Wednesday, August 19, 2009

ကလေးအတွေး

၂ နှစ် ၃ နှစ်အရွယ်ကလေးလေးတွေဟာ အရာရာကို စူးစမ်းတတ်၊ သိချင်တတ်တယ်။ သူ့တို့မေးခွန်းလေးတွေက “အုန်းသီးထဲကို ဘယ်သူက ရေထည့်တာလဲ”ဆိုတဲ့ မေးခွန်းမျိုးလေ။ လွယ်တာရှိသလို တခါတခါ ဖြေဖို့သိပ်ခက်တာတွေလည်း ရှိတယ်။

ဥပမာပြောပြမယ်။ အရာရာကို စူးစမ်းတတ်စ ကလေးလေးတစ်ယောက်ရဲ့ မေးခွန်းလေးတွေကို ကလေးကြီးလေး (၈ နှစ် ၉နှစ်သား)က သူသိသလို အောက်ကအတိုင်း ဖြေသတဲ့။ သူတို့နှစ်ယောက်အပြန်အလှန်မေးကြ ဖြေကြတာလေးတွေ တချို့ကို နားထောင်ကြည့်ပါဦး။

“နားဆွဲလေးကို အမြဲဆွဲထားတာ နားရွက်ကလေး သနားပါတယ်နော်.။”
“အင်းပေါ့။ အဲဒါနဲ့ နားရွက်က နားဆွဲလေးကို လှမ်းပြောတယ်။ အမြဲဒီလို ခိုစီးရတဲ့ အရသာက တော်တော်ပျော်ဖို့ကောင်းသလားဟင်လို့ ။”

“ကားတွေ ဘာလို့ ပျက်ပျက်နေရတာလဲ?”
“သြော်..သူတို့က အမြဲ ဂတ်စ်ရှုနေရလို့ပေါ့ကွာ.။”

“၀က်ကလေးတွေ နှာခေါင်းက ဘာလို့ တိုတိုလေးဖြစ်တာလဲ။ ”
“သြော်.. ရှည်ရင် သူ့ကို ခြေထောက်လို့ ခေါ်မှာပေါ့။”

“မျက်လုံးနှစ်လုံးက သူငယ်ချင်းတွေလားဟင်?”
“ဟုတ်တယ်၊ ဒီဘက်မျက်လုံးက ဟိုဘက်မျက်လုံးကို လှမ်းလှမ်း ပြောတယ်တဲ့။ တို့နှစ်ယောက်ကြားမှာ တယောက်ယောက်တော့ အနံခံနေပြီလို့”
“ဘယ်သူက အနံခံတာလဲ ဟင်”
“ နှာခေါင်းပေါ့ကွာ”

“ဒီမုန့်ထဲကို ဘာထည့်ရရင် အကောင်းဆုံးလဲဟင်?”
“မင်းရဲ့ သွား လေးတွေလေ။ ”“ဘယ်လိုထည့်ရမလဲဟင်”
“ဟောဒီလို၊ ဟောဒီလို”
“ကိုကို တော်တော့၊ သားမုန့်လေးသနားပါတယ်”

“ကိုကို.၊ ရယ်စရာကို ကြက်ဥရှေ့မှာ မပြောနဲ့နော်။ သူက ဟားတိုက်ရယ်လို့ မရဘူး ကွဲသွားလိမ့်မယ်။”
“ဟုတ်တယ်နော်၊ ရေခဲသေတ္တာထဲသွားထည့်လိုက်မယ်။”

“စတော်ဘယ်ရီတွေက စိုနေတယ်။ သူက ငိုနေတာလား၊ သူက ၀မ်းနည်းတတ်တယ်လား?”
“ဒါပေါ့ သူဝမ်းနည်ရင် ဘလူးဘယ်ရီဖြစ်သွားရောတဲ့။”

“raspberryက ဘလူးဘယ်ရီကို ပြောတယ်။ I love you berry, berry much!”
“ဟုတ်လားကိုကို။ သူတို့က တော်တော်ချစ်တာပဲနော်။”

“ကွတ်ကီးလေး စိုစိုလေးဖြစ်နေတယ်။ သူငိုနေတာထင်တယ်။ ဘာလို့ ငိုနေတာလဲဟင်။”
“သူအမေက ဝေဖာဖြစ်နေတာ ကြာပြီမိုလို့ပေါ့။”

“အီကြာကွေးလေးကို ဖြောင့်အောင် ဘာလုပ်ရမလဲဟင်။”
“ပေတံသုံးပေါ့ညီရ..။ ”

“မီးလုံးသားသားလေးက မီးလုံးမေမေကို စကားပြောတယ်။”
“ဘာပြောသွားတာလဲဟင်?”
“I love you watts and watts.တဲ့”

“မီးလုံးလေးက bright မဖြစ်တော့ဘူး။ ”
“ဒါဆို သူလည်း ကိုကိုလို စာမေးပွဲကျမှာပေါ့နော်။”
................................................

:P ကိုင်း .. ဘာပြောချင်သေးလဲ..။

ချစ်စရာကောင်းတယ်နော်။ သူတို့အတွေးနဲ့သူတို့ ..လေ။

ချစ်သူငယ်ချင်းလေးများအားလုံးကိုလည်း “I love you watts and watts. *(^^)*

ချစ်စရာကောင်းခဲ့တဲ့ ကလေးဘ၀ရဲ့ အတွေးလေးကို တနေ့တလေပြန်တွေးရင် အဲဒီတနေ့တာစိတ်ချမ်းသာတာပေါ့။ ဒီတော့ ဒီနေ့ အားလုံး စိတ်ချမ်းသာပါစေ..။

စိတ်ရှုပ်နေသောသူငယ်ချင်းလေးများ စိတ်ရှုပ်တာအားလုံးကို ခဏမေ့ပြီး ဒီနေ့ ပျော်ရွင်ပါစေ။ ပျော်နေသော သူငယ်ချင်းများလည်း ပိုပျော်နိုင်ပါစေ...။
လသာည..ပါ

4 comments:

Lucifer said...

I love you watts and watts.....

လသာည said...

I love you watts and watts, too. *(^^)*

Unknown said...

သူတို့တွေကတော့ ၀က်စ်ကို ချစ်ကုန်ကြပြီ။ ဒို့ကတော့ လေးလေးဝါး ရဲ့  ကလေးအတွေး ကိုပဲ နားထောင်တော့မယ်။ ထမင်းဆီဆမ်းတွေ ပေးပါနော် ရွှေလင်ပန်းကြီးနဲ့ကွယ်''ဖိုးလမင်းထံ လိုချင်တာကို တောင်းခဲ့ဘူးတာမျိုးနော်''အချစ်တို့ကို ပေးနော် ပေးနော် ကိုကို ပေးလိုက်တော့ကွယ်'' ဟိဟိ ပေါကြည့်တာ ရှက်စရာကြီး ။ပြေးတော့မှ။တာ့တာ။လသာညရေ။

ချစ်တဲ့

ထား

လသာည said...

ထား ထား------ ပေါပေါ...
("0")