Sunday, August 30, 2009

အနှိုင်းမဲ့ရင်ခွင်


(အပေါ်ကပုံထဲကလို မိဘနှစ်ပါးရဲ့ ရင်ခွင်ထဲမှာ လုံခြုံစွာ နွေးထွေးနေတဲ့ ကလေးငယ်လို)
သောကတွေ မောဟတွေနဲ့ ဘ၀စိန်ခေါ်မှုတွေများတဲ့ ဒီလောကထဲမှာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ ကျွန်မကို ခွန်အားများ ပေးလှည့်ပါ... ။ အဲဒီရင်ခွင် အရမ်းကို လိုအပ်နေပါပြီ....။ အဲဒီရင်ခွင်မှာ ခဏလောက်ပဲ ဖြစ်ဖြစ် ကျွန်မကို မေးစက်ခွင့်ပြုပါ။ ကျွန်မ အိမ်ပြန်လာပါရစေ.....

7 comments:

မိုးသီတာ said...

ရဘူး.. ရဘူး။ ဘ၀က တောင်းဆိုနေပါတယ်.. ကြီးထွားဖို့... ရင့်ကျက်ဖို့။...သောက..မောဟ..စိန်ခေါ်မှုတွေကို ဖြတ်သန်းပြီးမှ မီးဖုတ်ခံထားရတဲ့ အိုးတစ်လုံးလို သူများအတွက် ကိုယ့်အတွက် ရေကို သယ်ယူနိုင်မှာတဲ့.. မီးအဖုတ်မခံလို့မရပါဘူး... (:P :P ... ဆိုးသော မေမေဖြစ်ပါသည်။..)

လသာည said...

ဟားဟား သွား မိုး လူဆိုး...။
ဒီမှာ မျက်လုံးတစ်လုံးက နေမကောင်း၊ နှလုံးတစ်ခြမ်းက အခြေအနေမကောင်း၊ ခေါင်းတစ်ခြမ်းက အလုပ်မလုပ်လို့ စိတ်ကူးနဲ့ အိပ်ယာထဲမှာ လှဲချင်နေတာ..
..သွား ငိုပစ်လိုက်မယ်နော်.. :P

မိုးသီတာ said...

ကော်ဖီဖြတ်ပါ.. ဖြတ်ပါ..လို့ အခါ တစ်သောင်းပြောပါမယ်.. နှလုံးကို သနားသောအားဖြင့်။.. လူလိမ္မာတွေဆို ကော်ဖီဆို အနံ့တောင်မခံ (သောက်ချင်လာမစိုးလို့။.. ) ငိုပါနဲ့ဦး.. အောင့်ထားပါကွယ်.. အချစ်ရှိမှ ငိုပါကွယ်... :D :D မုန်လာဥနီကို ခြစ်ပြီး သဘောင်္သီးလေးလိုသုပ်စား...သို့.. မုန်လာဥနီ ဖျော်ရည်လေး ၀ယ်သောက် (ဗိန္ဒောဓါတ်စာ).. မျက်လုံးကောင်းလတ္တံ့။

Lucifer said...

လသာညလေးရေ..မမီးပုံလေးတွေကြည့်ပြီး အတုယူသွားတယ်

rose of sharon said...

သူငယ်ချင်းလေး...ဘယ်ရင်ခွင်ကိုတကယ်လွမ်းတာလဲ... မေမေ့ရင်ခွင်လား.... ချစ်သူရင်ခွင်လား... ပုံထဲကတော့မေမေ့ရင်ခွင်... တကယ်က ရင်ခွင်နှစ်ခုစလုံး... ဟုတ်တယ်ဟုတ်

မိုးအိမ့်ဖြူ said...

http://3.bp.blogspot.com/_E3U7QCZXNZ0/SpNX9Ji9vHI/AAAAAAAABAQ/OCONXu4fJUU/s1600-h/image0103.jpg မမီးခေါ် မိုးသောက်ကြယ် နဲ့တော်တော်ဆင်တယ်နော် တော်တော်ချစ်ကြတယ်ထင်ပါရဲ့ စုံတွဲလေးလားမသိဘူး :P

Unknown said...

ဘယ်ရင်ခွင်ဟာ အနွေးထွေးဆုံးနဲ့ အလုံခြုံပါလဲ ။ မေမေလား ။ သူလား ။ ဘယ်ရင်ခွင်ပဲ ဖြစ်ဖြစ် ခိုလှုံခွင့်လေးတော့ ရချင်သားနော် ။ ထွေးပွေ့လှည့်ပါဦးကွယ်.....လို့ ခေါ်လိုက်ပေါ့။ အပြေးရောက်လာမှာပါကွယ် ။

ချစ်တဲ့

ထား