Monday, August 10, 2009

ခြင်္သေဖြစ်သွားသော ကြောင်ကလေး

တခါတုန်းက အမျိုးသမီးတစ်ဦးမှာ ကြောင်တွေအများကြီး ရှိတယ်။ ကြောင်လေးတွေဟာ ဆော့လွန်းလို့ အမွေးတွေက အမြဲညစ်ပတ်နေတတ်တယ်။ ဒီတော့ အမျိုးသမီးခမြာ ကြောင်လေးတွေ ရေချိုးပေးရ၊ ကြောင်မွေးညပ်ပေးရ တနေ့တနေ့ မအားနိုင်ဘူးတဲ့။

ကြောင်မွေးညပ်တာက ဆိုင်ကိုသွားညပ်တာပါ။ ကြောင်လေးတွေ ညစ်ပတ်လွန်းတဲ့နေရာ ဗိုက်နားတ၀ိုက်ကို ညှပ်ပေးတာလေ။ အဲဒီနားက အမွေးကထူပြီး ညစ်ပတ်နေတာပဲတဲ့။ ကြောင်လေးတွေကို အဲဒီနေရာ(ဗိုက်ကို) ညှပ်ပေးတာကို (line cut) လို့ ခေါ်တယ်။၁၀ ဒေါ်လာပေးရတယ်တဲ့။

တနေ့မှာ ကြောင်လေးတွေ ကြောင်မွေးညှပ်ပေးနေကြ ဆိုင်ရှင်က နေမကောင်းဖြစ်တယ်။ ၃လ ကြာသွားတယ်။ ဒါလည်း ဆိုင်ရှင်က နေမကောင်းလာသေးဘူး။ ကြောင်လေးတွေကလည်း ကြောင်မွေးမညှပ်ရတော့ အမွေးတွေရှည်ပြီး အနံအသက်မကောင်းတော့ဘူးဆိုတော့ ကြောင်ပိုင်ရှင် စိတ်ညစ်လာတာပေါ့။ အဲဒီထဲမှာ အဆော့ဆုံး ကြောင်ကလေးဆိုရင် အမွေးလေးတွေက ထူပြစ်ပြီး ၀က်မှင်ဘီးနဲ့ ဖီးတာတောင် မရတော့ဘူး။

ဒီလိုနဲ့ ၄ လမြောက်တော့  မဖြစ်တော့ဘူးဆိုပြီး အဲဒီကြောင်ကလေးကို ကားနဲ့တင်ပြီး မြို့ထဲက ဆိုင်ကို သွားခဲ့တယ်။ ဆိုင်ရှင်ကို “ဒီကြောင်လေးကို Line cutညှပ်ပေးပါ”လို့ ပြောလိုက်တယ်။

ကြောင်မွေးညှပ်ပေးသူဆိုင်ရှင်ဟာ နည်းနည်းစဉ်းစားလိုက်ပြီး

“အိုကေ။ နာရီဝက်စောင့်ပါ”

နာရီဝက်ကြာပြီးတော့ သူ့ကြောင်ကလေးရဲ့ ကြောင်မွေးညှပ်ခ billက အရင်ရောက်လာတယ်။ ဒေါ်လာ၈၀ကျပါတယ်ခင်ဗျာ..တဲ့။

ဈေးကြီးလွန်းလို့ အမျိုးသမီးဟာ အံအားသင့်သွားတယ်။

“ဘာဖြစ်လို့ အဲလောက် ဈေးကြီးရတာလဲရှင်”

ဆိုင်ရှင်က သူသေချာညှပ်ပေးထားတဲ့ ကြောင်လေးကို သွားခေါ်လာခဲ့ဖို့ သူ့အလုပ်သမားကို လှမ်းပြောလိုက်တယ်။

“ ခင်ဗျားဗျာ၊ ကြောင်ကို “lion cut” ညှပ်ရတာ ဘယ်လောက် ခေါင်းအလုပ်လုပ်ရတယ် မှတ်လဲ၊ ဒီမှာတူရဲ့လား။ ခြင်္သေလေးနဲ့။”

“ဘာ ”

ကြောင်ပိုင်ရှင် အမျိုးသမီးဟာ သူ့စကားကို နားကြားလွဲခဲ့တဲ့ ဆိုင်ရှင်ကို စိတ်ဆိုးလွန်းလို့ ငိုချလိုက်တယ်။

ကြည့်ပါဦး ခြင်္သေဖြစ်သွားတဲ့ ကြောင်လေးကို....။ လျှပ်တပြတ်အတွင်း ခြင်္သေဖြစ်သွားတဲ့ ကြောင်ကလေးလည်း မပျော်ပါဘူးနော်။ ဒီမှာ ငိုတော့မယ်။ အားပေးလိုက်ကြပါဦး ... (+.+).။

ဘ၀ကြီးက အဲလို တလွဲလေးတွေလည်း ရှိတယ်ရော။ အားလုံးသတိ..၊ မှားယွင်းစွာ ခြင်္သေဖြစ်သွားဦးမယ်။:D

ပျော်ရွှင်ပါစေ။ လသာည ဖြစ်ပါသည်။

9 comments:

rose of sharon said...

သူငယ်ချင်းရေ... အဲလိုအလွဲမျိုးတော့ တသက်လုံးအလွဲ မခံနိုင်ဘူး :D

Lucifer said...

မဆိုးပါဘူး .. ကြောင်ဘဝကနေ ခြင်္သေ့ ဘဝရောက်ရတာ.. တော်သေးတာပေါ့ ကြွက်စုတ်လေးဘဝ မရောက်တာ........ ဟဟာ့

မိုးသီတာ said...

:D လသာညကတော့ ရှာရှာဖွေဖွေ တင်တတ်ပါတယ်... လောကကြီးကတော့ အဲလို လွဲတတ်ပါတယ်...နောက်ဆုံးတော့လဲ .. သီချင်းထဲကလို .. လွဲလွဲလေးလဲ ကောင်းပါတယ်ပေါ့.... ခြင်္သေ့နဲ့ တူသွားလဲ ချစ်စရာလေးပဲဟာကို..လို့။...

လသာည said...

ချစ်သောရို့စ်>> ဟုတ်တယ် မလွဲနဲ့လို့ ပြောထားလိုက်မယ်နော်။ နေဦး ဘယ်သူ့ကို ပြောရင်ကောင်းမလဲ:D

Lucifer>> ဟုတ်တယ်ဟုတ်တယ် ဘာပဲဖြစ်ဖြစ် ကြွက်စုတ်ဖြစ်တာထက်စာရင် တော်သေးတယ်နော. "(^v^)"

မိုးသီတာ>> မိုးရေ.. လွဲတာလေးတွေကို အကောင်းမြင်စိတ်နဲ့ ရယ်စရာအဖြစ်နဲ့ တွေးပြီး ရယ်နိုင်ရင် အကောင်းဆုံးပဲမဟုတ်လား။ ငိုနေလည်း ကြောင်လေးခမြာ အမွေးက ချက်ချင်းပြန်ပေါက်လာမှာမှမဟုတ်တာ။ နေဦးအမွေးတုတပ်ပေးလို့ ရမလားမသိဘူးနော google searchမှာ ရှာပေးဦး :P

တခ်ါတလေ လောကကြီးက ဒီလိုပါပဲ ကိုယ်က ဘာမှ မလုပ်ရပါပဲ ကိုယ်ဓါးစာခံဖြစ်ရတတ်တယ်လေ။ ဘယ်သူ့မှ အပြစ်တင်လို့ မရဘူးဆိုတော့ ရယ်ချလိုက်တယ်။ ၀ါးဟားဟား ...

ကွန်မန့်လေးများအားလုံး ကျေးဇူးအထူးတင်ပါကြောင်း.. ကြောင်ခြင်္သေသခင် လသာည

မိုးစံ said...

ရယ်စရာ ဆိုပေမဲ့ ရယ်မောစရာဆိုရင် ပိုပြီး မှန်လေမလား...။ ဟိုမရောက်-ဒီမရောက် ကြောင်ကလေးကို ကြည့်လို့ ရယ်ပြီးရင် မောရတယ်လေ...။ တကယ်က ပိုင်ရှင်ပြောတဲ့ line cut ကို clear မဖြစ်ရင် ဆိုင်ရှင်က ပြန်လည်မေးမြန်းရမယ်။ ဒါကို communication psy မှာ feedback လုပ်တယ်လို့ ပြောကြပါတယ်။ အခုတော့ ဆိုင်ရှင်က ပိုင်ရှင်ပြောတာဟာ သူ နားလည်တာနဲ့ ထပ်တူ ကျမကျ feedback မလုပ်ဘဲ သူ ထင်သလို လုပ်လိုက်တော့ ကြောင်ကလေးက သနားစရာ...။
ဒါက အသေးအဖွဲလေးမို့ အရေးမကြီးပေမယ့်... တကယ့် ကြီးမားတဲ့ နိုင်ငံတော် ပရောဂျက်ကြီးတွေမှာဆိုရင် အချိန်တွေ..ငွေတွေ..လူတွေ..ရင်းနှီးလုပ်ဆောင်ခဲ့ပြီးမှ ဘော့စ် က “ငါ ခိုင်းတာ ဒီလို မဟုတ်ဘူး”ဆိုရင်တော့ သွားပြီပေါ့...။ ကျနော်တို့ဆီမှာ လူကြီးခိုင်းတာကို သေခြာ နားမလည်ပေမဲ့ အဲဒီ feedback မလုပ်ရဲလို့ ဆုံးရှုံးခဲ့-နေတာတွေ အများကြီးပါ...။ sender ပို့လိုက်တဲ့ information ကို clear မဖြစ်ရင် Receiver က feedback လုပ်ရပါမယ်...။ လုပ်ရဲရပါမယ်။
feedback ရဲ့အရေးပါမှု အကြောင်း ဖေါ်ပြတဲ့ “ဗူးသီးတံဆိပ်နဲ့တံပြက်စည်းတချောင်း”ဆိုတဲ့ ပုံပြင်လေးကတော့ စိတ်ပညာမှာ ရေပန်းစားလှပါတယ်။

Unknown said...

အင်း အလွဲတွေ အလွဲတွေ...

ဟုတ်တယ်ဗျာ...
ဖြစ်ချင်တာတွေနဲ့ ဖြစ်နေတာတွေက တေ့လွဲလေးတွေဖြစ်တတ်တယ်လေ....

အမ လသာညရေ...
ပျော်ရွှင်ပါစေဗျာ...
ကျနော်လည်း အလွဲတွေကြောင့်ပဲဖြစ်မယ် အခုတလော လွဲလွဲလေးတွေဖြစ်ဖြစ်နေတာ... အားလုံးနဲ့ ကပ်လွဲလွဲနေတာလေ...

ပျော်ရွှင်ပါစေနော်....

မင်းအိမ်ဖြူ said...

တကယ်တော့ လွဲတယ်ဆိုတာဘယ်ကောင်းမှာလဲနော ...

ဒါပေမယ့်
တချို့ အလွဲလေးတွေက ဘ၀ကို ပိုမိုကောင်းမွန်ပြည့်စုံစေပါတယ် ၊ အမှတ် မထင်လေးပေါ့

အင်းဒါမျိုးကလည်း ရှားပါတယ်

ပျော်ရွှင်ပါစေ

ညိုချို said...

ညိုချိုပါ.. ဟုတ်တယ်။ မိုးစံ စကားအတိုင်းပဲဗျာ။ အခုလွဲတာ ကြောင်လေးမိုလို့ပေါ့။ ပြီးတော့ သူ့အမွေးက ပြန်ပေါက်လာနိုင်သေးလို့ တော်သေးတာဗျ။ ပြန်မရနိုင်တဲ့ အရာသာဆိုရင် မလွယ်ဘူးဗျနော်။

ဟုတ်တယ်။ အစစ သတိနဲ့ လုပ်နိုင်ရင် ကောင်းတယ်ဗျ။

ဒါပေမဲ့ လူသားတွေမှာ တခါတရံ အဲလို သတိမမူမိမှုတွေ ရှိတတ်တာပဲလေ။ တမင်တကာလုပ်တာမဟုတ်တော့ ဆိုင်ရှင်အနေနဲ့ စိတ်မကောင်းရုံပဲ ရှိမှာပေါ့။

ကိုယ်သာ ဆိုင်ရှင်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာလည်း စဉ်းစားကြည့်မိတယ်။ မတော်တဆ မှားသွားတယ်ဗျလို့ ၀န်ချတောင်းပန်ရုံ၊ နောက်တခါ ဆင်ခြင်ပါမယ့်လို ကတိပြုလိုက်ရုံပဲ တတ်နိုင်တာ။ လတ်တလောတော့ ကြောင်လေးကတော့ အမွေးပြောင်သွားပြီလေ။ လွဲသွားခဲပြီလေ။ အဲလို အဖြစ်အပျက်မှာ လသာည ပြောသလို အလွဲကို အကောင်းမြင်စိတ်နဲ့ မတွေးနိုင်ရင် ကြောင်လေးခမြာ အမွေးက မရှိတော့တဲ့အထဲ စိတ်ဆင်းရဲခြင်းပါ ထပ်ဆင့်ပြီး နှစ်ခါ ဆုံးရှုံးဖို့ပဲ ရှိတယ်။
ဒါကြောင့် တခါတရံ မရည်ရွယ်ပဲ ဖြစ်လာတဲ့ အလွဲလေးတွေကို အကောင်းမြင်စိတ်နဲ့ ဟားတိုက်ရယ်တတ်ဖို့ လိုတယ်ထင်တာပဲ။
ဟဲဟဲ ညိုချိုမြင်တာကို ပြောတာပါ။

လသာည said...

ကွန်မန့်လေးတွေအများကြီး ဖတ်ရလို့ တော်တော်ပျော်သွားတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုမိုးစံ>>အစ်ကို ကွန်မန့်လေးကို ကျေးဇူးတင်ပါတယ်။ ဟုတ်ပါတယ်။ တကယ်တော့ ဒီပုံပြင်လေးက ရယ်မောစရာ ပုံပြင်လေးပါ။ ဆိုင်ရှင်ရဲ့ မစေ့စပ်မသေချာမှုနဲ့ ကြောင်ပိုင်ရှင်ရဲ့ မသေချာမှုတွေကြောင့် ကြောင်လေးခမြာ အရေခွံမခွာရုံကျန်ခဲ့တာ သနားစရာပါ။ ကြောင်လေးက စကားမပြောတတ်လို့တာပေါ့။ ပြောတတ်ရင် သူဘယ်လောက် ခံစားရကြောင်းပြောနေမှာပါ။

ဒါနဲ့ ညီမ communication psyကို မလေ့လာဖူးဘူး။ စိတ်ဝင်စားစရာကောင်းတယ်နော်။ ဗူးသီးတံဆိပ်နဲ့တံပြက်စည်းတချောင်း”ဆိုတဲ့ ပုံပြင်လေးကို ကြုံရင် ပြောပြပါဦးနော်။

ကိုပြည်စုံရေ>> ကွန်မန့်လေး ကျေးဇူးနော်။ ကိုပြည့်စုံတစ်ယောက် အခုတလော အလွဲတွေများနေရင်တောင် ကောင်းသောလွဲခြင်းမျိုးနဲ့ တွေ့ကြုံပါစေလို့ အစ်မ ဆုတောင်းပေးပါတယ်။

ကိုမင်းအိမ်>> ဟူတ်တယ် မင်းပြောသလိုပဲ တချို့အလွဲလေးတွေက ကောင်းကျိုးဖြစ်စေတာမျိုးရှိတာပေါ့။ ဥပမာ အိပ်ယာထနောက်ကျမှုကြောင့် လမ်းမှာအန္တာရယ်တွေ့မယ် ရထားမစီးမိပဲ လွဲသွားတာမျိုး၊ လူမှားပြီး နှုတ်ဆင်လိုက်တဲံ့အတွက် အဲဒိကောင်မလေးက တချိန်မှာ ကိုယ့်ကောင်မလေးဖြစ်သွားဖို့ အခွင့်အရေးရသွားတာမျိုး..။ ကောင်းတဲ့အလွဲတွေလည်း ရှိပါတယ်ကွာ။ စိတ်မညစ်နဲ့ ကံကောင်းပါစေ :D

ညိုချိုရေ.. ကျေးဇူးနော်။ ကွန်မန့်အရှည်ကြီး စဉ်းစားပြောပေးလို့။ မင်းပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ်။ ဘ၀ကို အကောင်းမြင်စိတ်ထားနိုင်ရင် ကိုယ့်မခံစားရဘူးပေါ့ကွာ..။