Sunday, August 30, 2009

နည်းနည်းလေးတော့ခွင့်ပေးပါ

ညိုချိုရေ... လသာညလည်း တကယ်က ဘလော့ကို မနားချင်ပါဘူး။ စဉ်းစားကြည့်တာပါ။ တကယ်က မျက်လုံးတစ်ဖက်က သိပ်နေမကောင်းဘူး။

အခုဒီလိုပုံစံနဲ့ စာရိုက်နေတာtumbukဟားဟား ။ တကယ်ဖြစ်နေတာ. မယုံရင် လာတာကြည့်ပေတော့။မနေ့က ဆေးခန်းကို သွားတော့ ဆရာဝန်က ကွန်ပျူတာကြည့်တာကို နားခိုင်းနေတယ်။ ဒါပေမဲ့ ပရော်ဖက်ဆာကလည်း စာတွေဖိပေးနေတယ်။ အဲတော့ ကျောင်းစာကို လုပ်နေရတာဆိုတော့ ဘလောကလည်း ကြည့်ဖြစ်တယ်။ ဘလော့ကို သံဃောဇဉ်ဖြတ်ဖို့က တကယ်တော့ မလွယ်လှဘူး။ အခုလည်း ကြည့်.ခေါင်းမာမာနဲ့ စာရိုက်နေတာသာ ကြည့်တော့.. :P.။

မနေ့က သူငယ်ချင်း တရားသူကြီးမလေး(အလောင်းလျာ)တစ်ဦးနဲ့ မေးလ်ချက်မိပါတယ်။
တရားသူကြီး: အခုဆိုရင်တနေ့ကို၃ခေါက်လောက်လသာည blog ကိုလာတာနော်
သိရဲ့လား
me: ဟုတ်ပဲနဲ့ သိပါဘူး
တရားသူကြီး: ဒီလောက်ဂရုစိုက်ရတာ.။ တရားသူကြီး: အများပြည်သူအကျိုးငှာ လသာည၏ စာမရေးတောဘူးဟူသည် ဆုံးဖြတ်ချက် အား ငြင်းပယ်လိုက်သည်။ အမိန့်.. တရားသူကြီး။
me: ရက်စက်ပါ့ တရားသူကြီးရာ
တရားသူကြီး: ဘာပဲဖြစ်ဖြစ်ကွာ။ စာနည်းနည်းတော့ ဆက်ရေးပါ။
me: အင်း..ဒါပေမဲ့...
တရားသူကြီး: ဒီလောက်စာဖတ်ကောင်းတဲ့ပရိတ်သတ်တွေရထားတာကို (ဥပမာ တို့လေ :P)
တရားသူကြီး: တို့က တရားသူကြီးလေ မကြောက်ဖူးလား
me: အာ..ကြောက်တော့ကြောက်ပါတယ်။ ဒါပေမဲ့ တရားသူကြီးရယ်..မျှမျှတတ ဆုံးဖြတ်ပေးပါ။
တရားသူကြီး: အိုကေ
me: ရှေ့နေ ဌားချင်သေးတာကို၊ ရလား?


တရားသူကြီး: ရှေ့နေဌားလည်း ရှုံးရန်သာရှိသည်
me: လူကြီးပဲ မေးမှထင်တယ် :'(
တရားသူကြီး: ထိုအဆိုကိုပယ်ပါသည်
me: တခါတည်းမဆုံးဖြတ်ပါနဲ့ ရက်ချိန်းပေးပါဦး
တရားသူကြီး: လူကြီးသည် လသာည၏ လူကြီးဖြစ်ပါသောကြောင့် ကန့်ကွက်တယ် ။ကန့်ကွက်တယ်
me:တရားသူကြီး ညစ်တယ်

me: :-/
တရားသူကြီး: တဖက်အကျိုးဆောင်၏လျှောက်လဲချက်
me::'( ရှေ့နေ ဌားရန်ခွင့်လည်းမရှိ အယူခံခွင့်လည်းမရှိဆိုရင်tension6:34 PM တရားသူကြီး: အိုကေ တာ့တာ ဒါပဲနော်
me:အင်..ဟုတ် တာ့တာ
အဲဒါပါပဲ.. တရားသူကြီးက သူဘာသာ အမိန့်ထုတ်သွားလေရဲ့။ :27:

ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်..:123: ကိုယ့်အပေါ်ထားတဲ့ ခင်မင်မှုအတွက် တို့အရမ်းပဲဝမ်းသာပါတယ်။ ciumကျန်တဲ့သူငယ်ချင်းလေးများလည်း စီဘောက်နဲ့ မေးလ်မှာ အော်ထားတာတွေ တွေ့ရပါတယ်။

မိုးသီတာ: စာလုပ်တာလဲ လုပ်ပေါ့ တီချယ်ရယ်.. တနင်္ဂနွေလေး ဘာလေးတော့ စိတ်ပညာ ဆောင်းပါးလေး ဘာလေး ပေါ့...
မိုးသီတာ: မအားရင်လဲ ဂျီတော့ကနေ ခေါ်ပေးလေ။.. စာရိုက်ပေးမယ်။.. စာရိုက်ခ.. စာပဲဖတ်ပါရစေ။..
မိုးသီတာ: နော်.. နော်.. နော်... တကယ် စာရိုက်ပေးပါ့မယ်။..
.(လျှောက်ပြောတာ တခါမှလည်း ဂျီတော့ကို တက်မလာဘူးရယ်:123:

နောက်တစ်ယောက်။ သူက ခိုင်လေး.နဲ့ နိုင်ပ.။
klay: လသာညရေတကယ်ရက်စက်တော့မှာလား
klay: မိုးသီတာလိုဒို့လည်းဝိုင်းကူပေးမယ်လေနော်....နော်လို့........ အများပြည်သူအကျိုးငှာပြန်စဉ်းစားပါအုံး။:28:
နိုင်ပ: you can write once a week..or once a month...dou???
နိုင်ပ.. “ စာဆက်ရေးပါ။ မောရင် နားထောင်ဖို့သီချင်းတနေ့တပုဒ်ပို့ပေးပါ့မယ်။”
(အဲ..၂-ရက်ပဲ ပို့ပြီးနောက်ထပ်ပို့ပေးတော့ဘူး):76:

ချစ်သောရို့စ်..ကလည်း..
ချစ်သောရို့စ်:သူငယ်ချင်းလေးရေ... တက်ဂ် ရေးပြီးသွားပြီ... ဘလော့ရေးတာ မရပ်လိုက်စေချင်ဘူး.... အချိန်ရမှရေးလဲရပါတယ်...:pe:

ပို့စ်ကို မောက်စ်ဖြတ်ပြေးသလို ဖတ်တတ်တဲ့ လဂွန်းအိမ်ကလည်း..:76:
lagooneain:တပတ်တခါတော့ လုပ်ပေါ့ နည်းနည်းလေးပေါ့ :(

တခါတရံဝင်လာမန့်တတ်တဲ့ ဆင်ပေါက်လေးကလည်း
ဆင်ပေါက်လေး: ဟင် အစ်မ တကယ် ထားခဲ့တော့မှာလား လို့ :126:

Nyochoကတော့ ဒီလိုအချိန်မှာဆို အမြဲလာပြီး နှုတ်ဆက်တယ်။ အခုလည်း
nyocho: နေမကောင်းရင် တပတ်တစ်ခါရေးပေါ့..။ နော..ဟဲဟဲ ကော်ဖီအ၀တိုက်မယ်လေ :16:
nyocho: ဖြစ်တယ်မို့လား။ c-boxအပေါ်ကသတိပေးစာတမ်းကြီးဖျက်လိုက်တော့နော..။ :15:နောက်တစ်ခါမပြောဘူး :61: ဒီတခါပဲ. :pe:

.....ကျေးဇူးအများကြီးတင်ပါတယ်..အားလုံးကို။ ဒါကြောင့် ဒီလိုလုပ်မယ်လေ။ ဒီလပိုင်းကုန်ရင် နည်းနည်း ၂-ပတ်လောက်နားလိုက်ဦးမယ်။ :put:ပြီးမှ ပြန်ရေးမယ်နော်။ အဲလိုမျိုး အဆင်ပြေတယ်မို့လား..။

လသာညအပေါ် သံဃောဇဉ်ထားတဲ့ အတွက် သူငယ်ချင်းတရားသူကြီးမလေးနဲ့တကွ အားလုံးသော (စာဖတ်သူလေးတွေရော၊ ဘလော့ဂါသယ်ရင်းလေးများကိုရော) သူငယ်ချင်းလေးများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ချစ်ခင်စွာဖြင့် :pe:
လသာညပါ

7 comments:

မိုးသီတာ said...

အင်.. .အင်.. ဟုတ်ပါပြီ။ သနားပါတယ်။.. :D :D ဒီကလဲ ဖတ်မဲ့သူ လသာညရှိတဲ့ ဘလော့ဂ်ကနေ တစ်လခွင့်တင်ထားပြီးပြီးရော။.. :D :D ကြိုးစားလိုက်ကြစို့။... :D :D

Lucifer said...

မျက်စိနာနေရင် စာတွေမရေးသေးနဲ့လေ..
ခဏနားပေါ့
ဘယ်သူက ရိုက်ပြီးအတင်းရေးခိုင်းနေလဲး
မမီးကိုပြော..
သွားရန်တွေ့ပေးမယ်
မျက်စိကို အနားပေးသင့်တယ်နော်
ဂရုစိုက်

Lucifer said...

မမီးတော့ မျက်စိ နောက်တစ်ခါ ထပ်စစ်လို့ ပါဝါတိုးနေရင် အသေသာမှတ်တဲ့.. အဲ့ဒါကြောင့် ပါဝါမတိုးအောင် ဘုရားမှာ ဆုတောင်းတယ်.. ဘုရားမီးပူဇော်တယ်.. ဟီးးးး
အကျိုးကိုမျှော်တာ..

မိုးသီတာ said...

ချတ်မတက်နိုင်တာနားလည်ပေးပါ လသာညရယ်။ စာပိပြီး ပြားနေတဲ့ ဘ၀မှာ။ တကယ်ဆိုပြီးခဲ့တဲ့ နှစ်ထဲကဓါတ်ခွဲခန်းက ပြီးခဲ့ရမှာ။.. ခုတော့ ;_; စာရိုက်မယ်ဆို ရိုက်မယ့်အချိန်ချိန်းလိုက်လေလို့.. အေးလာပြီ ဂရုစိုက်ဦးနော်။...

rose of sharon said...

အိုကေ.....ဒီလောက်တော့ခွင့်ပြုတယ်....၂ပတ်နားစေ.... နောက်တာနော်... တော်သေးတာပေါ့သူငယ်ချင်းလေးရယ်...အဲလိုလုပ်ပါ... လွမ်းအောင်မလုပ်ပါနဲ့... ဒို့ကမျက်ရည်လွယ်တတ်တယ်...

မိုးအိမ့်ဖြူ said...

မမီး မကျေနပ်ရင် ရန်တွေ့လေ....။ အစ်မ ကို ရေးခိုင်းတာ ဘယ်သူထင်လဲ.................... လာမေးရင် ပြောဘူး လာမမေးနဲ့လို့ ဒီလိုပြောရင် ရတယ်ဟုတ်....။ ပါဝါတိုးသွားတယ် ဆိုတာ ပိုအားရှိလာတယ်ဆိုတဲ့ သဘောပေါ့နော်....။ ကောင်းလေ၏ ဆက်ရေးနော် အားပေးနေလေ၏ ...။ မမီးလာရင်ပြောလို့ အကျိုးမျှော်ပြီး ဘုရားကို သွားပြီး နားပူ နားဆာ သွားတိုက်မနေနဲ့လို့ :)

မင်းအိမ်ဖြူ Minn Eain Phyu said...

ဆေးသောက်ပြီး ရေးပါ
ဗျာ

ဒါမှ မဟုတ် ဟိုလူကြီးကို ရိုက်ခိုင်းလိုက် ဟာဟ