Sunday, August 2, 2009

ကော်ဖီအကြောင်း- သူတို့ပြောသော ဟာသများ-၂

ဖြေရှင်းပေးပါ




Cousin Elly ဟာ ကော်ဖိဖျော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးအစပ်အဟပ်တည့်တည့် မဖျော်တတ်လို့ စိတ်တော်တော်ညစ်နေတယ်။ သူမ လက်ထပ်တဲ့အခါကျတော့ သူမယောက်ျားက ကော်ဖိဖျော်စက်လေးတစ်လုံးသူမကို ၀ယ်ပေးဖို့စီစဉ်တယ်။ တော်တော်လေး မော်ဒယ်မြင့်တဲ့ စက်လေးကို သူမအရမ်းကို သဘောကျသွားတယ်။

အရောင်းစာရေးက သူမကိုသေသေချာချာ ရှင်းပြတယ်။ ပလပ်ပေါက်ဘယ်လိုထိုးရင် စက်ကလေးက
ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကိုအထိ ရှင်းပြတယ်။

နောက်ထပ်လည်း “ခင်ဗျား timerပေးပြိး အိပ်ယာထဲသွားနေလိုက်၊ ခဏနေ ဖျော်ပြိးသားကော်ဖီလေးက ခင်ဗျားစိတ်ကြိုက် ဖြစ်နေလိမ့်မယ်”

သူတို့ သဘောကျစွာ ၀ယ်ပြိးပြန်လာခဲ့တယ်။ နောက်၅ရက်လောက် ရှိတော့ သူမက အဲဒီဆိုင်ကို ပြန်သွားပြီး အရောင်းစာရေးကို ဒီလိုပြောလိုက်တယ်။


“ ရှင့်စက်က တော်တော်လေးတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဆင်မပြေတာတစ်ခုရှိနေတယ်။ အဲဒါက ကော်ဖီဖျော်တိုင်း အိပ်ယာထဲ သွားသွားနေရတာ ကျွန်မအတွက် အဆင်မပြေဘူးရှင့်။


x ------------------------------------------------x


ဘုရားသခင်ရဲ့ အလိုတော်အတိုင်း



တခါတုန်းက မနက်တိုင်းကော်ဖီဖျော်တဲ့ကိစ္စ(
(brewing coffee))နဲ့ ပတ်သက်ပြီး လင်မယားနှစ်ယောက် အငြင်းပွားကြတယ်။

“ ရှင်ဖျော်သင့်တယ်၊ ဘာလို့လဲဆိုတော့ ရှင်က အိပ်ယာစောစောနိုးတတ်တယ်လေ၊ ဒီတော ကျွန်မတို့ ကော်ဖီစောစောသောက်ရတာပေါ့။ နော မောင်ရာ”

“ဟားဟား အဲလို လူလည်မကျနဲ့၊ မင်းက အိမ်ထောင်ရှင်မလေကွာ။ မင်း ကော်ဖီဖျော်နေတဲ့ အချိန် ငါက ထိုင်စောင့်နေရုံပဲ”

“အို.. ရှင်ဒီလိုမပြောနဲ့ ကျွန်မက အထောက်အထားနဲ့ ပြောတာပါ။ သမ္မာကျမ်းစာထဲမှာပါလို့ ပြောတာ”

“ဘာကွ။ လျှောက်မပြောနဲ့။ ကဲ.. သမ္မာကျမ်းစာထဲမှာ ဘယ်မှာပါလဲ ပြစမ်း”

“ ဟောမှာကြည့်..။”

( သူမက သမ္မာကျမ်းစာ New Testamentကို လှန်ပြလိုက်တယ်။ စာမျက်နှာများစွာရဲ့ ထိပ်မှာ ရေးထားတာက)

"Hebrews" (He Brews).

ဒါကြောင့်လည်း အမျိုးသမီးတွေ တော်ပါတယ်ဆို၊ အရာရာကို ချက်ကျလက်ကျ ပြောတတ်တယ်။

(
မှတ်ချက်။ ။ ရယ်စရာ အဖြစ်ပဲ ဖတ်နော်။ )

လသာည ဖြစ်ပါသည်။ အင်တာနက်က ဖတ်မိတာလေးတွေပါ။

5 comments:

မင်းအိမ်ဖြူ said...

အစ်မလည်း ဒီလိုနဲ့ အစ်ကိုကြီးကို ညာညာခိုင်းနေတာထင်ပါတယ်

ကောင်ဖီဖျော်စက်လေးဝယ်ထားခိုင်း ကိုယ်သွားသွား နှပ်နေလို့ရတာပေါ့ P:

လသာည said...

အင်း..ဟုတ်တယ်ဟုတ်တယ်။ ကျေးဇူးပဲ။ ဒီideaသူ့ကို လှမ်းပြောလိုက်ဦးမယ်။

ဒါပေမဲ့ ဒိထဲကလို ခဏခဏနှပ်နေလွန်းရရင်လည်း မလွယ်ဘူးကွ။ တနေ့ကို ဘယ်နှခွက်မှန်းမသိ သောက်နေတာဆိုတော့လေ။ :P

Lucifer said...

ကိုမင်းအိမ်တော့ ညာခိုင်းတာခံနေရတယ်ပေါ့..
မမီးကတော့ ကိုယ်သောက်မဲ့ကော်ဖီ ကိုယ်တိုင်မဖျော်ချင်ရင်.. မေမေ့ကို နည်းနည်းချွဲးလိုက်တာပဲး.. ဟဲးဟဲး..အေးဆေး..

rose of sharon said...

နှစ်ခုလုံးရီရတယ်... ဒို့ကကိုယ့်ဟာကိုယ်ဘဲကော်ဖီဖျော်သောက်ရတာ... လင်တော်မောင်ကကော်ဖီမကြိုက်ဘူး...

လသာည said...

ကြယ်လေးက မေမေက အနားရှိတာကိုး။ အချွဲမလေး..
အစ်မရိုစ်လည်း ကော်ဖီစက်ကလေး ၀ယ်ထားလေ ဟားဟား။ အစ်မနဲ့ နီးရင် ကော်ဖီလေး အတူတူသောက်ချင်သား။။တကယ်ပြောတာ။
ကြယ်လေး၊ကိုမင်းအိမ်ရော၊ အစ်မရော ဂျပန်လာဖြစ်ရင်ပြောနော်။အပြင်မှာ တစ်ခါလောက် ကော်ဖီဆိုင်အတူတူထိုင်ရအောင်လေ။