Tuesday, October 27, 2009

ပေါင်မုန့်ကြက်ဥကြော်၏ နောက်ကြောင်း

မြန်မာပြည်မှာ နေတုန်းက တီဗွီကြည့်ရင် ကိုးရီးယား ဇာတ်လမ်းတွဲချိန်လေးပဲ ကြည့်ဖြစ်ခဲ့မိတယ်။ ကျန်တဲ့အချိန်တော့ တီဗွီပိတ်ပြီး ဗွီစီဒီကြည့်နေဖြစ်တယ်.. သီချင်းခွေဖြစ်ဖြစ်ပေါ့.. ဒီရောက်တော့ ဂျပန်စာရအောင်ဆိုပြီး တီဗွီကို နားထောင်ထောင် မထောင်ထောင် အချိန်တိုင်း ဖွင့်ထားဖြစ်တယ်။ ဖွင့်ထားတော့လည်း ကြားနေရတယ်ပေါ့။ နေ့တိုင်းဆိုတော့ ကြားရတဲ့စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်တာမသိတာပါ။ လေယူလေသိမ်းတွေက ရင်းနှီးလာသလိုပဲလေ။ နောက်တော့ သိသိမသိသိ အာရုံစိုက်ရင်း သတင်းကအစ ကြည့်ဖြစ်လာခဲ့တယ်။ အခုတော့ သတင်းကိုပဲ စွဲစွဲလမ်းလမ်းကြည့်ဖြစ်လာခဲ့တယ်..။

ဒီနေ့လည်း ကျောင်းကကျူတာက အိမ်လည်လိုက်လာလို့ ရှိတဲ့ ကော်ဖီနဲ့ ဧည့်ခံနေရင်း သတင်းဖွင့်ထားမိတယ်။ သတင်းတွေကလည်း တော်တော်စုံပါတယ်။ ဒီနေ့ပဲ ထူးဆန်းတဲ့ သတင်းလေးတွေပါလာတယ်။ စိတ်နည်းနည်းအိုက်သွားတာလေးပါလို့ ပြောပြမယ်နော်.

ပထမဆုံးသတင်းက ချီဘမြို့မှာ တိုက်ခန်းတွဲတစ်ခုမှာ မီးလောင်မှုဖြစ်တယ်။ လူတစ်ယောက်သေဆုံးသွားတယ်။ သေဆုံးသွားသူက ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူဖြစ်ပြီး Ochanomizu Universityက နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်ပါတယ်။ မီးလောင်လို့ဆုံးတယ်လို့ ထင်ရပေမဲ့ သေချာစစ်လိုက်တော့ မီးမလောင်ခင် ဓါးဒဏ်ရာကြောင့် သွေးထွက်လွန်လို့ သေတာဖြစ်ပြီး မဒိန်းကျင့်ခံရတယ်လို့ ထင်ရပါတယ်တဲ့။ ကိုယ်မှာ..အ၀တ်မရှိလို့လေ..။ အဲဒါကို ကြားတဲ့မိဘတွေက လူသတ်သမားကို မကျေနပ်လို့ ပြန်သတ်မယ်လို့ ကြုံးဝါးနေကြောင်းလည်း သတင်းထဲမှာ ပါလာပါတယ်။ အင်း... ကျူတာက “.....စံ အိမ်တံခါးကို လုံခြုံအောင်ပိတ်အိပ်နော်။ လူဆိုးဆိုတာ စာတမ်းဆွဲလာတာမဟုတ်ဘူး”တဲ့..။

နောက်တစ်ခုကတော့ ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရ Democratic Party ရုံးချုပ်ကို အသက်၂၀ အရွယ်လူငယ်တစ်ယောက်က ၀င်ပြီး အားလုံးကို သတ်မယ်လို့ ကြုံးဝါးပြီး ဓါးလွတ်ကိုင် ၀င်သတဲ့။ အစောင့်အကြပ်ထူတဲ့ အ၀င်ဝကို ကျော်ပြီး ခုန်ပြန်ဝင်လာတဲ့ လူငယ်ကို နောက်ဆုံးမှာ ရဲက ဖမ်းမိသွားတယ်။ ဒဏ်ရာရသူ မရှိလို့ တော်သေးတယ်လို့ ကြေငြာသွားပါတယ်။ အော်...အင်း......ခက်တာပဲ. ကျူတာက ပြောတယ်။ တို့နိုင်ငံလည်း မလွယ်ဘူးနော်။ အဲဒါတွေရှိတယ်တဲ့ သူက မျက်နှာပူပုံနဲ့ ပြောတယ်။

နောက်သတင်းကတော့ Australiaနဲ့ တိုင်ဝမ်ကနေပြီး ရွှေချောင်း (၁၂၀၀ကီလိုဂရမ်)ကို ခိုးသွင်းမှုနဲ့ လင်မယားနှစ်ယောက်ကို ဖမ်းလိုက်တယ်တဲ့။ တစ်ကြိမ်တည်းတော့မဟုတ်ဘူး ၅၁ကြိမ်သွင်းယူခဲ့တဲ့ အရေအတွက် ဖြစ်ပါတယ်။ အခွန်ရုံးက တရားစွဲတာဖြစ်ပါတယ်။ ကျူတာက ပြောပြန်တယ်။ “ဂျပန်တွေက စည်းကမ်းပျက်လာပြီ ဒီလိုလူတွေရှိလို့ ဂျပန်လူမျိုးနာမည်ပျက်တော့မယ်”တဲ့..။ သူပြောသမျှ ကိုယ်ဘာမှ မဝေဖန်တတ်ခဲ့ဘူး..။

နောက်ဆုံးမှာ တိုက်ဆိုင်စွာ (ဒီနေ့မှကွာ..) မြန်မာနိုင်ငံသတင်းပါလာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရန်ကုန်ကဆန္ဒပြပွဲမှာ သေနတ်မှန်ပြီး သေဆုံးသွားတဲ့ သတင်းထောက်Mr.Nagai Kenji နဲ့ပတ်သက်တဲ့သတင်းဖြစ်နေတယ်။ ထိုအချိန်က သူယူလာဆောင်သွားတဲ့ ဗွီဒီယိုကင်မရာ၊ ဟန်းဖုံး၊ ပတ်စပို့စတာတွေကို ရိုက်ထားတဲ့ ဓါတ်ပုံကို သူတို့ ရရှိထားကြောင်းဖြစ်ပါတယ်။ ဓါတ်ပုံပါ ထိုပစ္စည်းတွေကို ဂျပန်က ပြန်တောင်းသော်လည်း မြန်မာဘက်က ပြန်မပေးတဲ့အတွက် သတင်းကုမ္ပဏီက နိုင်ငံခြားရေးဝန်ကြီးဌာနအားအဲဒါကို တောင်းဖို့တိုက်တွန်းလိုက်ကြောင်း ဆိုတာလည်းပါပါသေးတယ်။

ဒီသတင်းလာတော့ ကျူတာက ကိုယ့်ဘက်ကိုလှည့်ကြည့်လာတယ်။ သူဘာပြောမလဲကိုယ်မသိခင် ဒီတခါ မျက်နှာပူသူက ကိုယ်ဖြစ်နေတယ်။ ကိုယ်က သူ့အစိုးရ စကော်လာနဲ့ လာနေတာဆိုတော့ ..။ ဘာပြောရင်ကောင်းမလဲ စဉ်းစားရင်း သူ့ကို လှည့်ကြည့်လိုက်တယ်။။
“......စံ”
“ဟင်”
သူက အနည်းငယ်စဉ်းစားနေပုံရတာမို့ ကိုယ်လည်း သူကို အားပေးတဲ့ ပုံစံနဲ့ ..မျက်စိမှိတ်ပြီး..ခပ်ပြတ်ပြတ် ဒီလိုပြောလိုက်တယ်။
“ပြောချင်တာရှိတာ ပြောပါ အားမနာပါနဲ့.. ပြောလို့ရပါတယ်”
“ငါ...”
“အင်း.. ပြော..”
“ငါ ဗိုက်ဆာနေလို့.. စားစရာတစ်ခုလောက် လုပ်မကျွေးချင်ဘူးလားဟင်။ ငါ .. နင့်ကို အားတော့နာပါတယ်”

အော်.. ဟော်ဟော........ဟားဟား ဂျပန်တွေများ စကားပြောလည်ဝယ်လိုက်ကြတာ.နော်။ ငါ့လောက်နီးနီးပဲ..:P

“ရတယ်ရတယ်။ ငါ့မှာ ပေါင်မုန့်ရှိတယ်။ ပေါင်မုန့်ကြက်ဥကြော်ကျွေးမယ်နော်..

ဤတွင် သတင်းပြီး၏..
အားလုံးရွင်လန်းချမ်းမြေ့ကြပါစေ.. "D

လသာည ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဒီနေ့လာသွားတဲ့ မြန်မာနိုင်ငံသတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

8 comments:

အိစံ said...

ပေါင်မုန့် နဲုကက်ဥေုက်ာကယ်လိုက်လို့ ပဲ...ဒါပေမဲ့ သတင်းတွေကေုကာက်စရာ..

သိင်္ဂါကျော် said...

သတင်းတွေက စိတ်ဝင်စားစရာပဲ။
ဂျပန်တွေလည်း မြန်မာတွေနဲ့ နေလာတာကြာတော့ အလိုက်သိလာတာ နေမှာပေါ့။

နေ့အိပ်မက် said...

ဂျပန်မှာက အမြဲမှုခင်းသတင်းတွေ တစ်ချိန်လုံးပြောနေတာပဲ မဟုတ်ဘူးလား မြန်မာပြည်မှာလည်း အမှုအခင်းတွေက ရှိပါတယ်.. သတင်းမကြော်ငြာတာပဲရှိတာ..

rose of sharon said...

ဂျပန်ရဲ့ကြောက်စရာသတင်းတွေက လူသိအောင်ကြေငြာတာကောင်းတာပေါ့... ကိုယ့်မြန်မာနိုင်ငံမှာ ဒါမျိုးတွေ သတင်းထဲ ထည့်မကြေငြာဘူး

Anonymous said...

ဟုတ်တယ်နော်။ဂျပန်မှာတော့ အကောင်းအဆိုး အားလုံးကို ပြည်သူကို သိစေတယ်။ဒီလို အသိပေးတော့ သတိနဲ့ ဆင်ခြင် ရှောင်ရှား နိုင်တာပေါ့လေ။ လသာညကတော့ မြန်မာသတင်းကို ပေါင်မုန့်ကြက်ဥကြော်နဲ့ ပွဲသိမ်းလိုက်တယ်ပေါ့လေ။ကောင်းလေစွ...ကောင်းလေစွ။


ထား

မြတ်နိုး said...

yes,..

Japan esp Kanto area has always criminal problem.
Becareful,that rape case is rare in Japan.
I will discuss with my sensei about rape case.
This is important for ladies who live in Japan.

Thanks for sharing news, I will try to listen,
Most of my time, I spend a lot of watching movie.

:(

မိုးသီတာ said...

အင်း။ ဆိုတော့ ဂျပန်လူမျိုးကိုလဲ သတိထားရမယ် ဆိုပါတော့။ ကျေးဇူး။ လသာညရေ။

ZarChyLwin said...

လာဖတ်ပြီးတော့ ရယ်မိတယ် တခွိခွိ
ပွဲကြီးပွဲကောင်းက ကြက်ဥကြော်နဲ့ဇာတ်သိမ်းသွားတယ်
:D