Monday, August 24, 2009

ကျွန်မ နိုင်သောသူ

လွန်ခဲ့တဲ သုံးလကျော်ကျော် လောက်တုန်းက ဖြစ်ခဲ့တာပါ။ အလုပ်တွေက စုပုံနေလို့ ခေါင်းမဖော်နိုင်အောင် ရှိနေဆဲမှာ ဖုန်းမြည်လာခဲ့တယ်။
မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ ဖုန်းဖြစ်နေတော့ ကျွန်မလည်း ၀မ်းသာအားရ.ပြန်နှုတ်ဆက်ဖြစ်တယ်။
(အင်း ... ဘယ်စာ၊ ဘယ်ဘာသာရပ်ကကော လွယ်တာရှိလို့လဲ.. ။ ဘာသာရပ်တိုင်း ခက်တယ်ဆိုတာ ပြန်ပြောရင် ကောင်းမလား.... နေပါစေလေ.. သူလည်း သူ့အကြောင်း အဓိက ရင်ဖွင့်ချင်တာ ထင်ပါရဲ့..။)
သူပင်ပန်းကြောင်း၊ သူတော်ကြောင်းကို ငါ့အချိန် ၂နာရီကျော် ပေးပြီး နားထောင်နေရပါလား... အော် သုခ သုခ..
ကျေးဇူးတင်လိုက်တာ သူ့ပရော်ဖက်ဆာကို...။ အခုမှပဲ စိတ်အေးလက်အေး စာလုပ်ရတော့မယ်။ ဒါနဲ့ စာအုပ်ကို စကောက်ကိုင်လိုက်တယ်။

ဒါပေမဲ့ ဖုန်းက ထပ်မြည်လာခဲ့တယ်... အော် ခက်ပြီ.. လာပြန်ပြီ။ ဒီတခါတော့ ပြောကို ပြောပစ်လိုက်မယ်..
အားရပါးရ ပြောချင်တာအားလုံး ပြောချလိုက်ရလို့ “ဟင်း.. မှတ်ထား...” လို့ ကျေနပ်သွားပေမယ့်...
လသာည ဖြစ်ပါတယ်။ ပုံထဲက စာမမြင်ရရင် ပုံပေါ်ကို ကလစ်လိုက်ရင် အကြီးကြီး မြင်ရလိမ့်မယ်။
အခုတလော figure test တစ်ခု လုပ်နေလို့ အရှိန်ပါပြီး ကာတွန်းပုံဆွဲကြည့်တဲ့ သဘောပါ။း) ရယ်ရယ်မောမောပေါ့ ...

15 comments:

Anonymous said...

အင်း
တခါတလေ..စိတ်သိပ်ရှုပ်လာရင် ကိုယ်နိုင်လို့ရတဲ့သူကို
ဟောက်ပစ်လိုက်ချင်တယ်..

လသာညကလဲ ကိုယ်ရည်ကိုယ်သွေးပြောနေတာကိုနားထောင်နေရသေးတယ်..
ကိုယ်က လုံးဝပဲ ။ တအားကိုအမြင်ကပ်တာ. အဲလိုလူတွေ..

မိုးမင်းကြီး

Anonymous said...

:P... နီဟွန်းမှာတော့ အဲဒီလိုလူတွေကိုရှောင်လို့ မရတော့ဘူးဆိုတာ ၄ လအကြာမှာ သဘောပေါက်သွားပြီ.. မဟုတ်ရင် မြန်မာလူမျိုး မိတ်ဆွေ ရှိတော့မှာ မဟုတ်တော့ဘူးလေ....း))

မယ့်ကိုး said...

ချစ်မလေး ကာတွန်းဆွဲတော်လိုက်တာ =)
ချစ်စရာကောင်းလိုက်တာ။
ချစ်မလေး နိုင်လို့ရမယ့်သူအထဲ မယ့်ကိုပါ ထည့်လို့ရတယ်နော် :)

kiki said...

ကောင်းလိုက်တဲ့ Idea လေးပါလား။
မင်းသိပ်တော်တယ် လသာညရေ...
မင်းတော်ကြောင်း ပြောဖို့ ငါ့မှာလေ
အချိန် ၃ စက္ကန့့်ကြီးများတောင် ပေးလိုက်ရတယ် သိလားးး ဟိဟိ...

( တကယ်ပြောတာ အဟုတ်ပြောတာ ..အတည်ပြောတာ ..ဂွတ်အိုင်ဒီယာ ပဲ .. အတွေးကောင်း အဆွဲကောင်း အဖေါ်ကောင်း ... အဲ့ .. တလွဲ မထင်နဲ့  ဖေါ်ပြထားတာ ကောင်းတယ် လို့ ပြောတာ . အဟက် .. ဒီတခါ
လူမမှားတော့ပါဘူး .. မုန့် ဟင်း ခါးကျွေးအုံးလေ ..း)))

မိုးသီတာ said...

အဟီး။ အဲလိုမပြောမိဘူးတဲ့။ တော်ပါသေးရဲ့။ :D :D ကာတွန်းတော်၏။ နောက်ဆုံးက --အဟင်းဟင်း ဟုတ်ပါဘူး-- က အတော်သိဂါင်္ရ ရသမြောက်တာပဲနော်။ :D :D (သီးခံလော့--- ဒကာမလေး--- သီးခံလော့)

Unknown said...

အိုးးးးးး တယ်တော်တဲ့ ကာတွန်းဆရာမ လသာညပါ့လားဝှေးးးးးးး

Anonymous said...

ဒါ မဟုတ်မှလွဲ ပြောရရင် အနော့ကို ကျောတာလားဟင် :))
လသာညက စာရေးတင်မကဘူး။ ကာတွန်းဆရာမတောင် ဖြစ်နေပြီကိုး... အချိန်တွေအားလို့နေမှာပေါ့ ဌဲဌဲဌဲ..

နောက်တာပါဂျာ.. အဲဒါ ဘယ်လိုဆွဲရတာလဲဆိုတာ အချိန်ရရင် ပိုစ်တင်ပါဦး..

ကျော်နှင်းဆီလွင် said...

မရေ မိုက်တယ်
သိပ်မိုက်တယ်
:D

သိင်္ဂါကျော် said...

ကာတွန်းဆွဲတာလည်း ကောင်းသားပဲကိုး.. တော်လိုက်တာ..
တစ်ချို့က ဒီလိုပဲလေ..

Anonymous said...

နီဟွန်းမှာတော့ အဲဒီလိုလူတွေကိုရှောင်လို့ မရတော့ဘူးဆိုတာ ၄ လအကြာမှာ သဘောပေါက်သွားပြီ.. မဟုတ်ရင် မြန်မာလူမျိုး မိတ်ဆွေ ရှိတော့မှာ မဟုတ်တော့ဘူးလေ....း))

That's why I have no Myanmar friends in Japan.

:P

But I don't care, I have other friends.


Momiji

နေ့အိပ်မက် said...

အယ်.. ကာတွန်းဆွဲတာက ဂျပန်ကာတွန်းနဲ့ချွတ်စွပ်ပဲနော်.. မြန်မာကာတွန်းနဲ့တူဘူး.. :)

shwezinu said...

လသာညမှာ ကာတွန်းလေးဖတ်သွားပါတယ်

လသာည said...

ကွန်မန့်လေးများအားလုံးကို ကျေးဇူးအထူးပဲတင်ပါတယ်..။

ကာတွန်းဆွဲတယ်လို့သာ ပြောနေတာ တကယ်တော့ ဖြတ်ညှ့ပ်ကပ် လုပ်လိုက်တာသက်သက်ပါ။ ချီးကျူးပေးသွားတဲ့သယ်ရင်းတွေကို အားနာလိုက်တာ :)

မျက်နှာပုံလေးတွေက ဂျပန်က “ကလေးတွေသုံးဖို့ အတွက် ဒေါင်းလော့အလကားပေးတဲ့ websiteကနေ ဒေါင်းလော့လုပ်တာပါ။ (ဒါကြောင့် ပုံတွေက ဂျပန်ကာတွန်းနဲ့တူနေတာ)

လုပ်နည်းကတော့ ပထမ powerpointမှာ ဒေါင်းလော့လုပ်ထားတဲ့ မျက်နှာလေးတွေကို ကူးယူတယ်။ ပြီးတော့ အော်ရဂျင်နယ်ဖြစ်အောင်ဆိုပြီး ခဲတံနဲ့ ကော်ပီလိုက်ဆွဲတယ်။ စကားပြောတွေထည့်တယ်။ နောက်ကျတော့ ကော်ပီလိုက်ဆွဲတုန်းက အစအန ထွက်နေတာကို ပြန်ပြင်ဖို့ဆိုပြီး Painting ကိုသွားပြီး ခဲဖျက်နဲ့ လိုက်ဖျက်လိုက်တာ ပြီးသွားရော..။

ကိုယ့်ဘာသာပုံကို ဆွဲလို့ရတဲ့ softwareတော့ ရှိတယ်တဲ့..။ ဒါပေမဲ့ အဲလောက်ကြီးလည်း အသည်းအသန် လုပ်လိုစိတ်မရှိတာမို့..ပါဝါပွိုင့်နဲ့ပဲ လျှောက်ပေါက်တတ်ကရ လုပ်လိုက်တာပါ။ :P

သုခုမလေဒီ said...

ဒီပိုစ့်လေးဖတ်ရလို့ စိတ်ပြေလက်ပျောက်ဖြစ်သွားတယ်။ ပုံတွေလည်းပါတော့ ပိုပြီးပြုံးမိသွားတယ်။း))
အဆင်ပြေပျော်ရွှင်ပါစေ။

လည်လည်လာသူ said...

ဟ ဟား တော်တော်ကြိုက်တယ် ဒီကာတွန်းကို။ အဲဒါမျိုးတွေ မကြာမကြာတွေ့နေရတယ်။ ကိုယ်မအားကြောင်း ရှောက်ပြောနေတဲ့သူတွေ။ မအားကြောင်းပြောဖို့ အချိန်တွေတော့ ရှိတယ်လေ။