Wednesday, October 21, 2009

အပြစ်မဲ့ပန်းခင်းလေးများ

ဒီကမ္ဘာမြေရဲ့ နေရာတိုင်းမှာ ချစ်စရာ အပြစ်ကင်းတဲ့ ပန်းခင်းကလေးတွေ ရှိတယ်..။ အဲဒါ ငါတို့ရဲ့ အနာဂတ်ပိုင်ရှင် “ကလေးငယ်များ”ပေါ့။ ဒီပန်းခင်းလေးတွေ တချိန်မှာ ရောင်စုံဖူးပွင့်ဝေဆာသွားနိုင်ဖို့ က ငါတို့အားလုံးအတွက် အရမ်းကို အရေးကြီးပါတယ်။

ဒါပေမဲ့ပေါ့လေ.. ဥယျာဉ်မှုးတွေရဲ့ ဒေါသတွေ၊ မောဟတွေကြောင့် အဲဒီပန်းကလေးပေါင်းများစွာ ညိုးနွမ်းပျက်စီးရတယ်။
မျက်ရည်တွေနဲ့နေ့ပေါင်းများစွာကို တချို့ဖြတ်သန်းနေကြရတယ်..

ပန်းကလေးအားလုံးလည်း ရောက်ရာဘ၀မှာ သူတို့စောဒက မတက်တတ်ပဲ တကယ်ဆို အပေါင်းအသင်းဖွဲ ပျော်ရွှင်တတ်တာပါပဲ..

ဒါပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေကျတော့ သူတို့ခမြာ ပြစ်ဒဏ်တစ်ခုလို့ မနိုင်ဝန်ထမ်းနေရသလိုပဲ.. ။ ဘယ်သူကမှ တာဝန်ယူမဖြေရှင်းပေးနိုင်တဲ့အခါ.. သူတို့ကိုယ်တိုင်ပဲ ..ဖြတ်သန်းကျော်လွှားနေကြရတာ.. နေ့စဉ်ပေါ့..

ဒေါသ၊ မောဟနဲ့ မာန်မာနတွေကြောင့် အပူမီးတွေ တောက်လောက်နေတဲ့ ကမ္ဘာကြီးမှာ...

သူတို့တွေ ကြောက်ရွံမှု၊ ပူပန်မှုကင်းစွာ ပျော်ရွှင်နိုင်ပါရဲ့လား...

တကယ်တော့ ဥယျာဉ်မှုးတွေအားလုံးရဲ့ ဒေါသ၊မောဟတွေ ငြိမ်းစေဖို့ အရေးတကြီးလိုအပ်နေတယ်။ ဥယျာဉ်မှုးတွေသာ သူတို့လေးတွေအပေါ် (ကျောသားရင်သားမခွဲခြားပဲ) စာနာမေတ္တာထားနိုင်ခဲ့ရင် အခုလိုပြဿနာတွေရဲ့ အရင်းခံပြဿနာဟာ ပြေလွယ်သွားမယ်မဟုတ်ပါလား..။

ဒီကလေးငယ်လေးလို့ လသာညလည်း ဆုတောင်းချင်ပါတယ်။ မေတ္တာငတ်နေတဲ့ ကလေးငယ်တွေကို မေတ္တာတွေ ဖြန့်ဝေပေးတတ်အောင် ဥယျာဉ်မှုးတွေဆီ ..မေတ္တာတရားထပ်မံဟောပေးပါဦး.. ဘုရားသခင်လို့...

အနာဂတ်ကလေးများအတွက် ခံစားမိတဲ့ သီချင်းလေးပါ... ဘာရယ်တော့ဟုတ်ဘူး။ ရင်ထဲခံစားမိသွားလို့ တင်လိုက်တာပါ။
လသာည....ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဓါတ်ပုံအားလုံ google မှ ယူပါသည်။

5 comments:

သိင်္ဂါကျော် said...

အပြစ်ကင်းတဲ့ ပန်းဖူးလေးတွေ အားလုံး ဝေဝေဆာဆာ ပွင့်စေချင်ပါတယ်။

လသာည said...

ကျေးဇူးပဲနော် ညီမလေး..

မနေ့က သူငယ်ချင်းမိုးသီတာနဲ့ မေတ္တာငတ်သူများကြောင်း ပြောဖြစ်တာရယ်။ ဒီနေ့ ဌာနမှာ ကမ္ဘာကလေးများအတွက်ဆိုပြီး အလှုခံပိုစတာလာကပ်တာရယ်၊ facebookမှာ ဒီသီချင်းလေးတွေ့တာရယ် စုံလင်စွာ ဒီပို့စ်လေးကို တင်လိုက်ပါတယ်။

လွမ်းတယ်ကွာ ငယ်ဘ၀ကို... :'(

မိုးအိမ့်ဖြူ said...

မကြီးရေ စာလေးတွေက တော်တော်ကောင်းတယ်နော်

pps said...

အပြစ်မဲ့လေးတွေရဲ့ဘ၀ ဘယ်သူကူလို့ ထမ်းပါ့မယ်........
ဥယျာဉ်မှုးအလိုရှိသည်။

rose of sharon said...

အတူတူခံစားသွားပါတယ်... အနာဂတ်ရဲ့ပန်းပွင့်လေးများအတွက် ဆုတောင်းပေးလိုက်တယ်.... လက်တွေ့လုပ်နိုင်ဖို့လဲ ကြိုးစားရဦးမယ်