ကံဆိုးကံကောင်းဒွန်တွဲနေတတ်ပါတယ်။”


လသာည..ပါ။ ဘော်ဘော်အားလုံးကတော့ ကံကောင်းကြတယ်မဟုတ်လား :P ။ အားလုံးကံကောင်းကြပါစေ.... အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ..

Reference : : http://www.coolfunnyjokes.com/

7 comments:

သိင်္ဂါကျော် said...

ဖတ်ဖူးသလိုပဲ... ဒါပေမယ့်
ထပ်ဖတ်သွားတယ်...

လသာည said...

ကျေးဇူးတင်ပါတယ် ညီမလေးသိင်္ဂါကျော် :D
မူရင်း“A Really Bad Day”ပို့စ်တစ်ခုတည်းကို ဘာသာပြန်မိလို့ ဖြစ်ပါလိမ့်မယ်။ တို့တော့ အခုမှဖတ်ဖြစ်လို့ အခုမှပဲ ဘာသာပြန်မျှဝေလိုက်တာပါ။ လာရောက်ဖတ်ရှုအားပေးတာ ကျေးဇူးအထူးတင်ပါတယ်။

သိင်္ဂါကျော်လိုပဲ ဖတ်ပြီးသားဖြစ်နေတဲ့ သူငယ်ချင်းများရှိနေရင်လည်း ဆောရီးပါလို့။ ဟာသက သိပြီးသားဆို သိပ်မရယ်ရဘူးလေ..

nyocho said...

ကျွန်တော်ကတော့ မဖတ်ရသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူဘာသာပြန်ပေးတာ ကျေးဇူးတင်ပါတယ်.။
ကျွန်တော်ကြားဖူးတာတစ်ခုက “ကံကောင်းလို့ မြင်းရိုင်းလေးတစ်ကောင်တောထဲက ရလာတယ်။ မြင်းရိုင်းကို တက်စီးလိုက်တာ ကံဆိုးစွာ လက်ကျိုးသွားတယ်”ဆိုတာလေ..
ကျွန်တော်ကတော့ အမေဇုံမှာမဟုတ်ပဲ မြန်မာပြည်မှာမွေးကတဲက ကံကောင်းပြီးသား ဟဲဟဲ

pps said...

ူLaughing out loudly :)))))))))))))))))))))
Now, who got a really bad day???????

လသာည said...

:P ဟုတ်တယ် ညိုချိုက မြန်မာပြည်မှာမွေးတဲ့ညိုချိုဖြစ်နေလို့၊ အမေဇုံမှာသာမွေးခဲ့ရင် ကောင်မလေးတွေ ကတုံးတုံးရတာများလိမ့်မယ်.. :D

so,PPS, do you know who got a really bad day? :P

pps said...

Of course, it`s not me as well as u :P
It must be ကတွတ်ပီ......ဟဟဟ
Really poor driver!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

nyocho said...

မမပီ မမပီ ကတွတ်ပီက ဘယ်သူလဲ..
အမေဇုံက ဒရိုင်ဘာနာမည်လား :P