Thursday, August 13, 2009

ငယ်သူမို့ မသိတတ်ခဲ့ပါ.။

ခေါင်းစဉ်လေးကြည့်ပြီး လသာညတစ်ယောက် ငယ်ငယ်က အချစ်ဦးအကြောင်း အတွေးနယ်ချဲ့နေပြီ လို့ အထင်ကြီးသွားမှာစိုးလို.. မြန်မြန်ဖြေရှင်းချက်ပေးပါရစေ..။ လသာည အကြောင်းမဟုတ်ပါဘူး။ ဗဟုသုတလေးပါလို့..။ ဘာအကြောင်းပဲပါပါ ဗဟုသုတလေး အဖြစ်သာဖတ်ပါရန် ကြိုတင် တင်ပြ အရေးဆိုပါတယ်နော်.။ :D

ဒီလိုပါ..။ ဂျပန်နိုင်ငံ ၀န်ကြီးဌာနက ဒီနှစ်-၂၀၀၉မှာ ထုတ်ပြန်တဲ့ ယခုခေတ်ဆယ်ကျော်သက်ကလေးတွေရဲ့ ပြဿနာပါ.။

ပထမဆုံးပြဿနာက အခုခေတ်ကလေးတွေက ထမင်းကို တနေ့ကို ၃နပ်စားပါဆိုတာ မစားဘူးတဲ့လေ။
တချို့ က ညက အိပ်ရေးပျက်တော့ မနက်ကို နေဖင်ထိုးအောင် အိပ်တယ်။ မနက်ကျတော့ ကျောင်းနောက်ကျမှ စိုးလို့ အချိန်လုပြေးရတော့ မနက်စာ စားချိန်မရတော့ဘူး။ တချို့ကျတော့ ၀ိတ်လျော့တဲ့အနေနဲ့ မနက်စာတနပ် လျှော့တယ်တဲ့.။

တကယ်တော့ မနက်စာဆိုတာ မစားမဖြစ်စားရမယ့် အစာပါ။ မနေ့ကစားခဲ့တာက မနက်စောစောတင် ဟိုအခန်းလေးမှာ သွားစွန့်လိုက်ရင် ကုန်သွားရော၊ ဒီတော့ တနေ့လုံး အလုပ်လုပ်ဖို့အတွက်က အစာစားရမယ်လေ။ လောင်စာဆီထည့်မှ အင်ဂျင်က လည်မှာဆိုတာ ဒီကလေးတွေက မသိကြဘူး။ အဲတော့ ဘာဖြစ်သလဲဆိုတော့ ကျောင်းမှာ အလကားနေ စိတ်တိုစိတ်ဆတ်ဖြစ်တယ်။ စာထဲမှာ အာရုံစူးစိုက်လို့ မရဘူး။ ကလေးပီပီ လှုပ်ရှားပြေးလွှားကစားတဲ့အခါလည်း အဖိုးကြီးတွေလို မောပန်းနေတတ်တာပေါ့။

ဒုတိယပြဿနာက အားနည်းတဲ့လူကို အုပ်စုလိုက် ဗိုလ်ကျတဲ့ ပြဿနာပါ။ ဒီတော့ ဘာဖြစ်သလဲဆိုတော့ အဲဒီကလေးက စိတ်ဆင်းရဲတာမခံနိုင်လွန်းတော့ ကျောင်းမတက်ပဲ ကျောင်းတက်ရမှာ ကြောက်တဲ့သူ၊ အိမ်ထဲကအိမ်ပြင် မထွက်သူရဲတဲ့သူဖြစ်သွားတယ်။ အဲလိုကလေးတွေဟာ လွန်ခဲ့တဲ့ ၁၀နှစ် အတွင်း ၃ဆတက်လာခဲ့တယ်။ အခုဆိုရင် ကျောင်းသားနှစ်ဆယ်မှာ ၁ယောက်နှုန်းက ကျောင်းမတက်ပဲ အိမ်တွင်းပုန်းတွေဖြစ်နေတယ်တဲ့..။

ဟုတ်တယ်.. လူကြီးတွေ စိတ်ပူလာကြပြီပေါ့။ ဒီပုံစံအတိုင်းဆို တနှစ်ထက်တနှစ် အိမ်တွင်းပုန်း ကျောင်းသားတွေ ပိုများလာမယ့် ပြဿနာက ဂျပန်နိုင်ငံကို ခြိမ်းခြောက်နေလေရဲ့။ အိမ်တွင်းပုန်းတာက တော်ပါသေးတယ်၊ စိတ်ညစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာမျိုး ကလည်း ရှိနေတော့ ဒီအရွယ်ကလေးတွေ အခုလို အချင်းချင်း အနိုင်ကျင့်တဲ့စိတ် ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဂျပန်တွေ ခေါင်းမီးတောက်နေလေရဲ့~။

တတိယပြဿနာကတော့ websiteတွေကနေ အတင်းပြောတဲ့ ပြဿနာပါ။ ဒီမှာ ကွန်ပျူတာကလည်း ပေါမှပေါဆိုတော့ အလယ်တန်းကျောင်းသားတွေကို website လုပ်နည်း သင်ပေးကြတယ်။ အုပ်စုလိုက်၊ အတန်းလိုက်၊ ကျောင်းလိုက် websiteတွေမှာ အဖွဲဝင်ပေးခိုင်းထားတယ်။ ရည်ရွယ်ချက်က ကျောင်းစာနဲ့ ပြင်ပဗဟုသုတတွေ၊ ကျောင်းလုပ်ငန်းစဉ်တွေကို ညွှန်ကြားဖို့နဲ့ တစ်ဦးချင်းစီရဲ့ အကြံဥာဏ်ယူဖို့ပါ။

ရည်ရွယ်ချက်ကောင်းသော်လည်း websiteရဲ့ ကြော်ငြာသင်ပုန်းလိုနေရာမျိုးမှာ တစ်ယောက်ရဲ့ အတွင်းရေးကို တစ်ယောက်က မကောင်းကြောင်းရေးတင်တတ်တဲ့ ကလေးက ရှိပြန်ရော။တစ်ခုခုတင်လိုက်တာနဲ့ အဲဒါဟာ တကျောင်းလုံးက ကျောင်းသားတွေက ဖတ်ပြီးသားဖြစ်သွားတာက ပြဿနာပါ။

ရေးသူနာမည်က မပေါ်ဘူးဆိုတော့ ဘယ်သူရေးမှန်း မသိရဘူး။ ကာယကံရှင်က တကယ် ဘာမှ မလုပ်ပေမဲ့လည်း အမြင်ကပ်ပုဒ်မ နဲ့ ရေးလိုက်တာမျိုးလည်း ခံရတတ်တယ်။ ကာယကံရှင်က ဖြေရှင်းချိန်မရခင် နောက်ထပ် websiteတွေ၊ နောက်ထပ် ဘလော့တွေ ကနေပြီး နေရာတော်တော်များများကို ပျံနှံသွားပြီ ဖြစ်ပါတယ်။

အဲဒီ အင်တာနက်ကတဆင့် အတင်းပြောခြင်းကို ခံယူရတဲ့ ကလေးဟာ စိတ်ဓါတ်မခိုင်မာရင် စိတ်ဆင်းရဲမှုဒဏ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားတော့တာပေါ့။ ဒါမှမဟုတ် ကျောင်းကိုမသွားပဲ အိမ်တွင်းပုန်းဖြစ်သွားပြီပေါ့..။ သနားစရာ အရမ်းကောင်းပါတယ်။

နောက်ထပ်ပြဿနာက sex ပြဿနာ..။ (ဗဟုသုတလေးအဖြစ်ဖတ်ဖို့ပါ :) ဘာလဲဆိုတော့ ကျောင်းသူလေးတွေ ဗိုက်ကြီးတဲ့ပြဿနာပါ။ အရေအတွက်က တနှစ်ထက်တနှစ်များလာပါတယ်။ ဒီမှာက sex educationဆိုတာ ရှိတယ်။ အထက်တန်း ကျောင်းသား/ကျောင်းသူတွေကို သင်ပေးတာပါ။ အဲဒီစာသင်ချိန်မှာ ယောက်ျားလေး၊ မိန်းခလေး သီးသန့် ခွဲပြီး အဲဒါကို ပညာပေးသတဲ့။ ခန္တာဗေဒ အကြောင်းကစပြီး အဲဒီအချိန် ကွန်ဒုံးကို ဘယ်လိုသုံးရတယ်။ ဘာဆေးတွေကို ဘယ်နှုန်းထားနဲ့ ဘယ်အချိန်မှာ စားရတယ်။ နောက်....။ အများကြီး တော်တော်ကြီး စုံတယ်တဲ့..

အဲဒီမှာ ဘာပြဿနာပေါ်လာလဲဆိုတော့ ဗိုက်ကြီးသူတွေထဲမှာ အလယ်တန်းကျောင်းသူတွေ များလာခဲ့တယ်။ လူကြီးတွေ မျက်လုံးပြူးသွားတာပေါ့။ အကြောင်းရင်းကို စစ်လိုက်တော့ sex educationကို အထက်တန်းကျောင်းသား/ကျောင်းသူပဲ သင်ပေးပြီး အလယ်တန်းကျောင်းသား/ကျောင်းသူကို သင်မပေးပဲထားတာမို့ သူတို့က အလယ်တန်းကျောင်းသားဘ၀ဆိုရင် ဗိုက်မကြီးဘူးလို့ ထင်လိုပါတဲ့ .. :D) သြော်.ဖြစ်ရပုံ..။ ငယ်သူဆိုတော့လည်း ဘယ်သိမလဲလေ။ သင်ပေး. အဲ ပြောပြမှ သိမှာပေါ့.. ။

အခု sex education ကို ဘယ်အတန်းက စတင်သင့်သလဲဆိုတာကို ဂျပန်တွေ ခေါင်းခဲနေလေရဲ့..။ sexအကြောင်း သူတို့ဘာသာ ဘာမှမသိပဲနေတာကို သင်လိုက်ခါမှ လက်တွေ့စမ်းချင်စိတ်ပေါက်သွားရင် ပိုမဆိုးပေဘူးလား..လို့လည်း တွေးတော စိတ်ညစ်နေကြပါသတဲ့။ (သူငယ်ချင်း မင်းကော ဘယ်လိုထင်လဲ?)

နောက်ထပ်လည်း ပြသနာတွေ အများကြီးရှိသေးတယ်..။ (မှတ်ချက်.. ဂျပန်လိုရေးထားတဲ့ ဘူးသီးငပေါင်းကြော်ကို ဖတ်ရတာ နည်းနည်း မျက်စိညောင်းသွားပြီမိုလို့ ဒီပြဿနာလေးလောက်ကိုပဲ တင်လိုက်ပါတယ်။ ဂျပန်လို ကျွမ်းကျင်သူများ အနေနဲ့ ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာန (monbukagakushoရဲ့ ၂၀၀၉ ခုနစ် ထုတ်ပြန်ချက်တွေမှာ 青年期の問題ー2009နဲ့ ရှာရင် အများကြီးရှိပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်လိုက်နော်.။))

အင်း... တိုးတက်တဲ့နိုင်ငံမှာလည်း တိုးတက်မှုအလျှောက် တဖက်က ထိန်းချုပ်မရတဲ့ ပြသနာတွေက ရှိနေတာပါပဲ..။ ထားလိုက်ပါလေ.. ပြီးပြည့်စုံတယ်ဆိုတာ ဘယ်နေရမှာမှ မရှိနိုင်တာကြီးကိုး နော..။

သြော်... လသာည၏ ချစ်သူငယ်ချင်းဆယ်ကျော်သက်လေးများ (ဟုတ်တယ်လေ ၁၀နှစ်ကျော်သူအားလုံး) သို့ မှာကြားချင်တာလေးရှိပါတယ်။ .

၁) မနက်စာထမင်းကို ၀ အောင်စားကြပါ။ ပြီးမှ ကျန်တာဆက်လုပ်ကြပါ။

၂) သူများ၏ အုပ်စုလိုက် အနိုင်ကျင့်ခံရတယ်လို့ ထင်ရင်လည်း အိမ်တွင်းပုန်းကြောက်မနေပါနဲ့၊ ကိုယ့်ကိုယ်ကိုလည်း သေကြောင်းမကြံကျပါနဲ့။ :P ။ သတ္တိရှိရှိ ရင်ဆိုင်ကြပါ။ တစ်ယောက်တည်း ဖြစ်နေရင်လည်း မကြောက်ပါနဲ့။ လသာညကို လာပြောပါ။ (ဦးအောင် ထွက်ပြေးမလို့ ဟားဟား)

၃) အင်တာနက်ကနေ အတင်းတုတ်ခံရရင်လည်း အတင်းတုတ်တဲ့ websiteရဲ့ ကြော်ငြာသင်ပုန်းကို မကြည့်ဖြစ်အောင် နေကြပါ။ မမြင်ရရင် မသိတော့ စိတ်ချမ်းသာတယ်မဟုတ်လား။

၎) အဲ.. နောက်ဆုံးတစ်ခုကိုလည်း... သေသေချာချာလေ့လာကြပါ။ ကိုယ်ဘာသာ သေချာမှသာ.. ဟိုဒင်းကြပါ..လို့..

မတောက်တခေါက် ဖတ်မိတဲ့ ဗဟုသုတလေးနဲ့ ... ဆရာလုပ်လိုက်ရပါတယ် ..။

ပြီးစ်...။

လသာည ပါ။

11 comments:

rose of sharon said...

သူငယ်ချင်းလေးရေ... မနက်စာကိုအမြဲစားပါတယ်... သူများအနိုင်ကျင့်မှာလဲမကြောက်ပါဘူး... အင်တာနက်မှာကိုယ့်ကိုအတင်းပြောတဲ့သူမရှိဘူး.. နောက်ဆုံးတခုကတော့အေးဆေး.... ဟားဟား

မျက်နှာပြောင်. :P said...

အိပ်တာက အစောဆုံးကမနက် ၂ နာရီဆိုရင်... အယ်..မနက်စာနဲ့ နေ့လည်စာ မပေါင်းလို့ရဘူးလေ... အင်း..ကြံတော့ပါဘူး။ အားပေးမဲ့သူပဲ အွန်လိုင်း အော့ဖ်လိုင်း လိုက်ရှာ အားပေးခံတော့မယ်လေ... :Pဟိုဟာက အိမ်ဦးသခင် (ရခဲ့ရင်...) ဘို့ အောင်မြင်စွာ စောင့်ရှောက်ထားနိုင်ဆဲ.. အပျိုကြီးဖြစ်တော့လဲ ပီပီပြင်ပြင်လေး ဖြစ်ရအောင်လေ။.. :D :D :D... လသာညဆီက ပဲ.ဂငယ်ကျောင်းသားတွေအကြောင်း စောင့်ဖတ်တော့မယ်။... :D :D

မိုးစံ said...

ဟာ... ဒုက္ခပါဘဲ...။
ဒီမှာ မိုးကုတ်သူဌေးလေးက သူ့နာမည် အရင်းကို ထည့်ရေးလို့ ဆိုပြီး ပြဿနာ ရှာနေပါတယ် လသာည ရယ်...။
ကျနော်လည်း သူ့ကို Bullying များ လုပ်မိနေသလား...။ ရည်ရွယ်ချက်မရှိတာတော့ အမှန်ပါ...။ ကလေးတွေမှ မဟုတ်ဘဲ...။ ကူညီ ဖြေရှင်း ပေးပါအုံးနော်...။းD
ဒါနဲ့.. လသာည ပြောသလို ဂျပန်က အခြေခံပညာကျောင်းတွေမှာ Bullying case တွေ များတာကြောင့် ကျောင်းတိုင်းမှာ Counselling Psychologist တွေ ထားပေးတယ်လေ...။ လသာည ရဲ့ ဂျပန်စာနဲ့ဆိုရင် ဝင်လုပ်လို့ ရနိုင်တာပေါ့။ ဌာနေ ပြန်ရောက်တဲ့အခါကျရင်လည်း အသုံးတည့်နိုင်တယ်နော်...။

လသာည said...

ချစ်သောရို့စ်က.. မှာရင် မှာတဲ့အတိုင်း နားထောင်တယ်။ တော်တယ် နှစ်မှတ်..။:D

မျက်နှာပြောင်ဆိုတဲ့သူငယ်ချင်းရေ..
နာမည်နဲ့လိုက်အောင် မျက်နှာကတော့ပြောင်ပါ့ဗျာ။ အပျိုကြီးတော့ မလုပ်ပါနဲ့။ မဂီလာဆောင် လက်ဖွဲ့ပေးချင်လို့ပါ :P

အစ်ကိုမိုးစံရေ
မိုးကုတ်သဌေးက ဘယ်သူပါ့လိမ့်၊ ညီမသိတဲ့ မိုးကုတ်သူဌေးသာဆိုရင် သူက သဘောကောင်းတဲ့သူဆိုaတာ့ အစ်ကို့ကို နောက်တာဖြစ်လိမ့်မယ်။ တကယ်ဆို.သူကောင်းကြောင်း၊ တော်ြေ့ကြာင်းကို အင်တာနက်မှာ ကြော်ငြာပေးခ ထပ်တောင်းလိုက်ဦး။ သူဌေးက ဆုတောင်ချဦးမှာပါ.။

Todaiတုန်းက school counsellor အကူ ၀င်လုပ်ဖူးတယ်။ အထက်တန်းကျောင်း နှစ်ကျောင်းမှာတော့ လေ့လာရုံပဲ။ todaiရဲ့ တွဲဖက်ကျောင်းမှာတော့ အကူအနေနဲ့ school councellor ၂လ (၈-ပတ်)လုပ်ဖူးတယ်။ ပျော်စရာရော စိတ်ညစ်စရာရော အတွေ့အကြုံတော်တော်လေး ရလိုက်သေးတယ်။ :P

လသာည said...

တစ်ခုတော့ရှိတယ် အစ်ကိုမိုးစံ။ ကိုယ့်ပို့စ်မှာ သူငယ်ချင်းတွေရဲ့ နာမည်ရင်းတွေ ထည့်မရေးတာကောင်းမယ်ထင်တယ်။ နာမည်ပြောင်ပဲ ကောင်းတယ်။ မိုးကုတ်သူဌေးကို မိုးကုတ်သူဌေးလို့ပဲ ရေးပေးလိုက်ပါ။ အတွေ့အကြုံအရ ကိုယ်အချင်းချင်း ပြေလည်ပေမဲ့ အခြားတစ်ယောက်က နာမည်ကနေ နောက်ကြောင်းလိုက် ပြဿနာရှာတတ်ပါတယ်။ ဒါကတော့ မိုးကုတ်သူဌေးလေးဘက်က မျက်နှာလိုက်တာမဟုတ်ပါဘူး။ အတွေ့အကြုံမျှဝေတာပါ။ :P

မင်းအိမ်ဖြူ Minn Eain Phyu said...

အင်း ဗဟုသုတ ရတယ်........

ဟိုဒင်းကတော့ လုပ်စရာ မရှိသေးတာ ကံဆိုးတယ်ထင်တာ အခု အစ်မ လသာည စာအရ ကံတစ်မျိုးကောင်းနေတယ် P:

နောက်တာနော် အခု စင်ကာပူမှာလည်း စနေပြီ Secondary ကစပြီး Sex Education ဆိုတဲ့ ဘာသာရပ်ကို ဒီနှစ်ဆန်းပိုင်းက စတယ် ထင်တယ်....

ပျော်ရွှင်ပါစေ

မိဆိုးလေး said...

အင်း......
မြန်မာမိန်းကလေး အများစုကတော့ နောက်ဆုံးတစ်ခုကို ကိုယ်တိုင်တန်ဖိုးထား စောင့်ရှောက်ကြတာပါ။မိဘ(အထူးသဖြင့်မိခင)်တွေရဲ့သွန်သင်ဆုံးမမှု၊မိမိကိုတိုင်တန်ဖိုးထားတတ်အောင်သွန်သင်ပြသမှု တွေက တစ်ခြားနိုင်ငံတွေမှာ သိပ်မရှိတော့တဲ့(ထင်တာပါ)ချစ်စရာဓလေ့တစ်ခုပါ။အခုနောက်ပိုင်းတော့ တဖြေးဖြေးနဲ့  ကလေးတွေရဲ့ အတွေးတွေကလည်း ပြောင်းလဲ ကုန်ကြပြီလား..

လသာည said...

ထားထားရဲ့ ကွန်မန့်လေးပါ။
မနုရေ
ငယ်သူမို့ မသိပါ စာလေးဖတ်ရတာ တော်တော်လေး ပညာရပါတယ် ။

ထားမှာက သားသားနဲ့ မီးမီးလေး ရှိနေလေတော့ ဒါလေးတွေ သိထားသင့်တယ်နော်။ မဖြစ်သင့်တာ မဖြစ်အောင် ဆုံးမ သွန်သင် ပြုပြင် ထိန်ူသိမ်းလို့ ရတာပေါ့ ။

မနုရေ ဒီလို ဗဟုသုတ ရမဲ့ စာလေးတွေ ရေးပြီး တင်ပေးပါဦးနော် ။ကျေးဇူး အနန္တပါနော် ။ ကွန်မန့်ပေးတာ မရတော့ပြန်ဘူး ။ အဲဒါကြောင့် မေးလ် ဆန့်လိုက်တာနော်။

မနုရဲ့ ချစ်သူငယ်ချင်း

ထား

လသာည said...

မင်းအိမ်ဖြူရေ..“အခု အစ်မ လသာည စာအရ ကံတစ်မျိုးကောင်းနေတယ် P:”
ဟုတ်လား။ ဒါဆို ကံအမြဲကောင်းပါစေလို့ ဆုတောင်းပေးရမှာလား။ ကံမကောင်းပါစေနဲ့ ဆုတောင်းပေးရမလား။ ဘာဆုတောင်းပေးရမလဲ :D။ တကယ်နောက်တာပဲ..။

မိဆိုးလေးရေ..
ဟုတ်တယ်။ မိဆိုးလေးပြောသလိုပဲ မြန်မာရဲ့ချစ်စရာစရိုက်လေးပါ။ ခေတ်ရေစီးကြောင်းအရ အနည်းအကျဉ်းတော့ ပြောင်းနေပြီလို့ ထင်တာပဲ။ ဒါပေမဲ့ ဂျပန်ထက်စာရင်တော့ အများကြီးတော်သေးတယ် ပြောရမယ်ထင်တယ်။ ミャンマーに生まれてよかった。*(^^)*

ပညာရေးက ပညာရှင်တစ်ချို့ ကတော့ sex educationကို သင့်ပေးသင့်ကြောင်း ဆွေးနွေးနေကြောင်း ကြားမိတယ်။ အတိုင်းအတာတစ်ခုအထိ ပေးသင့်တဲ့ ပညာရပ်တဲ့။ ကိုမင်းအိမ်ပြောသလို စင်ကာပူကစလို့ နိုင်ငံတော်တော်များများမှာ အခုဆိုရင် သင်ပေးနေတယ်တဲ့..။ :D

ထားရေ

ကျေးဇူးတင်ပါတယ် ထားရယ်။ ထားလို တန်ဖိုးထားဖတ်သူ သူငယ်ချင်းလေးတွေ ရှိလို့လည်း လသာည စာတွေရေးဖြစ်နေတာ။ လာဖတ်တဲ့သူ မရှိရင် ငိုချပစ်မလို့..။ :D

မန်းလေရူး said...

ဟုတ်ကဲ့
မနက်စာက တော့ ပထမနှစ်ပိုလီတုန်းက အသေလွတ် ...
နောက်တော့ အစာအိမ်က မကောင်းတော့ရော .. အခုတော့ ပြန်ကောင်းသွားပါပြီ ... ဒါပေမယ့် တပတ်လုံး မနက်စာနပ်မှန်အောင် ကြိုးစားစဲပါ .......
ကျန်တာ ကတော့ အဆင်ပြေပါတယ် ။ ဒါပေမယ့်နိုင်ငံခြားဆိုတော့လည်း bully မဟုတ်ရင်တောင် ကိုယ့်အုပ်စုသူ့အုပ်စုပဲ သပ်သပ်ဖယ်ဖယ်ပေါင်းကြပါတယ် ။ သိပ်ပြီး ဖက်လှဲတကင်းဘယ်သူမှမရှိကြပါဘူး ။
နောက်တစ်ခုက တော့ လိမ္မာပြီးသားး)

လည်လည်လာသူ said...

မနက်စာကို ကျွန်မတော့ ကော်ဖီတစ်ခွက်နဲ့ ပြီးသွားတာပဲ။ ဟိုဒင်းကတော့ ဟိုဒင်းမှပဲ ဟိုဒင်းတော့မယ် =)