Friday, August 21, 2009

ချစ်သူသိစေ


မျက်လုံးကြောင့် နည်းနည်းနားနေတယ်။ ဒီရက်ပိုင်း ပို့စ်မတင်နိုင်သေးဘူး။ ဒီနေ့တောင် လာလည်တဲ့သူငယ်ချင်းတွေတွေ့လို့ အသစ်မတင်နိုင်တာကို အားနားတာမို့ အလွယ်တကူ ကိုယ်နားထောင်နေတဲ့ သီချင်းတင်ထားတာပါ။ အချိန်ရမှ နားဆင်ပါလို့။ ခင်မင်စွာဖြင့်

လသာည ပါ။ See you!!!!

5 comments:

Lucifer said...

ရတယ်ရတယ်..မမီးလည်းမအားတာနဲ့ တက်ဂ်ခံထားတာတောင်ရေးရသေးဘူ...
ဟီးးးးးးးးးး
I love you watts and watts...

Yu Ya said...

အစ်မရေ..ဒီသီချင်းလေးပြန်ကြားရတော့ ကျောင်းတက်ခဲ့တဲ့အချိန်တွေကို ပြန်သတိရသွားပါတယ်ဗျာ။ ကျွန်တော် သူငယ်ချင်းတစ်ယောက်က ကိုတိုးကြီးကို အရမ်းကြိုက်တယ်ဗျ။ အဲဒီထဲမှာမှ ဒီသီချင်းလေးကို အမြဲဖွင့်တော့ ကျွန်တော်တို့တောင် အလွတ်ရသွားပါတယ်ဗျာ။

ထမင်းဆိုင်ရောက်ရင်တောင်.. “ပန်းပွင့်ရှိမှ စားရတာမဟုတ်ဘူး” ဆိုပြီးတော့ ထမင်းဆိုင်က အစ်မကြီးကို အမြဲစနေကြဗျ။ ကျွန်တော်က ပန်းပွင့်နဲ့ ကြက်ဥရောကြော်တာကို အရမ်းကြိုက်တော့ အမြဲကြော်ပေးနေကျ။ တစ်ခါတစ်လေ ပန်းပွင့်မရတဲ့နေ့တွေဆိုရင် ကျွန်တော်က အဲဒီသီချင်းဆိုနေကျ..အဟဲ။

အခု မထင်မှတ်ပဲ အစ်မတင်ပေးထားတော့ စိတ်တွေ ကျောင်းပြန်သွားတယ်ဗျ..

yu ya

မိဆိုးလေး said...

အမရေ....မီးမီးလဲ ပြောလိုက်မယ်..။နေ့ စဉ်အလွမ်းများနဲ့ ......။ဖွင့်ဟပြောမှ သိရမှာမဟုတ်ဘူး။ချစ်သူသိစေ..။

Unknown said...

haha I do visit to your blog

Hav a nice day

MinneainPhyu

လသာည said...

ကွန်မန့်လေးများ ကျေးဇူးအများကြီး တင်ပါတယ်။ ဒီသီချင်းနဲ့အတူ သက်ဆိုင်ရာကို လွမ်းသွားကြတာ ထင်ပါ့ အဟိ။ အဖော်စပ်တာ