Thursday, August 20, 2009

မသိလေ ကောင်းလေ

ကြားဖူးတဲ့ သီအိုရီနှစ်ခုရှိတယ်။ 1. Knowledge is Power. 2. Time is Money.

ဒါပေမဲ့ မင်းသိတဲ့အတိုင်း ကျောင်းတုန်းက သင်ခဲ့ရတဲ့ ရုပဗေဒ ညီမျှခြင်းက
Power = Work / Time
အပေါ်က ညီမျှခြင်း နှစ်ခုကနေ ရှင်းလိုက်တော့ ဒီတော့ Knowledge = Work/Moneyလေ...။
Money ကို လိုချင်တော့ Money = Work / Knowledge ဒါဆိုရင် knowledge က zero နားနီးလေ၊ ငွေက အလုပ်နဲ့ တိုက်ရိုက်ပြောင်းလဲလေ...
Money <=> Work

ဒါကြောင့်ပြောတာပေါ့... The Less You Know, The More You Make..

သဘောတူလား? :D ပညာရှင် လသာည..ပါဆိုမှ..။ ဒါဆိုရင် လသာညနဲ့ ပညာချင်း နင်လားငါလား တပည့်လေးတွေ ဖြေထားတာလည်း ကြည့်လိုက်ပါဦး... သူဥာဏ်မှီသလောက် တွက်ထုတ်လိုက်တဲ့ အဖြေက square root.

ဒီကလေးကလည်း ကြည့်ဦး.. အဖြေကို ရအောင်တွက်ထုတ်ပေးသွားတယ်..။

သူဖြေတာလည်း ဟုတ်တာပဲ။ expand ဆိုလို့ စာလုံးတစ်လုံးနဲ့ တစ်လုံးကြား expand လုပ်ပေးသွားတာကို..။
သူကလည်း find x ဆိုလို့ x ကို ရှာပေးတာလေ။။

ဒီလိုတပည့်မျိုးလေးတွေက တနေ့မှာ ဘယ်လို လူကြီးလေးတွေ ဖြစ်လာမလဲ စဉ်းစားစရာပဲ..နော်။

ပြောလို့မရဘူး..။ သီအိုရီ အသစ်တွေ ထုတ်ပြီး အိုင်စတိုင်းလို ကျော်ကြားချင် ကျော်ကြားလာမှာ..။ (လသာည လိုမျိုး)

ဂုဏ်ယူတယ်..။ ဟားဟား

(မှတ်ချက်။ ။ ဓါတ်ပုံတွေက အင်တာနက်က ယူတာပါ..။)

အားလုံး ပျော်ရွှင်ကြပါစေ..။

3 comments:

rose of sharon said...

မသိလေကောင်းလေ... ဟုတ်တယ်... ကျောင်းပြီးထဲက စာမကျက်ရတော့လို့ပျော်နေတာ... ဘာမှ မသိချင်ဘူး... ကောင်းတယ်ဟုတ်

Lucifer said...

တော်လိုက်တဲ့ ကလေးနော်..မမီးဆိုသူ့ထက်တော်တယ်နော်...မသိရင်မှတ်ထား... စာမေးပွဲးဆို ကြုံသလိုဖြေတာ...

လသာည said...

rose of sharon>> ချစ်သောရို့စ်ရေ သတောထူတယ်ဟုတ်! မသိလေ ကောင်းလေ..:P
Lucifer >> ကြယ်လေးရေ ကြုံသလို ဖြေလည်း တော်တဲ့သူက တော်တာချည်းကိုး..နော :P
ကွန်မန့်လေးတွေကို ကျေးဇူးနော်..။