Monday, August 31, 2009

နှလုံးသားကို ခိုးယူခြင်း

မနက်က စိတ်ပညာသီအိုရီတစ်ခုအကြာင်း ပြန်ဖတ်ရင်းနဲ့ ထိုသီအိုရီအကြောင်း သူတင်ပြတဲ့ ဥပမာကို သဘောကျသွားပါတယ်။ ကိုယ့်အတွက် မဟုတ်ပေမဲ့ တချို့သူငယ်ချင်းလေးတွေအတွက် အသုံးဝင်လေမလားရယ်လို့ ဘာသာပြန်တင်ပြလိုက်ရပါတယ်။
ဥပမာက (Ways on how to steal a person's heart) တဲ့..။
ဒီပို့စ်ကို မဖတ်ခင် မေးခွန်းလေးတစ်ခုကို မေးပါမယ်။
"Are you single and available?"
ရက်စ်လို့ ဖြေရင် နောက်မေးခွန်းတစ်ခုလည်း မေးပါရစေနော်။ တိတ်တခိုးချစ်သူရှိနေသလား။ ဖွင့်မပြောရဲ ဖြစ်နေသလား။ ဒါဆိုရင် ဆက်ဖော်ပြမယ့် နည်း၅နည်းကို သုံးကြည့်လိုက်ပါ. အဆင်ပြေသွားပါလိမ့်မယ်တဲ့။ ၂ပတ်အတွင်း ထူးခြားစေရမယ်လို့လည်း အာမခံထားပါတယ်။ လိုအပ်နေသော သူငယ်ချင်းလေးများ သုံးကြည့်လိုက်နော်။

၁) ကိုယ့်ကိုယ်ကို သေချာအောင်မေးပါ။ ရည်ရွယ်ရာကို သတ်မှတ်ပါတဲ့.
ကိုယ်တကယ်ချစ်နေသူ၊ ကိုယ့်ရင်ထဲမှ မြတ်နိုးနေသူကို သေသေချာချာ သိအောင်လုပ်ပါ။ ဟိုလိုလို ဒီလိုလို မသေမချာမဖြစ်ပါစေနဲ့။ ဦးတည်ရာသည် တစ်ခုသာဖြစ်ရပါမည်။ လောဘကြီး၍ မရပါ။

၂) နားလည်ပါ။
ကိုယ်ချစ်နေသူဟာ သူမှသူပဲဆိုတာ သေချာသွားပြီဆိုရင် သူ့အကြောင်းကို နားလည်အောင် လုပ်ပါတဲ့.။ သူ ဘာကိုကြိုက်တတ်သလဲ၊ ဘာကို စိတ်ဝင်စားတတ်သလဲ၊ သူ့သူငယ်ချင်း၊ဒါမှမဟုတ် (မင်းတကယ်လို့ သတ္တိရှိရင် ) သူမိသားစု စတာတွေကို တည့်အောင်ပေါင်းပြီး သူ၏စိတ်နေစိတ်ထားကို လေ့လာပါ။ ပြီးရင် နားလည်အောင်လုပ်ပါ။ ကြားစကားမဟုတ်ပဲ ကိုယ်တိုင်လေ့လာပါတဲ့..။

၃) လုပ်ငန်းစပါ။ အရမ်းကို အရေးကြီးပါသည်။ *important*
သူမက ပန်းကြိုက်တတ်ရင် ပန်းပို့ပေးပါ။ ကဗျာကြိုက်တတ်ရင် ကဗျာစပ်ပို့ပါ. (နေ့တိုင်းဆိုပဲ..ပန်းဖိုးနဲ့..အင်း။ ဒါလောက်တော့ ရှာထားပေါ့နော်။ :D )။ ကောင်လေးဆိုလဲ သူ့ကြိုက်တတ်တဲ့ အစားအစာကို ချက်ပြီး ပို့ပေးတာမျိုး)။ သူကသိသိမသိသိ ပေးသာပေးပါ။ စားစားမစားစား ပို့သာပို့ပါ။ ဇွဲတော့ရှိပါတဲ့။ ၂ပတ်တိတိ လုပ်ပါ။ ၂ပတ်ပြည့်ရင်တော့ ရပ်လိုက်ပါတဲ့..။

ဒီနည်းက ဟုတ်ပါ့မလား စိတ်မပူပါနဲ့။ ၂ပတ်အတွင်း သိသာပါလိမ့်မယ်လို့ စာရေးသူက ညွှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ပညာမှာ နာမည်ကြီးသီအိုရီတစ်ခုရှိတယ်။ (classical conditioning theory လေ။ ၀ူး ..အခုမှ စိတ်ပညာအကြောင်းဝင်လာတယ်။ ကြော်ငြာကနောက်ဆုံးမှဝင်မယ်နော် :P )

(အဲဒီ သီအိုရီအရ) ပန်းကြိုက်သူဟာ မင်းဆီက နေ့စဉ် ပန်းကိုလက်ခံရယူနေရာက မရတော့တဲ့တနေ့ကျရင် သူ့စိတ်ထဲမှ အနေရအထိုင်ရခက်လာပါတယ်။ (ဘာဖြစ်လို့လဲ ဘယ်သွားနေသလဲ နောက်ကောမလာတော့ဘူးလား ....???? စသည်ဖြင့်) သူနေမထိထိုင်မသာ ဖြစ်လာပါတယ်..။ ဒါဆိုရင် နောက်တဆင့်ကို သင်လှမ်းလို့ရပါပြီ။

၎) ဖွင့်ပြောဖို့ အားထုတ်ပါ။သူဟာ ၂ပတ်အတွင်းမှာ မင်းဘယ်သူဆိုတာ သိပြီးနေရင် (ဒါက ပထမရက်က မင်းအစွမ်းအစပေါ်မူတည်ပါတယ်။) မင်းဆီကို တနည်းနည်းနဲ့ ဆက်သွယ်လာပါလိမ့်မယ်။ သူ့ကို မင်းနဲ့ ပတ်သက်တဲ့ Hint တစ်ခုခုပေးခဲ့ဖို့လိုတာပါ။ (လိပ်စာကဒ်၊ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်စသည်..) သူ့ဘက်က တုန်ပြန်လာခဲ့ရင် (သူဘက်က စိတ်ဝင်စားမူကို မင်းတွေမြင်ခံစားမိရင်တော့) မင်းရဲ့ခံစားချက်ကို ရင်ဖွင့်လိုက်ပါတော့။ မိန်းကလေးဆိုရင် စဉ်းစားချိန်နည်းနည်းပေးလိုက်ပါ။ ယောက်ျားလေးဖြစ်ခဲ့ရင်တော့.. (အင်း.. လသာည မသိပါ.. :D )

၅) Backupလုပ်ပါ။
၂ပတ်နေလို့မှ သူက ဘာမှမတုန်ပြန်လာဘူးဆိုရင် စိတ်မပူပါနဲ့။ ဆက်လုပ်စရာ နည်း၂နည်း ရှိပါတယ်။
ပထမနည်းက သူပြန်တုန်ပြန်လာတဲ့အထိ ဇွဲရှိရှိ ဆက်စောင့်ပါ။
(အခြေအနေအရ အောက်ကပုံအတိုင်း အန္တရယ်ကျရောက်နိုင်တဲ့နေရာ (မျက်နှာ၊ ခေါင်း၊ ရင်ဘတ် စသည်လေးတွေ) ကို ကာကွယ်ထားဖို့လည်း လိုကောင်းလိုမယ်ထင်တယ်။ jelir


နောက်တနည်းကတော့ တခြားတစ်ယောက်ကို ပြောင်းကြိုက်လိုက်ပါတဲ့..gelakguling
Good luck everyone!
လသာညပါ..။

ကြော်ငြာ။ ။ (Ivon Pavlov's classical conditioning theory is being applied.)
ဒီtheory ရဲ့ မူရင်းဥပမာက ခွေးတစ်ကောင်နဲ့ ခေါင်းလောင်းသံပါ။ အပြင်ဥပမာနဲ့ ပေးရရင်တော့
ကောင်မလေးတစ်ယောက်ဟာ အနီရောင်ကို သိပ်မကြိုက်တတ်ဘူး။ အနီရောင်အကျီင်္လည်း ၀ယ်မ၀တ်ဘူး။ ဒါပေမဲ့ အနီရောင်အင်္ကျီကို စွဲစွဲလန်းလန်းကြိုက်တဲ့ ကောင်လေးတစ်ယောက်နဲ့ သူရင်းနှီးသွားတဲ့အခါ အနီရောင်အကျီင်္မြင်တိုင်း၊ (ဒီထက်ပိုပြီး) အနီရောင်ကို မြင်တိုင်း ကောင်လေးကို သတိရပြီး သူလိုက်ငေးတတ်လာတယ်။ (စွဲလန်းမူက သိပ်ခိုင်ခံသွားမိရင်) အနီရောင်အကျီင်္ကို သူဝယ်ဝတ်ချင် ၀တ်တော့မှာပါ။ အနီရောင်ဟာ ကောင်လေးကို သတိရစေဖို့ အခြေအနေဖန်တီးရှင်တစ်ခုဖြစ်သွားလို့ပါ။ အဲဒါကို conditioning theory လို့ခေါ်တာပါ။adacall

(Resources: My lecturer, Psychology From Science to Practise book from Pearson and website from Wikipedia.)

9 comments:

rose of sharon said...

မလိုအပ်တော့လို့ ကျော်ဖတ်သွားပါတယ်

Unknown said...

အဲဒီအဆင့်တွေ ကျော်သွားပြီ ဒါပေမယ့် သူက အချစ်တွေအများကြီးရှိနေရင်ရော...

ကို့ကိုယ် ချစ်နေပါသေးတယ်ဆိုရင်ရော...

အင်း... လူ့ဘ၀ လူ့ဘ၀ ဖြစ်ချင်တိုင်းမဖြစ်တတ်တဲ့
မှော်အတတ်နဲ့ ဖန်ဆင်းထားတဲ့ ဥယျာဉ်တစ်ခုပဲနေမှာပါ....။

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ရွှေပိုး said...

သဘောတော့ကျသွားတယ်။ :D :D :D လသာညရဲ့ ဘာသာပြန်တဲ့ အချိန်က စိတ်လေးကို။... လုပ်ပါ ဆရာမရယ်... ဒီလိုလေး.. မျှော်နေသည် အမြဲ။..

အိစံ said...

မျက်စိလည်သွားတယ်---လသာညဆိုတာဘယ်သူပါလိမ့် 

မိဆိုးလေး said...

မလိုတော့ပါ..။မလိုတော့ပါ..။မီးတို့ က ချစ်ပြီးသားမို့  မလိုတော့ပါ..။ကြော်ငြာဝင်ချင်းသည် လသာညထံမှ ကူးစက်ခြင်းဖြစ်ပါသည်။:P

သိင်္ဂါကျော် said...

ခိုးချင်တဲ့ နှလုံးသားတော့ မရှိပါဘူး။ ဒါပေမယ့် ဖတ်ရတာ ကြိုက်တယ်။

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟာဟ လက်တွေ့ပွဲတွေ့လား အစ်မရေ

ပျော်ရွှင်ပါစေ

ရှာလိုက်အုံးမယ် ဒီမှာက နှင်းဆီက တစ်ပွင့်ကို ၃ ကျပ်ဆိုတော့ အင်း တွက်လိုက်အုံးမယ်ဗျာ အခြားပန်းမရဘူးလား ဟာဟ နောက်တာပါ

Dust in the wind said...

Thank Sayama....Have a nice day.
This post reminded me the Myanmar Video (Hnin Si Wine) in which the actor, Lwin Moe, sends a rose everyday for a week to the actress, Tint Tint Tun.

Unknown said...

ကျေးဇူးတင်ပါတယ်ဗျာ
တစ်ခုလောက်မေးပါရစေ
ကျွန်တော်.ကောင်မလေးကအရမ်းအေးတယ်
သူ.မှာဆယ်တန်းတုန်းကချစ်သူရှိတယ်
သူ.ချစ်သူနဲ.အဆက်ပြတ်နေပီး
ကျွန်တော်နဲ.တွေ.တာပါ
ကျွန်တော်ကသူ.ပုံစံအေးအေးလေးကိုချစ်မိသွားတယ်...
နောက်တော.မွေးနေ.မှာဖိတ်ပီးချစ်ကြောင်းဖွင်.ပြောလိုက်တော.တယ်
နောက်တော.ကောင်မလေးကစာမေးပွဲဖြေ ကာနီးချစ်တယ်ဆိုပီးအဖြေပေးတယ်သူ.မှာ ရည်းစားရှိခဲ.တာလည်းပြောပြတယ်...
နောက်သင်္ကြန်တွင်းမတွေ.ရတော.ပဲကျောင်း
ပြန်ဖွင်.တော.သူကကျွန်တော.ကို
ရှောင်နေတယ်
သူကသနားလို.အဖြေပေးခဲ.တာလို.လည်းပြောတယ်
ကျွန်တော်ခံစားရပြီးစိတ်တွေလေပြီး
ကျောင်းတော်တော်ပျက်မိတယ်
ရန်တွေလည်းဖြစ်မိတယ်
နောက်တော.သူက
သူ.အရင်ကောင်လေးကိုကျောင်းခေါ်လာ
တယ်လေ
သူများတွေနဲ.လည်းမိတ်ဆက်ပေးတယ်
ကျွန်တော်.ကိုဆက်မလိုက်ဖို.လည်းပြောတယ်
ဒါပေမယ်.၃လလောက်ရှိပီ
မမေ.နိုင်ဖူးမမုန်းနိုင်ဖူးဗျာ
ကျွန်တော်သူ.ကိုအရမ်းချစ်တယ်
သူနဲ.ပြန်အဆင်ပြေအောင်ဘယ်လိုနေရမလဲ
သူ.ကိုအခုဆိုစိတ်ညစ်မှာစိုးလို.
အဝေးကနေသူမသိအောင်ပဲငေးနေရတယ်
သူမကိုလည်းစိတ်မညစ်စေချင်ဘူး
သူကစိတ်ကြီးတယ်
မာနကြီးတယ်
ဒါပေမဲ.စိတ်ထားတော.ပွင်.လင်းရိုးသားတယ်