Saturday, October 24, 2009

ငပျင်း နဲ့ ဘရာဇီယာသတင်း

လူတွေဟာ အကြောင်းမရှိပျင်းတတ်တယ်နော်။ သင်စရာမလိုပဲလေ..

မနေ့က ပြောပါတယ်။ တီဗွီကြည့်တာ သတင်းလာနေတယ်။ ချန်နယ်မပြောင်းပဲ ပျင်းပြီးတော့ ဆက်ကြည့်လိုက်တာ။ ဂျပန်တွေက သတင်းကို စိတ်ဝင်စားစရာကောင်းအောင် ကြော်ငြာတာတဲ့။ ဖြေးဖြေးချင်း။ သူတို့ကြော်ငြာပုံ မင်းနားထောင်ကြည့်သွားပါဦး..

မနေ့က လမ်းဘေးအ၀တ်လျှော်စက်နားမှာ မီးလောင်မှုဖြစ်တယ်တဲ့။ (ဒါများ မီးလောင်တာ အထူးအဆန်းကျနေတာပဲ.. တနေရာမဟုတ် တနေရာ နေတိုင်းဖြစ်နေတာများ။) ဟာ.. ဒီသတင်းက နည်းနည်းထူးဆန်းတယ်။ မီးရှို့တဲ့ တရားခံက ၄၉နှစ်တဲ့။ (အော် မထူးဆန်းသေးဘူး။) နေဦး.. ထူးဆန်းတယ်။ သူက အ၀တ်လျှော်စက်ထဲမှာ သူလိုချင်တဲ့ ဘရာဇီယာမတွေ့လို့တဲ့။

သြော်.. ဘရာဇီယာများ အ၀တ်လျှော်စက်ထဲသွားရှာတာကိုး။ ဈေးမှာရောင်းနေတာ ပုံလို့ မသိလေသလား..။ ဆက်နားထောင်တော့.. ဟာ ထူးဆန်းပြန်ပြီ..။ သူက ဘရာဇီယာရှာတာ ဘယ်တွေ့မလဲ သူက ယောက်ျားလေးတစ်ယောက်ရဲ့ အ၀တ်လျှော်စက်ထဲ သွားရှာတာကိုး။ သြော်.. ဒါတောင်ပြောသေးတာ သူလိုချင်တဲ့ ဘရာဇီယာဆိုဒ်မရှိလိုတဲ့..။ ဒွတ်ခ....

သူလိုချင်တဲ့ ဆိုဒ်လား သူက အခု ၄၉နှစ်တောင် ရှိပြီဆိုတော့ အင်း..သိဘူးလေ။ သူက ဘာဆိုဒ်ကို လိုချင်တာလဲ ဘယ်သိပါ့မလဲ..။ သတင်းက သိချင်ပါတယ်ဆို စလိုးမိုးရှင်း ကြေငြာနေတာကိုး။ အင်း..ဆက်ပြောတယ်။ ဘာလို့ ယောက်ျားလေးအ၀တ်လျှော်စက်ထဲသွားရှာသလဲဆိုတော့ သူကိုယ်တိုင်က ယောက်ျားကြီးဖြစ်နေလို့တဲ့။ ဟာ.. ဘာတွေလဲဟ..

ဟာ သိချင်ပါတယ်ဆို.. သတင်းက ကြော်ငြာဝင်သွားပြန်ပြီ..။ ကြော်ငြာလေးနားထောင်သွားပါဦး..


အပျင်းပြေ ပျင်းသွားပါဦး အဲ .. :P

အဲဒါ.. သတင်းဆက်ရရင်... ၄၉နှစ် ယောက်ျားကြီးက အ၀တ်လျှော်စက်ထဲ ဘရာဇီယာ သွားရှာတာ မတွေ့လို့ စက်ကို မီးရှို့တာ စက်ကမီးလောင်သွားတယ်။ ရဲတွေ လာကြည့်တော့ လူကမရှိတော့ဘူး စက်ပဲ ရှိတော့တယ်။ စက်ပျက်ကြီးလေ။ ကံမကောင်းသော်လည်း ကံကောင်းစွာ စက်အပေါ်မှာ တပ်ထားတဲ့ ဗွီဒီယိုကင်မရာက အကောင်းအတိုင်း ကျန်နေတော့ တရားခံမိသွားတာပေါ့နော်။

ရဲတွေက အိမ်လိုက်သွားတော့.. ဟာ မြန်မြန်မပြဘူး။ သတင်းသမားတွေက အချင်းချင်းစကားပြောနေကြတယ်။ နေဦး လသာည ဗိုက်ဆာလို့ ကော်ကော်သွားသောက်လိုက်ဦးမယ်။ သီချင်းလေး ဖွင့်ထားလိုက်ဦးမယ်.. နားထောင်နှင့်နော်...။


ဆောတီးနော်.. လိုရင်းမရောက်သေးဘူး။
ပျင်းသွားပြီလား..။ သတင်းပြန်ဆက်မယ်။ရဲက အိမ်ရောက်တော့ အဲဒီလူကြီးကို စစ်လိုက်တော့ သူ့မိန်းမက ၀ယ်ခိုင်းတဲ့ ဘရာဇီယာကို လိုက်ရှာတာ လိုချင်တဲ့ဆိုဒ်မတွေ့လို့တဲ့.. ဘယ်တွေ့မလဲ.. နားထောင်ဦး.. သူ့မိန်းမက ကီလို ၃၀၀ရှိအောင် “၀”နေတာဆိုတော့...။

အဲဒါသူက ဘရာဇီယာရှာရတာ နေတိုင်းဖြစ်နေတော့ ပင်ပန်းလွန်းပြီး စိတ်ဖောက်သွားတာတဲ့..။ သူ့ကို ဖမ်းတော့ ငိုရှာတယ်။ သူ့ကို ဖမ်းရင် သူ့မိန်းမကို ဘရာဇီယာ ဘယ်သူဝယ်ပေးမလဲတဲ့..။ (ဟုတ်သားပဲ.. ဘယ်သူဆက်ဝယ်ပေးမလဲ.. ၀ယ်ပေးဖို့ စိတ်ဝင်စားသူရှိရင် ANNသတင်းဌာနကို ဆက်သွယ်ရင် ရလောက်တယ်:D)

သူတို့လင်မယားဟာ တချိန်က တော်တော်ချမ်းသာခဲ့တယ်တဲ့။ နောက်ပိုင်း သူချမ်းသာသမျှ သူ့မိန်းမက ထိုင်ရာမထ (ပျင်းပြီး) အစားတအားစားပြီး မထိန်းနိုင်မသိမ်းနိုင် “၀”လာပြီးမှ သူတို့အခုလိုဖြစ်သွားရတာပါတဲ့..။ ရဲကိုလည်း သူကဒီလိုမှာသေးတာ..“ ခင်ဗျားတို့ မိန်းမရရင် မိန်းမကို ကြိုပြောထားဗျာ။ ပျင်းရုံပျင်းပါ၊ အစားလည်းစားပါ ဒါပေမဲ့ မ“၀”စေနဲ့လို့”

ရဲတွေနဲ့ သတင်းကြေငြာသူတွေလည်း မျက်ရည်လေးတွေ တ၀ဲသားနဲ့ သနားသွားကြတယ်။ ဂျပန်တွေ မျက်ရည်အကျမှာ လသာညလည်း ငိုက်ကျပြီး အိပ်ပျော်သွားမိသွားပါတယ်။ အားလုံးပျင်းနိုင်ကြပါစေသတည်း..:P

လသာည... ဖြစ်ပါသည်။။

9 comments:

လသာည said...

သီချင်းကလည်း တီးလုံးတွေများပြီး အဆုံးထိနားထောင်ရမှာ ပျင်းလိုက်တာ ဟားဟား ပိုပျင်းသွားပြီမိုလား :P

Anonymous said...

ဟားဟား တို့  က ပိန်တယ်..လသာည သတိထားနော်

pps said...

ဟဟ...စားဖို့ ပျင်း..အိပ်ဖို့ မပျင်း..ငါ့မှာချစ်ရမှာလည်းပျင်း....ပျင်း...

မန်းလေရူး said...

ဟီးဟီးး))
အစ်မကလည်း ကြံကြံဖန်ဖန် ......
လူကြီးတွေပြောတာကတော့ ၃၀ ကျော်လောက်မှ ဝတာလို့ပြောတာပဲ ။
ဒါကြောင့် လောလောဆယ်တော့ စားချင်သလိုစား ပြီး အိပ်ရေးဝအောင်အိပ် နေတယ် ၃၀ မကျော်ခင် :P

မယ့်ကိုး said...

မယ်လည်း ငပျင်းပဲ မရေ..ပို့စ်လေးက ပျော်စရာလိုလိုနဲ့ နောက်သနားရစရာလိုလို ။မ ရေးထားတာလေးက ချစ်စရာ။
မယ်တော့ ၃၀ မကျော်ခင် ဝချင်လာပြီ။ အဲဒါသတိထားနေရတယ်။ ကောင်မလေးတွေလို ကယ်လိုရီမှတ်စက်လေး ဝယ်ထားမှ ထင်တယ်။

မြတ်နိုး said...

ဟားဟား
ဘရာစီယာဆိုလို့...ဘာလဲပေါ့..။

သတိထားနော် ဂျပန်မှာ တကယ်ရူးနေတာ။
သူ့အကြောင်းပြချက်က တမျိုး မို့ ထားပါတော့..။

လွန်ခဲ့တဲ့ ၅နှစ်က အဲဒီခန်းတို ဘက်မှာနေတဲံ့ သူငယ်ချင်းတယောက် သူ့ရဲ့
အောက်ခံဘောင်းဘီသူခိုးခိုးခံရလို့။ ကျန်တဲ့ အ၀တ်တွေ မယူဘူး သိလား။

နောက်၁ပတ်လာတော့ ပြန်လာထားသွားတယ်..။ဟားဟား

ကြောက်စရာကြီးရယ်..ဘာလုပ်ထားမှန်းမသိတော့ သယ်ချင်းလဲ လွှင့်ပစ်လိုက်တယ်..

သိင်္ဂါကျော် said...

ထူးဆန်းတဲ့ သတင်းပါပဲ
ရယ်စရာလည်း ကောင်း ...
သနားစရာလည်း ကောင်း...

မိဆိုးလေး said...

သနားစရာ ငါ့ခမျာမှာ ပျင်းရန်အချိန်မရှိချေပြီတကား..။:P

လသာည said...

ကွန်မန့်လေးများအားလုံးကို အထူးအထူးကျေးဇူးတင်ပါတယ်..

မပျင်းဖို့ ကြိုးစားလိုက်ဦးမယ်နော်... :D