Friday, August 7, 2009

လူတွေဘာကြောင့် ခြားနားသလဲ

လူတွေတစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ ပထမ ရုပ်ရည်မတူဘူး။ ရုပ်ရည်တူတောင် စွမ်းရည်မတူဘူး၊ စိတ်နေသဘောထားမတူဘူး၊ အထုံဝါသနာမတူဘူး။ အကြိုက်မတူဘူး၊ နောက်ထပ်လည်း မတူတာတွေ အများကြီး.... မဟုတ်လား။

အဲဒီလို မတူတာတွေကိုပဲ အလုပ်မရှိအလုပ်ရှာလို့ စိတ်ပညာရှင်တွေက ဒီလိုမျိုးငြင်းနေကြလေရဲ့။

Francis Galtonကပြောတယ်။ လူဆိုတာမျိုးရိုးဗီဇက စကားပြောတယ်တဲ့။ လူတစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေး၊စိတ်နေစိတ်ထား၊ စွမ်းရည်စတာတွေဟာ မျိုးရိုးလိုက်တာပါတယ်တဲ့။ သူက အမွှာကလေး နှစ်ယောက်ကို တစ်ယောက်ကို တွားသွားစကတဲက လှေကားတက်သင်ပေးတယ်၊ ကျန်ကလေးကို မသင်ပဲထားပြီး သူဘာသာတက်တာကို စောင့်ကြည့်ခဲ့တယ်။ ပထမဆုံး သင်ပေးတဲ့ကလေးရော၊ မသင်ပဲထားတဲ့ကလေးရော နောက်ပိုင်း လှေကားတက်တတ်တာခြင်း အတူတူပဲ၊ ဘယ်သူမှ စောသင်လို့ မြန်မြန်မတက်နိုင်ဘူးတဲ့။ အဲဒါသူရဲ့ နာမည်ကြီး စမ်းသပ်ချက် ဥပမာပေါ့။

John B.Watsonက ပြောပြန်တယ်။ လူဆိုတာ ပတ်ဝန်းကျင်က အရေးကြီးတာတဲ့။ ကိုယ့်ကြီးပြင်း ရှင်သန်ရာ ပတ်ဝန်းကျင်(အတွေ့အကြုံတွေ)က ကိုယ့်ကိုပြုပြင်သွားတာလို့ ဆိုပါတယ်။ ကလေးတွေကို ငယ်စဉ်မှာ ပုံသွင်းပြုပြင်(လေ့ကျင့်ပေး)လိုက်ရင် လူကြီးဖြစ်တဲ့ ကိုယ်မျှော်မှန်းသလို ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

သူက “ကျွန်တော်ကို ကျန်းမာရေးကောင်းတဲ့ ကလေးတစ်ယောက်သာ ပေးပါ၊ ပြီးရင် ကျွန်တော်စိတ်တိုင်းကျ ပြုပြင်ထားတဲ့ ပတ်ဝန်းကျင်မှာသာြ့ကီးပြင်းခွင့်ပေးပါ၊ ခင်ဗျား ဖြစ်ချင်တဲ့ရည်မှန်ချက်အတိုင်း ဆရာဝန်ဆိုရင် ဆရာဝန်၊ လယ်သမားဆိုရင် လယ်သမား ဖြစ်အောင် ကျွန်တော်လုပ်ပေးနိုင်တယ်”တဲ့ သူ့အမြဲပြောခဲ့ပါတယ်။ သူ့အယူအဆ behaviorism တော်တော်နာမည်ကြီးခဲ့ပါတယ်။


သူတို့နှစ်ယောက်ကို မျိုးရိုး၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို အစွန်းရောက် သတ်မှတ်သူများဖြစ်ကြတယ်လို့ ဝေဖန်သူက ကျောင်းဆရာလည်းဖြစ် စိတ်ပညာရှင်လည်းဖြစ်တဲ့ Dr. Arnold Lucius Gesellပါ။ သူကတော့ “မျိုးရိုးရော၊ ပတ်ဝန်းကျင်ရော အရေးပါပါတယ်၊ ဒါပေမဲ့ လူသားတစ်ယောက်အတွက် ပတ်ဝန်းကျင်ထက် မျိုးရိုးဗီဇရဲ့ လွမ်းမိုးမှုက ပိုတယ်”လို့ အဆိုပြုခဲ့ပါတယ်။

သူ့ရဲ့ ဥပမာက မွေးမွေးချင်း ကလေးငယ်ဟာ စကားမပြောနိုင်ပါဘူး။ ပတ်ဝန်းကျင်က ဘယ်လောက်သင်သင် သူစကားပြောဖို့ အခြေအနေreadinessမရှိသေးသ၍ သူမပြောနိုင်ဘူး။ သူစကားပြောဖို့ အချိန်တန်တော့မှ (စကားပြောနိုင်အောင် matureဖြစ်တော့မှ) သူစကားပြောနိုင်တယ်။ သူစကားပြောသင့်တဲ့ အချိန်တန်တာတောင် သူဟာ “လူ”မဟုတ်ပဲ ဂေါ်ဇီလာဖြစ်ခဲ့ရင် လူစကားပြောတတ်ဖို့ ခက်ခဲလိမ့်မယ်တဲ့...။


Konrad Lorenzက ၀င်ထောက်ခံပါတယ်။ ဟုတ်တယ်၊ လူသားတွေအတွက် ဖွံဖြိုးတိုးတက်ဖို့ critical periodဆိုတာ ရှိသေးတယ်။ လူသားတစ်ယောက်က တစ်ခုခု ဖွံဖြိုးဖို့အတွက် readinessဖြစ်တဲ့ အစောပိုင်းကာလ အပိုင်းအခြားလေးဟာ ထိုအရာရဲ့ critical period ပါ။

ဥပမာက တိရိစ္ဆာန်လေးတွေဟာ ဥကပေါက်ကာစ၊ မွေးကာစမှာ သူ့မိဘတွေရဲ့ အပြုအမူကို စတင်သင်ယူပါတယ်။ ဥကပေါက်ကာစ ကြက်ပေါက်စလေးကို သူအမေအဖြစ် အရုပ်ဘဲကြီး တစ်ကောင် ပေးထားခဲ့ရင် သူဟာ သူအမေ ဘဲမကြီးနောက်က သွားလေရာလိုက်ပြီး သူ့အမေပြုမှုသလို ပြုမှုတာတွေ့ရပါတယ်။ သူကတော့ ဘဲမကြီးကိုပဲ အမေအဖြစ် သတ်မှတ်(သင်ယူ) ပြီးသွားတာကြောင့် သူနည်းနည်းကြီးမှ (ဥပမာ သူ့အမေအရင်း)ကြက်မကြီးကိုတွေ့ရရင်တောင် သူက ကြက်လိုပြုမှုမှာ မဟုတ်တော့ဘူး။ imprintingလို့ ခေါ်ပါတယ်။


နောက်တယောက်(...)ပြောလာပါတယ်။ လူသားတစ်ယောက်ပြောင်းလဲတိုးတက်ဖို့ မျိုးရိုးနဲ့ ပတ်ဝန်းကျင် သီးသန့်လည်းစီကြောင့် မဟုတ်သလို၊ ဘယ်သူက ပိုများတယ်လို့လည်း မသတ်မှတ်ကြပါနဲ့။ သူ့တို့က အပြန်အလှန်ပတ်သက်ပြီး ပြောင်းလဲနေတာပါ.တဲ့။့ 

Eက ပတ်ဝန်းကျင်၊ Uက ဗီဇ တစ်ခုကလွမ်းမိုးမှုများရင် နောက်တစ်ခုက လွှမ်းမိုးမှုနည်းမယ်လို့ ဆိုပါတယ်။ စွမ်းရည်အမျိုးအစားနဲ့ စဉ်းစားရရင် အရပ်ရှည်ခြင်း၊ ဘာသာစ့ကားကျွမ်းကျင်ခြင်း၊ အနုပညာ(ပန်းချီပန်းပု၊ သီဆိုတီးမှုတ်ကခုန်ခြင်းစသည်)တတ်မြောက်မှုဟာ မျိုးရိုးထက် ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုပိုများသလား၊ နည်းသလား? IQလိုဟာမျိုးကျတော့ လေ့ကျင့်ပေးလို့ရတယ်လို့ အခုခေတ်မှာ လက်ခံထားကြပေမဲ့ မျိုးရိုးဗီဇရဲ့အခမ်းအနားကလည်း အများကြီးစကားပြောနေပြန်ပါတယ်။ ဒါဆိုရင် ဘယ်သူက များသလဲ...???


နောက်ထပ်...ကပြောပြန်တယ်.x@#$%^...။

နောက်တစ်ယောက်..xxxx^%#$@။

ဒီပြဿနာကို ခေတ်အဆက်ဆက် တစ်ယောက်ပြီး တစ်ယောက်ငြင်းနေကြတာ မပြီးသေးပါဘူး။ ဆက်လက်လည်း ငြင်းနေကြဦးမယ့် ထင်တယ်။

သူတို့တွေက တစ်ကယ့်တစ်ယောက်တစ်ပေါက်ပဲ.. ပညာရှင် ငါ့သူငယ်ချင်း..မင်းကော ဘယ်လိုထင်သလဲဟင်.. :P

မင်းအဖြေတော့စိတ်ဝင်စားတယ်။ ဒါပေမဲ့ သူတို့ငြင်းတာနားထောင်ရင်း .. စာ..ဆိုရင် အိပ်ငိုက်တတ်တဲ့ .လသာည တစ်ယောက်အိပ်ငိုက်နေပြီ အဟီး...နားတော့မယ် တာ့တာ။ ဖတ်တဲ့သူတွေ လည်း အိပ်ငိုက်သွားရင် ခွင့်လွှတ်ပါရန်..။ ဂွတ်................နိုတ်...............................................................

11 comments:

rose of sharon said...

မျိုးရိုးနဲ့ပတ်ဝန်းကျင်အချိုးအစားက သိပ်မကွာလောက်ဘူးလို့ထင်ပါတယ်... အားလုံးကစပ်ဆက်နေသလားလို့... ချစ်သူငယ်ချင်းလေးရေ... ပညာရှင်မဟုတ်လို့အကျယ်တဝင့်မဆွေးနွေးနိုင်ပါဘူးကွယ်...

လသာည said...

ဟားဟား ချစ်သောရို့စ်က တော်ပြီးသား။ ရတယ်ရတယ်..ပညာရှင်ဖြစ်စရာမလိုဘူးရယ်၊ လသာည သူငယ်ချင်းဖြစ်ရင်ကို လုံလောက်ပြိးသား၊ အမှတ်ပြည့်ပေးလိုက်ပြီ..."(^^)"။

မိုးသီတာ said...

မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်တူတူမှာတင်ကို ... ကြီးပြင်းခဲ့ပေမဲ့.. လူတွေ ကွာခြားကြတာလဲ ငြင်းလို့မရဘူးလေ. လသာညရယ်။... တစ်ဖအေ၊တစ်မအေ တည်း အတူမွေး၊ တစ်ကျောင်းတည်းတူတူတက်၊ စာတူတူကျက်၊ လဲ နှလုံးသားတူတူ၊ ဦးနှောက်တူတူ ဘယ်ရှိပါ့မလဲ။ အတန်းထဲက ကဗျာဆရာ၊ ပန်းချီဆရာတွေကို ကိုယ်တို့ ငေးကြည့်ခဲ့ဘူးသလို... ကိုယ်တို့ထူးခြားချက်တွေကိုလဲ သူငယ်ချင်းတွေ ၀ိုင်းငေးတာ ခံခဲ့ရတာပဲ။ အဲဒါ ဆရာတွေ တူတူပဲလေ။...ကိုယ်တို့တောကျောင်းကဆို... တစ်နိုင်ငံလုံး စာစီစာကုံးဆုရှင်တောင် ပေါ်ခဲ့ဘူးတယ်လေ။... အိုဘားမားကိုလဲ သူ့မိဘက မောင်နှမတွေနဲ့ ခွဲပြီး ကျောင်းထားမှာမှ မဟုတ်တာ...။ အိုင်းစတိုင်းကိုလဲ သူ့အိမ်က မောင်နှမတွေနဲ့ ကျောင်းခွဲထားမှာမှ မဟုတ်တာ...ပညာရှင်မဟုတ်ပေမဲ့ မျိုးရိုးနဲ့ ပါတ်ဝန်းကျင် ၂ခုတည်းက လုံးဝပြည့်စုံမှုမရှိဘူးလို့ပြောခြင်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓှအယူအဆကို ကိုယ်ခြွင်းချက်မဲ့ လက်ခံလိုက်ရတယ်။ ကံ.. ရှေးကံ၊ ယခုကံ... ကံနှင့်တူသောအရာသည် မရှိ။ ဆိုတာကို။.... မျိုးရိုးဗီဇ တူတဲ့ မျက်လုံးနဲ့ ပါတ်ဝန်းကျင် တူတူမှာ ကြီးခဲ့တဲ့ ဦးနှောက် ၂ ခုဟာ... အကြောင်းအရာတစ်ခုကို အကွဲကွဲ အပြားပြား သုံးသပ် ခံစားနိုင်ကြတယ်။... တခြားစီ ဖြစ်နိုင်တယ်။... အဲဒီအပေါ်မူတည်ပြီး ကွာကုန်ကြတယ်လို့ ပြောမလား။.... အဲဒီ ... စိတ်.. မူလပင်ကိုယ်စိတ်ကို ... ဘာလို့ပြောမလဲ။.... ပညာရှင်မဟုတ်ပါဘူး။ စိတ်ပါဝင်စားသူပါ။

မိုးသီတာ said...

ဗုဒ္ဓအယူဝါဒနဲ့တော့... အထုံလို့ခေါ်တယ်။... ဒါပေမဲ့ သိပ္ပံ(နောက်ဆုံးတော့ စိတ်ပညာဟာ သိပ္ပံပါပဲ။.. စနစ်တကျ ခွဲခြမ်းစိတ်ဖြာတာ) မှာ စကားလုံးရှိပါ့မလား။ .. ကိုယ်ပြောတာ... ဗုဒ္ဓဘာသာ လို့မပြောခဲ့ဘူးနော်။ ဗုဒ္ဓ အယူဝါဒလို့ပြောခဲ့ပါတယ်။... ဒါဝင်ရဲ့ သီအိုရီကို အသုံးပြုလက်ကိုင်ထား အလုပ်လုပ်နေတဲ့ ကိုယ်က ဗုဒ္ဓရဲ့ ဖီလော်ဆော်ဖီတွေကို အလွန်တရာနှစ်သက်လက်ခံပါတယ်။... လသာညရဲ့ အမြင်တွေကိုလဲ ကြားချင်သေးတယ်လေ။... ပညာရှင်တွေရဲ့ အမြင်နဲ့ အတူပေါ့။

မင်းအိမ်ဖြူ Minn Eain Phyu said...

အစ်မလာသာညရေ
ခေါင်းစားအောင်လုပ်နေပါတယ်

ကျွန်တော်အနေနဲ့ မျိုးရိုးဆိုတဲ့အပိုင်းကို တော့ ဘာမှ မပြောလိုဘူး တခါမှလည်း မစမ်းသပ်ဘူးဘူး P:

ဒါပေမယ့် ၀န်းကျင်ကောင်းတစ်ခုတော့လိုအပ်တယ် ၊ အဲ ပြန်ဆက်စပ်ရရင်တော့ အဲဒီအခွင့်အရေးကို အကျိုးရှိရှိ အသုံးချတက်တဲ့ ဗီဇ ခေါ်မလား ဒါလည်း အထောက်အပံ့ပဲ

နောက်ဆုံးကတော့ အပေါ်က တစ်ယောက်ဆွေးနွေးသလို အထုံ ၊ ကံတရားပေါ့

အချိန်အားရင် ဒါလေးဖတ်ကြည့်ပါ
http://minneain.blogspot.com/search/label/%E1%80%A1%E1%80%90%E1%80%AD%E1%80%90%E1%80%B9%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9E%E1%80%AF%E1%80%AD.%20%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%84%E1%80%B2%E1%80%B7%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%99%E1%80%AD%E1%80%B1%E1%80%9E%E1%80%AC%E1%80%A1%E1%80%81%E1%80%AB

ကျွန်တော်မြင်သလောက်လေး ဆွေးနွေးထားတာပါ

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

Anonymous said...

Nuさん。
暑いですねぇ~元気ですかぁ

昨日は憂香さんと一緒に横浜でLive♪聴いて
フランス料理食べましたo(^o^)o 幸せ

憂香さんもNuさんに会いたがってましたよぉ~

ではでは。

လသာည said...

ကျေးဇူးတင်ပါတယ် မိုးရယ်..။ တို့သူငယ်ချင်းလည်း ပညာရှင်ပါနော် သိနေတယ်။ မင်းပြောချင်တာက အထုံ၊ ပတ်ဝန်းကျင်၊ မျိုးရိုးဗီဇတွေနဲ့ ကံကံ၏ အကျိုးပေါင်းစပ်တယ်ပေါ့ ဟုတ်လား။ wakarimashita. :D

ကိုမင်းအိမ်ရေ..
ကွန်မန့်လေး ကျေးဇူးနော်။ မင်းရေးထားတာအားလုံး သေသေချာချာ တွေးတောပြီးတော့ ဖတ်ခဲ့တယ်။ မင်းရဲ့ အမြင်တချို့က အစ်မနဲ့တူပါတယ်။ လေးစားပါတယ်။ သြော်..:D အမြင်တူလို့ လေးစားတာမဟုတ်ပါဘူး။ အရာရာကို ဆင်ခြင်တတ်တဲ့ အလေ့အကျင့်ကို လေးစားတယ်လို့ ပြောတာ :P

ဝင်ရောက်ဆွေးနွေးပေးသွားသော ပညာရှင်သူငယ်ချင်းလေးများအားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

မိုးစံ said...

အင်း... ဆရာကြီး J. B. Watson ကတော့ လူတစ်ယောက်ကို ပုံဖေါ်ဖို့အတွက် ဗီဇ နဲ့ ပတ်ဝန်းကျင်မှာ ပတ်ဝန်းကျင်ကသာ အဓိကကျတယ် ဆိုတဲ့ တဖက်သတ် အယူစွဲဝါဒကြောင့် APA ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ပေးလိုက်ရသည်အထိ အထိနာခဲ့သူပါ။ နောက်ပိုင်းမှာ ကုန်ပစ္စည်းကြော်ငြာတွေ ပထမဆုံး စတင် ရိုက်ကူးသူအဖြစ် နာမည် ကျော်ကြားကာ အောင်မြင်မှုတွေ ရခဲ့ပေမဲ့ ကွယ်လွန်ချိန်အထိ သူ့ အယူအဆကို စွဲမြဲစွာ ဖက်တွယ်ခဲ့သူ အပြုအမူဝါဒီ စိတ်ပညာရှင်ကြီးပါ။
အခုချိန်အထိတော့ ဗီဇ နဲ့ ပတ်ဝန်းကျင်ဟာ ၅၀-၅၀ ရာခိုင်နှုန်း လို့ စိတ်ပညာရှင် အများစုက လက်ခံထားဆဲပါ။
အထက်မှာ ပြောခဲ့ကြသလို ဗုဒ္ဓအယူဝါဒ ရှုထောင့်က ကြည့်ရင် လူတစ်ယောက်အတွက် ဗီဇ နဲ့ ပတ်ဝန်းကျင်ရဲ့အရေးပါမှုမှာ အတိတ်ကံရဲ့ သက်ရောက်မှုကို ထိန်ချန်ထားသလိုများ ဖြစ်နေမလား...။ ပညာရှင်တွေ ဆက်ပြီး အငြင်းပွားနေရအုံးမယ့် ဗီဇ နဲ့ ပတ်ဝန်းကျင် ပြဿနာပါ။
အချိန်ရလို့ စိတ်ဝင်စားမယ်ဆိုရင် စာပေဗိမာန် ဦးအေးမောင်(ဗုဒ္ဓနဲ့ဗုဒ္ဓဝါဒကျမ်းပြု)ရဲ့ “ဗီဇနဲ့ပတ်ဝန်းကျင်”စာအုပ်ကို ဖတ်ကြည့်ဖို့ ညွှန်းလိုက်ပါရစေ...။

လသာည said...

ကိုမိုးစံ ကျေးဇူးတင်လိုက်တာ။ ကိုမိုးစံရဲ့ကွန်မန့် ကို ဖတ်ပြီးမှ ကျွန်မ သူငယ်ချင်းတွေရဲ့ကွန်မန့်အတွက် ဘယ်လိုfeedbackပေးရမလဲဆိုတဲ့ အဖြေကို သိသွားတာ။ အများကြီး ကျေးဇူးတင်ပါတယ်။
သူငယ်ချင်းရေ.. ကိုမိုးစံပြောတဲ့အတိုင်းပဲ..။ ကိုမိုးစံက တို့ရဲ့ စီနီယာလေ။ ကွန့်မန့်လာပေးပြီး ချီးမြင့်သွားတာ.ကိုမိုးစံကို အများကြီးကျေးဇူးတင်ပါတယ်.။

မိုးသီတာ said...

ပညာရှင်များ၏ အမြင်... များကို နာကြားရသည်များကို ကျေးဇူးတင်ပါ၏။ နာကြားခွင့်ရဖို့ အိမ်ဆောက် စကားဝိုင်းစပေးသော လသာညကိုလဲ ကျေးဇူးတင်ပါ၏။... :) :)

လသာည said...

တွေ့လား တွေ့လား မိုးတို့က အဲလိုချစ်ဖို့ကောင်းတာ။ ၀င်ဆွေးနွေးတဲ့အတွက်ကျေးဇူး။ နောက်ကြုံရင် လက်ဘက်ရည်တိုက်ပါဦးမယ်။ အခုတော့ အကြွေးမှတ်ထားပေးပါ။