ဒီမှာ မိန်းကလေး ကိုယ်မင်းကို ပြောစရာရှိတယ်။ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ကိုယ်မင်းကို စတွေ့တဲ့နေ့ကလေ ကိုယ့်ရင်ထဲမှာ နာဂစ်မုန်တိုင်းဖြစ်လိုက်သလို ၀ုန်းဒိုင်းကြဲသွားတယ်။ အဲဒါ.. ဘာဖြစ်လို့လဲ။
မင်းရဲ့အပြုံးကို အမြဲတမ်း မြင်ချင်တယ်။ မင်းနဲ့အတူ J Donutစားပြီး Happy Worldသွားမယ်။ Power Rangerလည်း အတူကြည့်ချင်တယ်။ မင်းကိုအရမ်းချစ်တယ်။ မင်းကိုယ့်ကို ပြန်ချစ်ရမယ်နော်..။ ပြန်မချစ်ရင် ငိုမှာပဲ...
ဟားဟားဟား ..... ဘယ်သူ့ဘယ်သူမှ မငိုရအောင် ပြန်ချစ်ပေးလိုက်ကြပါ..။
မနက်ဖြန် presentation အတွက် စာရိုက်ရင်း အဖြူရောင်သံစဉ်ကို နားထောင်နေတာ ဒီသီချင်းလာလို့ တစ်ယောက်တည်း ရယ်ဖြစ်သွားတယ်။ လသာညရဲ့ သူငယ်ချင်းပေါက်စလေးများအတွက် တင်ပေးလိုက်တယ်။
လသာည... ဖြစ်ပါတယ်။။
14 comments:
ဒီလို နာဂစ်မုန်တိုင်းမျိုးများ တိုက်စမ်း ပါစေ....၀မ်းမရီး ၀ဲ ရကမ်း
အမြဲတမ်းလဲ ပြူံးပြမယ်လို့ 
ပြောလိုက် ပါ...ဟေးဟေး။ ကျေးဇူး စိတ်မနာတော့ ဘူးလသာည
ဘူအတွက်တင်ပေးတာလဲ ၀ါး ၀ါး ၀ါး သားကိုလည်း ပြန်ချစ်ရမယ် နော် ....။ ဟားဟာုးဟား မကြီး ငယ်မူပြန်နေပြီလား ...။
ငိုသံကိုနားထောင်ရင်း...မျက်ရည်တောင်ကျမိတယ်( ရယ်ရလွန်းလို့ ...)
ဟားဟား ပြန်ချစ်ရမယ်နော် ပြန်မချစ်ရင် ရီမှာပဲ ရီမှာပဲ..
အိစံ >> စိတ်နာလည်း ရီမှာပဲ ၀ါးဝါး....
မိုးအိမ်ဖြူ>> မိုးအိမ်ဖြူတို့လို.နှာချီးတွဲလောင်းသားသားလေးတွေအတွက် တင်ပေးတာလေ.. ဟားဟား
pps>> ဒါကြောင့် ပ၀ါဆောင်ပြီးမှ ကြည့်လို့ ပြောတာပေါ့.. အူးဝါးဝါး
အဲဒီသီချင်းလေးနားထောင်ဖူးတယ် မ။ သိပ်ချစ်ဖို့ကောင်းတာပဲ။ ရယ်လိုက်ရတာ။ သူကြည့်ချင်တာ power ranger မ :P
ဟားဟား သီချင်းကလဲ သနားဘို့ ကောင်းလိုက်တာနော် ။
ချစ်ဦးမှာ။
ထား
ပေါက်စတော့မဟုတ်ဘူး သူငယ်ချင်း...ဒါပေမဲ့ ကြိုက်တယ်...ရီရတယ်
ဟားဟား ကောင်းလိုက်တဲ့ ရည်းစားစကားပြောနည်းလေး။ ငိုတတ်ရင် ရည်းစားရမှာလားဟင် လသာည...
တားတားကို ပြန်ချစ်နော် နော် နော် :(
ဝါးဝါးဝါး ပြန်မချစ်ရင် ငိုမှာပဲ ငိုမှာပဲ......
ညိုချို ရုပ်ကြမ်းကြီးနဲ့ နွဲ့  မနေနဲ့ ။လန့် ပြေးနေဦးမယ်။:P
ရီစရာပြောပြမယ်..လသာညက ဒီပို့ စ်လေးတင်ပြီးပြီးချင်း လှမ်းအသိပေးတယ်..နောက်ရက် presentationအတွက် အားကုန်သုံးနေတုန်းအချိန်ဆိုတော့  စိတ်က အာရုံတခုပဲရတော့ တယ်.. ဖွင့် လိုက်တော့ ကျောင်းမှာက earphoneယူမထားရတော့  နားထောင်လို့ မရဘုး စိတ်က ထူနေတဲ့ အချိန်ဆိုတော့  အဲဒါကိုမေ့ပြီး ဘာသံမှမကြားဘူးပေါ့ နော် အရုပ်ကိုလည်ုးကည့် သေးတယ်.ဘာပါလိမ့် ပေါ့ ..ပြီးမှစာဖတ်ပြီး ရေးထားတာ ကရီစရာကောင်းလို့ ကွန့် မန့် လိုက်တာ...အိမ်ပြန်ရောက်မှ နားထောင်ပြီးရီလိုက်ရတာ ကိုယ်ကိုလည်း ရောပြီး ဟားချလိုက်တာ အကျယ်ကြီးရီဖြစ်သွားတယ်..ဟားဟားဟား ဒီနေ့ ပြန်နားထောင်ရင်းနဲ့  သတိရလို့ ..ppsလသာည တအားမရီးနဲ့ နော်
ဝါးဟားဟားဟား... ဒီတခါ အိစံရယ်စရာပြောတာကို ရယ်တာ.
အိစံကတော့ အဲလိုကြောင့်လည်း အရင်ပေးလည်း အရင်မရသူဖြစ်ဖြစ်နေတာကိုး..:D
နောက်တာပါ။ လသာညပေးတဲ့အရာတွေက အရင်မရလည်း ဘာမှမဖြစ်ဘူးလေ.. ခွဲတမ်းတန်းတူရှိပြီးသားဆိုတော့..
ဘာတွေပြောတာလဲ နားလည်ဘူး..
ဘာမှဟုတ်ပါဘူး အိစံက “ရယ်စရာပြောပြမယ်”ဆိုလို့ သဘောကျလို့ ရယ်စရာပြန်နောက်တာသက်သက်ပါ :D
အိရေ ကျေးဇူး :D
Post a Comment